ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 12, 2010

CPE 17 Autorun Killer 1.8.0

CPE 17 Autorun Killer 1.8.0

USB နဲ့ ပတ်သက်ပြီး Security အနေနဲ့ USB Security Tool ကို ဒီမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လဲ USB Security Tool ကို သုံးနေဆဲပါ။ တော်တော်လဲ အဆင်ပြေနေတယ် ဆိုရမယ်။ အဲဒါလေးကြောင့် USB ပေါက်တွေကိုလဲ စိတ်ချလက်ချ ထိုးနေတယ်။ ဟီး။

အခု နေရာတော်တော်များများက သိတဲ့ USB Stick မှာ ဗိုင်းရပ်စ် ကင်းမကင်း စစ်တဲ့ အရာလေး တစ်ခု ဖော်ပြ လိုက်ပါတယ်။ အားလုံး သိပြီးသားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲလို့ ရပါတယ်။ CPE 17 Autorun Killer လေးပါ။ ဒီဆော့ဝဲလ်လေး run ထားပြီး USB ထိုးလိုက်ရင် ဗိုင်းရပ်စ် မရှိရင် Your drives is Clean လို့ ပြမှာပါ။ ဒီမှာသာ Download ပေတော့။

Photo Slide Show

Photo Slide Show

Photo Slide Show နဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ဆီက ဆော့ဝဲလ်ကောင်းလေး တစ်ခု ရခဲ့တယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်သွားပေးထားတယ်။ မိမိလုပ်တာတော့ ဟုတ်ဘူး။ ဟီး။



Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက် သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။

Facebook အကြောင်း တစေ့တစောင်း

Facebook အကြောင်း တစေ့တစောင်း

ဒီရက်ပိုင်းအတွင်း မအားတာကတော့ အမှန်ပဲ။ ဒီကြားထဲ ခရီးက ထွက်ရအုံးမယ်။ အမှန်အတိုင်းပြောရရင် ဝေးဝေး နီးနီး ဘယ်မှ မသွားချင်ဘူး။ မဖြစ်လို့သာ သွားရမှာ။

ဒီကြားထဲက မိမိဖတ်မှတ်မိတဲ့ Facebook အကြောင်းလေး ဝေမျှချင်နေတာ။ အချိန်ရတုန်း ဖော်ပြပေးလိုက်ပါတယ်။

Facebook ဆိုတာ ဘာလဲ ?

ယနေ့ခေတ်မှာ အင်တာနက်ကနေ တစ်ဆင့် လူမှုဆက်သွယ်ရေးများ ပြုလုပ်နိုင်စေရန် ဖန်တီးထားသော လူမှုဆက်သွယ်ရေး Website တစ်ခု ဖြစ်ပါတယ်။ Facebook ကို ယခုအခါမှာ ကမ္ဘာတစ်ဝန်းအနေနဲ့ သုံးစွဲသူပေါင်း ၁၇၅ မီလီယံကျော် ရှိနေပြီး အများစုမှာ စီးပွားရေးနှင့် လုပ်ငန်းအသင်းအဖွဲ့များအတွက် အသုံးပြုနေကြပါတယ်။

မိတ်ဆွေများနှင့် ဆက်သွယ်နိုင်ခြင်း

သင့်မှာ Facebook Account ရှိရင်တော့ Facebook အသုံးပြုတဲ့ မိတ်ဆွေအားလုံးကို Invite လုပ်လိုက်ပေါ့။ မရှိရင်လဲ www.Facebook.com မှာ Account ဖွင့်လိုက်ပေါ့။ သင့်ရဲ့ ဓါတ်ပုံများ၊ Video များ၊ စိတ်ဝင်စားဖွယ် Website Link များ၊ Message များနှင့် သင်လက်ရှိ ဘာလုပ်နေတယ်၊ ဘာစဉ်းစားနေတယ်၊ မည်ကဲ့သို့ ခံစားနေရတယ်၊ အစရှိတာတွေကို ဖော်ပြပေးနိုင်ပြီး မိတ်ဆွေများထံ email ပို့ခြင်းနှင့် စကားပြောခြင်းကို ပြုလုပ်နိုင်ပါတယ်။

လက်ရှိတော့ မိမိကိုယ်တိုင်လဲ သုံးနေတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ မသုံးစွဲရသေးရင် သုံးဖို့ တိုက်တွန်းပါတယ်။ အခက်အခဲ မရှိ သုံးနိုင်လို့ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ အဆိုတော်တွေလဲ နှစ်ချိုက်စွာ သုံးစွဲနေ ကြပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။