ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Wednesday, March 17, 2010

80 Themes For Windows XP

Windows XP အကြောင်းကိုနည်းနည်းလောက်ရှင်းပြပေးပါမယ် သူငယ်ချင်းများအတွက်

Image Hosting by Picoodle.comImage Hosting by Picoodle.com

ဘာ Software နဲ့မှ သုံးနေစရာမလိုပါဘူး။ မိမိသုံးချင်တဲ့ theme ကို double click နဲ့ run ပြီး လိုင်စင်ကို သဘောတူပေးလိုက်ပါ။ ပြီးရင် Desktop ပေါ်မှာ right click လုပ် Properties ကိုနှိပ်ပြီး Appearance ဆိုတဲ့ Tab မှာ အဲဒီ theme ၀င်သွားပြီ ဖြစ်ပါတယ်။ ဒါကတော့ သိပြီးသားဖြစ်မှာပါဗျာ … Software သုံးစရာမလိုပဲ လိုချင်တဲ့ theme ကိုပဲ သက်သက် သုံးရုံပဲ ဖြစ်လို့ အဆင်ပြေပါတယ်။ အောက်မှာ Mirror ၂ ခုက တင်ပေးထားပါတယ်.

Download Mirror 1 : Zshare (XP 80 Themes)

Download Mirror 2 : Medafire (XP 80 Themes)

ကျနော် အကြိုက်ဆုံးကတော့ Xtreme XP နဲ့ ChaNinja ဆိုတာတွေပဲ။ အရမ်းမိုက်တယ်ဗျ ။ စမ်းကြည့်လိုက် ….

Windows 7 install with USB flash drive

Windows 7 install with USB flash drive

စာမရေးနိုင်အောင် မအားမလပ်ဖြစ်နေတာရယ်၊ နက်ကျသွားတာရယ်နဲ့ တော်တော်လေး ကင်းကွာသွားပါတယ်။ ဆိုဒ်ကိုလည်း စိတ်တိုင်းမကျသေးတာပါပါတယ်။ ပြင်ရင်း ပြင်ရင်းနဲ့ နည်းနည်းတော့ ပိုလှလာတယ်လို့ ထင်ပါတယ်။ အရင် ဘလော့ဒီဇိုင်းကို ပိုကြိုက်တယ်လို့ပြောကြတယ်။ အခုဘလော့က အားလုံးအတွက် ဖတ်ရတာ ပိုအဆင်ပြေမှာပါ။ ပိုကောင်းလာအောင် ကျနော် တဖြည်းဖြည်းချင်း ကြိုးစားသွားပါ့မယ်။ အခု လွယ်လွယ်ကူကူနဲ့ windows 7 ကို usb drive ကနေ တင်နိုင်အောင် ပြောပြပေးပါ့မယ်။ ၀င်းဒိုးတင်ဖို့ DVD drive သို့မဟုတ် DVD ခွေ အဆင်သင့်မဖြစ်သူတွေ နဲ့ Optical drive မပါတဲ့ netbook တွေအတွက် ဒီနည်းက မသိမဖြစ် လိုအပ်ပါတယ်။ ၀င်းဒိုး တင်ချင်တိုင်း ခွေလိုက်ရှာနေရတဲ့ ဒုက္ခ၊ ခွေမကောင်းလို့ စိတ်ညစ်ရတဲ့ ဒုက္ခက ကင်းဝေးသွားတာပေါ့ …

Windows 7 install with USB flash drive


Windows 7 USB/DVD Download Tool ဆိုတာလေး လိုအပ်ပါတယ်။ ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ freeware ဖြစ်ပြီး Download.cnet.com က sever ခံပေးထားပါတယ်။ ဒေါင်းလိုက်ပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ပြီးပြီဆိုရင် Desktop ပေါ်မှာ ပေါ်လာတဲ့ shortcut ကပဲ ဖြစ်ဖြစ်၊ all programs ထဲက ပဲဖြစ်ဖြစ် Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း box လေးပေါ်လာပါလိမ့်မယ်။

Image Hosting by imagefra.me

အဲဒီမှာ ပြထားတဲ့အတိုင်း browse နဲ့ မိမိ သိမ်းထားတဲ့ windows 7 iso ဖိုင်တစ်ခုကို ရွေးပေးလိုက်ပါ။ (windows7 အတွက် ဆော့ဝဲဖြစ်လို့ 7 ရဲ့ iso ဖိုင် တစ်ခုထဲကိုပဲ support လုပ်ပါတယ်။ ကျနော် windows 7 အတွက် ဒေါင်းလုပ်ချဖို့ ရှယ်ယာပေးခဲ့ပါတယ်။ အားလုံးလည်း iso ဖိုင်အနေနဲ့ ရမှာဖြစ်ပါတယ်။ တကယ်လို့ ကျနော်ပေးခဲ့တာတွေ သုံးလို့ ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် free downloads ဆိုပြီး တွဲပေးထားတဲ့ sidebar မှာရှိတဲ့ site များထဲက အဆင်ပြေရာတစ်ခုမှာ ရှာဖွေ ဒေါင်းယူနိုင်ပါတယ်)

Image Hosting by imagefra.me

iso ဖိုင် ရွေးပေးပြီးလို့ Next ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်မှာ burn မှာလဲဆိုတာကို ရွေးခိုင်းပါတယ်။ usb flash drive နဲ့ တင်ချင်တာမို့ USB device ကို ရွေးပေးလိုက်ပါတယ်။

Image Hosting by imagefra.me

USB drive တစ်ခု ထိုးထားခဲ့ရင် မိမိမှာနေရာလွတ်ရှိတဲ့ ပမာဏနဲ့ ၀င်းဒိုးရဲ့ လိုအပ်တဲ့ ပမာဏကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ 4GB လိုအပ်တဲ့ windows တစ်ခုအတွက် 4GB ထက် ကျော်တဲ့ flash drive တစ်ခုကို ရွေးချယ်ရမှာပါ။ တကယ်တမ်း ကွန်ပျူတာက 4GB usb drive တစ်ခုကို 3.7 GB အဖြစ်ပဲ သိမှာမို့ပါ။ ဘာလို့ နည်းသွားရလဲဆိုတာကို ကျနော့်ရဲ့ “PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း” ပို့စ်နဲ့ “CPU,RAM,VGA,HDD တွေ ကြည့်ရအောင်” ဆိုတဲ့ ပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ။ Knowledge ဆိုတဲ့ categories ရဲ့ ရှေးအကျဆုံး စာမျက်နှာများမှာလည်း ကွန်ပျူတာရဲ့ သိုလှောင် ပစ္စည်းများအကြောင်း သေချာစွာ တင်ပြထားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ထို့အတွက် 4GB လိုအပ်တဲ့ ၀င်းဒိုးတင်မယ်ဆိုရင် 4GB ထက် ပိုတဲ့ drive ကို သုံးရပါမယ်။ ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီး my computer ကို ဖွင့်၍ ထို drive ကို format လုပ်ပေးပါ။ ပြီးလျှင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း refresh ခလုပ်ကို နှိပ်ပေးလိုက်ပါက လိုအပ်တဲ့ ပမာဏနဲ့ ရှိတဲ့ပမာဏ နှိုင်းယှဉ် ပြပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် Begin copying ကို နှိပ်လိုက်ပါ။

ရာခိုင်နှုန်းနဲ့ ပြပြီး သူ့ဘာသာ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင် back up complete လို့ ပြောပါတယ်။ ဒါဆိုရင် ကွန်ပျူတာကို restart ချပြီး boot menu ကို ခေါ်ပါ။ motherboard အမျိုးအစားအလိုက် ကွာပါတယ်။ Esc နှိပ်ရတာ ရှိသလို F2, F8, F12 ဆိုပြီး လေးမျိုးတွေ့ရပါတယ်။ အချို့ HP notebook များမှာတော့ F9 ကို သုံးထားပါတယ်။ မိမိကွန်ပျူတာက ဘာကီးနှိပ်ရင် boot menu ပေါ်နိုင်သလဲ ရှာနှိပ်ကြည့်ပါ။ ပေါ်လာရင် windows burn ထားတဲ့ usb device က တပ်ထားပြီးဖြစ်လို့ ထို device ရဲ့ နာမည်ပေါ်နေပါတယ်။ အဲဒီ drive ကို arrows ကီးနဲ့ ရွေးချယ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် USB device မှာ burn ထားတဲ့ windows စတင် set up လုပ်ပြီ ဖြစ်ပါတယ်။ ၀င်းဒိုးတင်နည်း အသေးစိတ်တော့ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ လိုအပ်တယ်ဆိုတဲ့ သူများရှိခဲ့ရင် ပြောပေးပါ။ ဒီပို့စ်က usb device မှာ windows burn ပြီး တင်တတ်အောင် ရေးရုံသာဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတယ်။ အဆင်ပြေကြပါစေ …

blog တစ်ခု hack မခံရအောင် (သို့) All blog posts Import In 1 Min.

December 7, 2008 Categorized under Hacking, all posts, blogger - 5 Comments

ကျနော် ဒီပို့စ်ကို နာမည်ဘယ်လိုပေးရမှန်းမသိ ဖြစ်နေတာ။ ခေါင်းစဉ်တွေများနေလို့ လေ ။ ဒီလိုဗျာ .. အစ်ကိုတစ်ယောက်ရဲ့ ဘလော့ Hack ခံလိုက်ရတယ်ဗျာ။ password ချိန်းခံလိုက်ရတယ်။ အရင်ကလည်း ကြားဖူးကြမှာပေါ့။ ဘာလို့ အဲလိုလုပ်တာလဲ၊ ဘယ်ကောင်လဲ၊ ယုတ်မာလိုက်တာ ဆိုပြီး ထိုင်ငြီးနေမယ့်အစား ကို့ကို အဲလို လုပ်ရင်ကော ဘယ်လိုလုပ်မလဲလို့ တွေးလိုက်ပါတယ်။ blog တွေ hack ခံရတော့ အဓိက အချိန်ဗျ။ တစ်ခြို့က post တွေ အားလုံးကို microsoft word နဲ့ သိမ်းထားကြတယ်။ အဲ ပြန်တင်ဖို့ save ထားတယ်ပဲ ထားပါတော့ ပို့ ရာကျော်ကို ထိုင်တင်မှာလား။ ပျင်းစရာကြီးဗျာ။ နည်းမယ့်အချိန်မဟုတ်ဘူး။ တော်ရုံလူဆိုရင် ဘလော့ ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စကားများသွားပြီ ကြိုတင် ကာကွယ်ထားလို့ ရအောင် ပြောတော့မယ်နော်။ ဘလော့ကို hack ရင် gmail account ရဲ့ password ကို ပြောင်းသွားလိုက်ပါတယ်။ တစ်ခြို့ကျတော့ account တစ်ခုလုံးကို delete ပြစ်လိုက်ပါတယ်။

မိမိ အရင် ဘလော့ရဲ့ Layout – Edit HTML မှာ Download Full Template ကို နှိပ်ပြီး Template ကို Download လုပ်လိုက်ပါ။ Sidebar Widget တွေကိုလည်း ကူးထားလိုက်ပေါ့။ (လူတိုင်းသိပြီးသားပါ)ဒါက Template အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ပို့စ်တွေ အတွက်ပါ။ draft.blogger.com ကို ၀င်လိုက်ပါ။ (လက်ရှိ blogger မှာ ၀င်ပြီးသားဆိုရင် နှိပ်လိုက်တာနဲ့ Sign in ၀င်ပြီးသား ဖြစ်ပါလိမ့်မယ်။ draft.blogger မှာ မိမိ ပို့စ်တွေ ဒေါင်းချင်တဲ့ blog ရဲ့ Settings ကို နှိပ်ပါ။ အခုလို Basic နေရာမှာ Import blog – Export blog – Delete blog လို့တွေ့ပါလိမ့်မယ်။ Export blog ကို နှိပ်လိုက်ပါ။


Image Hosting by Picoodle.com

Download Blog လို့ ပေါ်လာပါလိမ့်မယ်။ ဒေါင်းထားလိုက်ပါ။
Image Hosting by Picoodle.com

( တစ်ခုပြောချင်တာက file size ကို ကြည့်ထားလိုက်ပါ။ connection မငြိမ်ရင် post အားလုံး မပါလာပဲ ဖြစ်တတ်ပါတယ်။ ကျနော်ဆိုရင် ပထမတစ်ခါ ဒေါင်းတော့ ပို့စ် ၁၈၀ မှာ ၁၀၈ ခုပဲ ကျပါတယ်။ ကွန်မန့်တွေလည်း ပါမလာပါဘူး။ )
Image Hosting by Picoodle.com

Download လုပ်ပြီးတာနဲ့ mail account အခြားတစ်ခုနဲ့ blogger မှာ Blog အသစ်တစ်ခု ထပ်လုပ်ပါတယ်။ (သဘောပေါက်မှာပါနော်) Layout – Edit HTML ကနေ အရင်ဆုံးချထားတဲ့ Template ကို upload တင်ပါတယ်။ ပြီးရင် sidebar widget တွေ ထည့်ပါတယ်။ (ဒါလည်း သိပြီးသားနေမှာပါ) ပြီးရင် draft.blogger.com ကို ပြန်ဝင်ပါတယ်။ (အခု အသစ်လုပ်နေတဲ့ ဘလော့ရဲ့ draft Dashboard ကိုသွားရမှာ ဖြစ်ပါတယ်)။ Settings ကို နှိပ်ပြီး Import blog ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com

အောက်ပါအတိုင်း ခုနက ဒေါင်းထားတဲ့ blog xml ဖိုင်ကို upload ပြန်တင်ပါတယ်။
Image Hosting by Picoodle.com

တင်ပြီးပြီ ဆိုရင် အောက်ပါအတိုင်း Edit posts နေရာမှာ အခုလို ပေါ်ပါတယ်။ တကယ်လို့ မိမိရေးထားတဲ့ ပို့စ် အားလုံးပါမလာဘူး၊ ကွန်မန့်တွေလည်း မပါဘူးဆိုရင် blog xml ဒေါင်းက မစုံလိုက်လို့ ဖြစ်ပါတယ်။ နောက်တစ်ခါ ထပ်ဒေါင်းပေးပါ။ (file size ကိုကြည့်ပေါ့။ ကျနော်ဆို ဒုတိယ တစ်ခါဒေါင်းမှ အားလုံးရပါတယ်)
Image Hosting by Picoodle.com

ဒါဆိုရင် မိမိဘလော့ရဲ့ ဒီဇိုင်းအားလုံး၊ widgetအားလုံး၊ posts အားလုံးနဲ့ Comments အားလုံးကို နောက်ထပ် mail account တစ်ခုနဲ့ Blog ထပ်လုပ်ပြီး ဖြစ်လို့ clone blog လေးတစ်ခု ရှိနေပါပြီ။ ဘာမှ မကြာလိုက်တဲ့ အချိန်လေးပါပဲ။ နောက်ပြီးရင် URL ဖြစ်ပါတယ်။ ကျနော်ဆိုရင် co.cc ကနေ Domain ယူထားတာ ဖြစ်တဲ့အတွက် အရင် www.thanlonengal.blogspot.com ကို www.thanlonengal.co.cc လုပ်ထားတာပါ။ blogspot ဆိုတဲ့ မူရင်း thanlonengal ပျက်သွားခဲ့ရင်တောင် co.cc ဒိုမိန်းကို နောက်ထပ် clone လုပ်ထားတဲ့ ဘလော့မှာ ပြောင်းသုံးလိုက်ပါမယ်။ ဒါဆိုရင် နောက်ထပ်လုပ်တဲ့ clone က www.thanlonengal.co.cc လင့်နဲ့ပဲ ဖြစ်တဲ့အတွက် Hack ခံလိုက်ရတယ် ဆိုရင်တောင် ခဏလေးနဲ့ မူရင်း url ကို ပြန်ရပါတယ်။ ဆုံးရှုံးမှု မရှိတဲ့အပြင် ဒိုမိန်းလေး ပြောင်းလိုက်ရုံပဲ ဖြစ်တဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားရတာလည်း မပင်ပန်းလှပါဘူး။ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်သူ hack တာလဲ၊ စိတ်ဓါတ်က ဆိုးလိုက်တာ လို့ ထိုင်ငြီးနေမလား ? ။ ကျနော် ပြောခဲ့တဲ့အတိုင်း ကြိုပြင်ထားမလား ?

ဟိုးအရင်ထဲက ဒီပို့စ်လေးမှာလည်း backup လုပ်နိုင်တဲ့ site တစ်ခုကို ညွှန်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခုနည်းက အရမ်းအဆင်ပြေပါတယ်။ အားလုံး ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ ……. ။ စိတ်ချမ်းမြေ့ခြင်းကို အချိန်တိုင်း ပိုင်ဆိုင် နိုင်ကြပါစေ။