ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, April 2, 2010

ဒေါင်းလုပ်နည်းများ

Orbit Downloader ကို ဘယ်လို အသုံးပြုရလဲ ??

Tuesday, January 19, 2010

ပေးထားတဲ့ DL link တွေကို ဘယ်လို Download လုပ်ယူမလဲ

အရင်က ဒါကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ မေးလ်တွေနဲ့ မေးကြ၊ box မှာ လာမေးကြနဲ့မို့ ကျွန်တော် ပို့စ်တင်ပြီး ဖြေပေးလိုက်ပါတယ် . ကျွန်တော့်ဆိုက်မှာ Download လုပ်ဖို့ ပေးထားတဲ့ link တွေကို tinpyaste ရဲ့ page ထဲမှာ ထည့်ထားပါတယ် . ဘာကြောင့်လဲဆိုရင် ကျွန်တော်တင်ထားတဲ့ ဖိုင်တွေကို Google ကနေ ရှာရင် မတွေ့အောင်လို့ပါ . ပြီးတော့ Download လုပ်ရမယ့်လင့်တွေ များနေရင် Part(1) Part(2) Part(3) ဆိုပြီး အပိုင်းတွေမခွဲတော့ဘဲ အဲ့ဒီ့ tinypaste ထဲမှာပဲ အားလုံး ပေါင်းပြီးတော့ ထည့်ပေးထားပါတယ် . အခု ကျွန်တော် အောက်ကဖိုင်လေးကို Download လုပ်ပြပါ့မယ် .

Download ifile.it

အပေါ်က Download ifile.it ကို နှိပ်လိုက်တာနဲ့ http://tinypaste.com/468ae ဆိုတဲ့ tinypaste ရဲ့ စာမျက်နှာ တစ်ခုကို ရောက်သွားမှာပါ . ကျွန်တော်တို့ တစ်ကယ် Download လုပ်ရမယ့် ifile.it ရဲ့ link ကို အဲ့ဒီ့ ပေါ်လာတဲ့ tinypaste ရဲ့ စာမျက်နှာမှာ သေချာ ပြန်ကြည့်လိုက်ပါ . တွေ့ပါလိမ့်မယ် . အဲ့ဒီ့ ifile.it rapisharemediafireMegauploadmultiupload စတာတွေရဲ့ Download link တွေအားလုံးကို အဲ့ဒီံ tinypaste မှာပဲ ထည့်ထားမှာ ဖြစ်ပါတယ် . ဘယ်လို Download ဆက်လုပ်ရမလဲ ဆိုတာကိုတော့ ဒီမှာ ရေးထားပြီးသားပါ .

Monday, November 2, 2009

Mediafire ကနေ Download လုပ်မလဲ (movie ရှင်းပြချက်)

Mediafire ဆိုက်ကနေ Download လုပ်ပုံလုပ်နည်းကို ရှင်းပြပေးထားတာပါ . အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ် . အဆင်မပြေရင်ပြောပါ . ကျွန်တော် ထပ်ကြိုးစားပြီး ရှင်းပြပေးပါ့မယ် .

mediafire ကနေ ဘယ်လို Download လုပ်မလဲ (movie ရှင်းပြချက်)
Download ifile.itDownload mediafire

rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)

ကျွန်တော် ဒီရှေ့လျှောက် ရှင်းပြချက်တွေကို movie ဖိုင်တွေနဲ့ပဲ တင်ပေးပါတော့မယ် . ဘာ့ကြောင့်လဲ ဆိုရင် အချိန်ကုန်သက်သာသလို . လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲ ရှင်းပြတော့မှာ ဖြစ်ပါတယ် . အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လို Download လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ ပုံကို အောက်မှာ တင်ပေးထားပါတယ် . Download လုပ်ယူလိုက်ပါ .

အားလုံးကို တစ်ခုတော့ပြောပြ ချင်ပါတယ် . ကျွန်တော်ဆရာကြီး မဟုတ်သလို၊ ဘ၀င်လဲ မမြင့်တတ်ပါ . တစ်ချို့ အကူအညီတောင်းတာကို ချက်ခြင်း မဖြေပေးနိုင်တာကတော့ လက်ရှိကျွန်တော် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် အလုပ်ချိန်အတွင်းမှာ ၀ဘ်ဆိုက်ဖက်ကိုချည်းပဲ အတင်းဖိနေရင် ကြာလာရင် အလုပ်ပြုတ်ရကိန်း မြင်ပါတယ် . ဒါပေမယ့် တတ်နိုင်သလောက်တော့ ဆိုက်ဖက်ကို လှည့်နေတာ အခုအချိန်အထိပါပဲ . ကိုယ်ပိုင် အလုပ်လုပ်နေတာမဟုတ်တဲ့ အတွက် ဒါလေးကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ချို့က မေးပါတယ် မင်းကဆရာကြီးလားတဲ့ . အဲ့ဒီ့လိုပြောနေတဲ့သူများကို ကျွန်တော် ပြောပြချင်ပါတယ် . ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး . ပညာရှင်လဲမဟုတ်ပါဘူး . နိုင်တဲ့ဖက်ကနေ လုံးဝမသိတဲ့သူတွေကို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆွဲခေါ်နေတာပါ . ဘာတစ်ပြားတစ်ချပ်မှ မရဘဲနဲ့ စေတနာကို ရှေ့ထားပြီး ကူညီနေတာပါ . ဒါလေးကိုတော့ နားလည်ပေးကြပါ . နောက်ပြီး တစ်ခုထပ်ပြောပြ ချင်ပါသေးတယ် . အခုအချိန်အထိ ၀ဘ်ဆိုက်ရေးလာတာ တစ်နှစ်ခွဲကျော်သွားပါပြီ . ဘယ်မိန်းကလေးတွေ နဲ့မှ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေ ပြောပြီး chatting မ၀င်ခဲ့ဖူးပါဘူး . ကျွန်တော်နဲ့ စကားပြောဖူးတဲ့သူများ chat ဖူးတဲ့သူများ အသိဆုံးဖြစ်မှာပါ . online ၀င်တိုင်း မေးတာကိုပဲ ဖြေခဲ့တာပါ . အရေမရ အဖတ်မရတွေ အခုအချိန်အထိ မပြောခဲ့သလို . ၀ဘ်ဆိုက်တစ်ခုကို ဘန်းပြပြီး ကျူတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး ဆိုတာကိုလဲ သိစေချင်ပါတယ် . အပင်ပန်း အဆင်းရဲခံ အပြောအဆိုခံပြီး လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ . မသိတဲ့သူတွေ သိစေချင်တယ်၊ မတတ်တဲ့သူတွေ တတ်စေချင်တယ် . ဒါလေးပါပဲ . တစ်ခါကလဲ ကောင်မလေးတစ်ယောက် လာပြောပါတယ် . သူမေးတာကို ချက်ခြင်းမဖြေလို့ပါ . မေးတာကလဲ အခက်အခဲဖြစ်နေတဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး. ကျွန်တော့်ရဲက personal ကိစ္စကိုမေးတာပါ၊ ဘာနဲ့ကျောင်းပြီးတာလဲ၊ အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နာမည်ကကော ဘယ်လိုခေါ်လဲ၊ ဖုန်းနံပါတ်လေးပေးပါလား၊ ဒါတွေချည်းပါပဲ ၊ ချက်ချင်းမပြေပေးလိုက်လို့ သူပြောတဲ့စကားက ဒါမျိုးတွေရိုးနေပြီတဲ့ သိပ်ပြီး ဘ၀င်မြင့်မနေနဲ့တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတဲ့သူတွေ တစ်ပုံကြီး ငါတွေ့ခဲ့ ဖူးတာပဲတဲ့ သိပ်ပြီးတော့လဲ မြင့်မနေနဲ့တဲ့၊ အဲ့တုန်းကလဲ အတော်လေးကို ကျွန်တော်စိတ်တိုသွားတာပါ . သူတွေ့ဖူးတဲ့သူတွေက အဲ့လိုမျိုးဖြစ်တာနဲ့ပဲ ကျွန်တော့်ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းရိုက်လိုက်တာဗျာ . အခုအချိန်အထိ ကျွန်တော် ဘယ်သူ့ ကိုယ်ရေးကိုယ်တာ ကိုမှ မမေးခဲ့ဖူးပါဘူး . လူအထင်ကြီးခံချင်လို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ် . ကျွန်တော့် ပိုက်ဆံနဲ့ အကုန်အကျခံပြီး hosting ကိုတောင်မှ ၀ယ်ပြီးတော့ တင်ပေးတာပါ . download လုပ်တာ အဆင်ပြေပါစေဆိုပြီးတော့ပါ . ဒါပေမယ့် file download လုပ်တဲ့သူဦးရေက ကျွန်တော်မှန်းထားတာထက် အတော်လေးကို များသွားတဲ့အတွက် hosting server down သွားပါတယ် . ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမခံစားရပါဘူး . ဒါပေမယ့် ကျွန်တော်သိမ်းထားတဲ့ ဖိုင်တွေနဲ့ တစ်ချို့ data တွေတော့ link တွေ အလုပ်မလုပ်တော့ပါဘူး . ကျွန်တော့်မှာ အလုပ်လဲများနေတာနဲ့ server down သွားလဲ မထူးတော့ပါဘူး ဆိုပြီးတော့ ပစ်ထားလိုက်တာပါ .

နေ့ကောညကော ကူညီပေးနေတဲ့ ပင်ပန်းမှုတွေကို ဘာမဟုတ်တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတာပါကွာ ဆိုတဲ့ စကားလုံးတစ်လုံးလေးနဲ့တော့ ဘယ်တော့မှ အလဲအလှယ်မလုပ်ပါဘူး . အဲ့ဒါကိုတော့ သိထားပေးပါ .

Download ifile.itDownload mediafire

ကျေးဇူးတင်ပါတယ် ...

Wednesday, September 30, 2009

Torrent file တွေကို ဘယ်လို Download လုပ်မလဲ

မိမိ ဒေါင်းချင်တဲ့ torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး link တစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloader နဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ .. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူက µTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် . မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး

ဒေါင်းလော့လုပ်နည်း
  • (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
  • (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
  • (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်

မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင် သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .

အားလုံးအဆင်ပြေကြပါစေဗျာ ..

Tuesday, July 7, 2009

rapidshare ဖြင့် download လုပ်နည်း

ဖိုင်ဆိုက် 100 အထက်ရှိတဲ့ဖိုင်တွေကို ဘယ်လို upload တင်မလဲ ..

အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..

ပုံ(၁) ပုံ(၂)

ပုံ(၃) ပုံ(၄)



(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..

ကျေးဇူးတင်ပါတယ် ...

Megaupload မှ download လုပ်နည်း

~~
~~

http://www.megaupload.com/?d=DQW67I4U အခုလို လိပ်စာတစ်ခုရလာပြီဆိုရင်တော့ megaupload ကနေ download လုပ်ရတော့မှာ အသေအချာပါပဲ .. လုပ်နည်းက လွယ်ပါတယ် .. ရလာတဲ့ လိပ်စာကို Address box မှာ ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးတွေနဲ့ ပြထားပေးပါတယ် .. ပြီးတာနဲ့ download ကျလာဖို့ ပုံ(၃)လို နဲနဲတော့စောင့်ရမှာဖြစ်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ၀ယ်သုံးတာမဟုတ်ဘဲ အကောင့်ကို ဖရီးသုံးတယ် . Free အနေနဲ့ သုံးတာဆိုတော့ သူတို့သတ်မှတ်ထားတဲ့အချိန်ကိုတော့ စောင့်မှရမယ်လေ .. ပုံ(၄) ကတော့ နောက်ဆုံးပုံပါ .. regular download ကို နှိပ်လိုက်တာနဲ့ download ကျလာပါလိမ့်မယ် ..

zshare ဖြင့် download လုပ်နည်း

ဒါက တော့ zshare ဆိုက်ကနေ download လုပ်နည်းပါ .. ပုံလေးတွေနဲ့ပြထားပါတယ် . လုံးဝကို download လုပ်တယ်ဆိုတာကို မသိတဲ့သူများအတွက် လုပ်ထားပေးတာပါ ..

4shared download လုပ်နည်း

Monday, July 6, 2009

Mediafire မှ Download လုပ်နည်း

Mediafire မှာ file တွေကို တင်ချင်လို့ပဲဖြစ်ဖြစ် .. တင်ပြီးသားဖိုင်တွေကို download လုပ်ချင်လို့ပဲဖြစ်ဖြစ် .. သိရအောင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ .. အခု ကျွန်တော် download လုပ်နည်းကိုပြောပြပါ့မယ် . လွယ်ပါတယ် . ဒါပေမယ့် စုံသွားအောင်လို့ ရေးလိုက်တာပါ .. share ခွဲပေးထားတဲ့ download link တွေဟာ အောက်က ဥပမာပုံစံလိုမျိုး dl link ထုတ်ပေးပါတယ် .
http://www.mediafire.com/?1zjhmztjzjj

အဲ့လိုလင့်လေးကနေ ပြန်ပြီးတော့ download လုပ်ယူမယ်ဆိုရင် လင့်လေးကို copy ကူးပြီး address box မှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးကိုကြည့်လိုက်ပါ ..

Gtalk-online English Myanmar Dictionary

Gtalk-online English Myanmar Dictionary

ကျွန်တော် သူငယ်ချင်းတွေကို ပြောပြဖို့ တစ်ခုမေ့နေတယ် gtalk ကနေ language ကို ပြောင်းတာလေ
ကျွန်တော်လဲ သူငယ်ချင်းတစ်ယောက်ကပေးလို့ ဒီနေ့သိလိုက်ရတာပါဗျာ .....
en2mm3@mmgeeks.org ဆိုတဲ့အကောင့်လေးကို ကျွန်တော်တို့ တစ်ခြားသူငယ်ချင်းတွေကို invite လုပ်သလိုမျိုးပဲလုပ်လိုက်ပါ။
သူ့အကောင့်က အမြဲတမ်း မီးစိမ်းလေးပြနေပါလိမ့်မယ်။ သူ့အကောင့်ကိုမြင်ရပြီဆိုရင်တော့ ကျွန်တော်တို့ chatting လိုပဲ တစ်ခုခု ရိုက်ပြီး Enter ခေါက်ရမှာပါပဲ။ အတူတူပါပဲ။ အခုဟာကလဲ ဒီပုံစံအတိုင်းပဲလေ။ ကိုသိချင်တဲ့ အင်္ဂလိပ်စာကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်။ en2mm@mmgeeks.org ဆိုတဲ့ဖက်ခြမ်းကနေ Auto Answer ပြန်ပေးပါလိမ့်မယ်။ ကျွန်တော် ဒီပို့စ်ရဲ့နောက်ကပဲ တစ်ခြား ဘာသာတွေကို ထပ်ပြီးတော့ထည့်ပေးပါ့မယ်။


Monday, November 3, 2008

အင်္ဂလိပ်စာလေ့လာချင်သူများအတွက်

ဒီပို့ကတော့ အင်္ဂလိပ်စာလေ့လာချင်သူများအတွက် သီးသန့်ပါ ...
ဒီစာအုပ်ကလေးကတော့ အတော်လေးကိုကောင်းပါတယ်...
Author: Bergen Evans, Cor.Nelia Evans
Publisher: Random House. New York
Pages: 574
Excerpt: When we speak or write we want to be understood and respected. We want to convey our meaning and we want to do it in a way that will command admiration. To accomplish these ends we must know the meanings of words, their specific meanings and their connotations, implications and overtones, and we must know how to combine words effectively into sentences. A dictionary can help us to understand the meaning of a word. But the only way to understand a word fully is to see it in use in as many contexts as possible. This means that anyone who wants to improve his vocabulary must read a great deal and must make sure that he understands what he reads. There is no short cut to this kind of knowledge. If a man thinks that noisome and noisy are synonyms, if he uses focus and nexus interchangeably, if he sees no difference between refute and deny and if he assumes that disinterested means uninterested, he will not say what he means. Indeed, he may even say the exact opposite of what he means. Respectable English is a much simpler matter. It means the kind of English that is used by the most respected people, the sort of English that will make readers or listeners regard you as an educated person.

ကျွန်တော်တို့ အင်္ဂလိပ်စကားပြောဆိုရာတွင်လည်ကောင်း၊ ရေးသားရာတွင်လည်းကောင်း၊ ဆိုလိုရင်းကို သူတစ်ပါး နားလည်အောင်နှင့်အဓိပ္ပယ်မလွဲအောင်ရေးသားရပါတယ်။ ထိုသို့ရေးသားရာတွင်စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပယ်နှင့်ဆိုလိုရင်း၊ အသုံးအနှူုံးကိုသိထားရပါမယ်။ ဥပမာ၊ uninterested သည် "စိတ်မ၀င်စားသော" ဟုဆိုလိုသော်လည်း၊ disinterested သည် "ဘက်မလိုက်သော၊တရားမျှတသော" လို့ဆိုလိုပါတယ်။ ဤစာအုပ်တွင်စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပယ်နှင့်ဆိုလိုရင်း၊ အသုံးအနှူုံးစသည်တို့ကိုသေချာစွာရှင်းလင်းပြထားပါတယ်။

download လုပ်ချင်ရင်တော့ ဒီမှာ လုပ်နိုင်ပါတယ် ...

Saturday, March 27, 2010

ဘယ်လိုကာကွယ်မှာလဲ

Malwarebytes_Anti-Malware.1.44 with serials

ကဲ လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ . အရင်ကလဲ တင်ပေးခဲ့ပြီး ပါပြီ . အဆင်ပြေကြမယ် လို့ မျှော်လင့်ပါတယ် . ဒါကတော့ security အတွက် anti virus program ပါ . သူကတော့ malware antivirus အတွက် သီးသန့်ကို ထုတ်ထားတာပါ . အမြန်ဆုံး သတ်ပေးနိုင်ပါတယ် . malware မှန်သမျှအားလုံး နီးပါးကို သတ်ပေးနိုင်ပါတယ်.

Download ifile.it ၊ Download mediafire

Thursday, January 14, 2010

ESET NOD32 Antivirus 4.0 (32 & 64)

ကဲ ကျွန်တော် 32 နှင့် 64 အတွက် နှစ်မျိုးစလုံးအတွက် တင်ပေး လိုက်ပါတယ် . အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော် antivirus program တွေကို အစုံ တင်ပေးထား တာကတော့ အဆင်ပြေတာနှင့် မိမိနှစ်သက်တာကို သုံးကြည့်စေချင်တဲ့ စေတနာနဲ့ တင်ပေးထား တာပါ . ကြိုက်တယ် မကြိုက်ဘူး အားနည်းတယ် အားသာတယ် ဆိုတာကို ကျွန်တော် အကြိုက်လိုက်ပြီး ရွေးတာထက် အသုံးပြုသူ ကိုယ်တိုင် ဆုံးဖြတ်ပြီး ရွေးစေချင်တဲ့ ဆန္ဒနဲ့ပါ .

ESET NOD32 Antivirus 4.0 for 32

Download ifile.it ၊ Download mediafire

ESET NOD32 Antivirus 4.0 for 64

Download ifile.it ၊ Download mediafire

Sunday, January 10, 2010

စက်ထဲက program တွေကို တစ်ခြားသူ သုံးမရအောင် password ဘယ်လိုပေးထားမလဲ

ကဲ ကျွန်တော်တို့ အနေနဲ့ မိမိ တင်ထားတဲ့ program တွေကို တစ်ခြားသူ မသုံးစေချင် ဘူးဆိုရင် ဘာလုပ်ကြမလဲ လွယ်လွယ်လေးပါ ဒီကောင်လေး သုံးပြီးတော့ password ပေးပြီး သော့ခတ် ထားလိုက်ပါ password မမှန်သရွေ့ ပွင့်မှာမဟုတ်ဘူး စိတ်ချ။ လုပ်နည်းက လွယ်ပါတယ် .


  • start >> program ကို သွား မိမိတင်ထားတဲ့ program ကို ဥပမာ photoshop ဆိုရင် Photoshop shortcut လေးကို right click ပေးပြီး password protect ပေးလိုက်ပါ . password ပေးတဲ့နေရာမှာ နှစ်ခါ ရိုက်ထည့် ပေးရပါတယ် . အဲ့ဒီ့ နှစ်ခု တူပါစေ . မဟုတ်ရင် အဆင်မပြေပါဘူး .
  • အဲ့လို ရိုက်တဲ့အခါ error ပေါ်လာတတ်ပါတယ် . ဘာမှ စဉ်းစားမနေပါနဲ့ အဲ့လိုပေါ်လာတယ်ဆိုရင် အဲ့ဒီ့ program က ဖွင့်ထားပြီးသား မို့လို့ . သူက သော့ခတ်မရတာ .
  • Task manager (ctrl+alt+delete) ကို ခေါ်လိုက်ပါ .
  • processes ကို ရွေးပြီး အထဲမှာ photoshop.exe ဆိုတဲ့ ဖိုင်လေးပွင့်နေတာကို တွေ့ရမှာပါ . အဲ့လိုတွေ့တာနဲ့ သူ့ကို click တစ်ချက်နှပ်ပြီး end process ပေးလိုက်ပါ . အဲ့ဒါဆိုရင်တော့ password ပေးလို့ရသွားပါပြီ . အဆင်မပြေတဲ့သူများအတွက် ဓါတ်ပုံနဲ့ ကျွန်တော် တင်ပေးပါဦးမယ် . အခုတော့ အလုပ်က အရမ်းများနေသေးလို့ ညပိုင်းလောက် ဖြစ်မယ်ထင်တယ် .

ကဲ Download လုပ်ချင်သူများ အောက်မှာ ယူလိုက်ပါ .

Download ifile.itDownload mediafire

Thursday, December 24, 2009

BitDefender Total Security 2010 (32bit / 64bit) until 2047 Patch

ကဲ ဒီတစ်ခါတော့ ဖြင့် Hotfile, Megaupload, Filefactory စတဲ့ Download link တွေကိုပါ တင်ပေးလိုက်ပါတယ် . ကျွန်တော့်တို့မှာ premium account မရှိဘူးလို့ မညည်းကြပါနဲ့ ဒီပို့စ် မှာ premium account မရှိသူများ premium account နည်းတူ စောင့်စရာ မလိုဘဲနှင့် Download လုပ်နည်းကို အသေးစိတ် ရေးပေး ထားပြီးသားပါ . အရင်က BitDefender ကို တင်ပေး ထားပြီးသားဆိုပေမယ့် ဒီတစ်ခါက လိုင်စင်က 2047 အထိ ပါတဲ့ အတွက် ထပ်ပြီး တင်ပေးလိုက်တာပါ . အဆင်ပြေကြပါစေ .


BitDefender Total Security 2010 (32bit)

Download rapidshareDownload hotfileDownload Filefactory

BitDefender Total Security 2010 (64 bit)

Download rapidshareDownload hotfileDownload Filefactory


ကဲဒါကတော့ (32 Bit + 64 Bit) နှစ်မျိုးစလုံးအတွက် ပေါင်းထည့်ထားပါတယ် .
Download hotfileDownload Megaupload

Wednesday, December 9, 2009

Avira Premium key (until 12-16-2010)

notwo "အကိုရေ Avira Premium ရဲ့ key ရှိရင်ပြောပါအုံးဗျာ ဒီမှာ Jan ဆိုကုန်တော့မှာမို့လို့ပါ ကျေးဇူးတင်ပါတယ်"

ငါ့ညီရေ တင်ပေးလိုက်ပါပြီ .


Download ifile.it ၊ Download mediafireDownload hotfile

Saturday, December 5, 2009

Spyware Doctor 2010 with patch

ဒါကတော့ Anti virus program ပါပဲ . လိုချင်တဲ့သူများရှိရင် အဆင်သင့် ဖြစ်အောင် ၊ antivirus program တွေ စုံသွားရအောင် နှင့် 2010 latest version ဖြစ်တာက တစ်ကြောင့်ကြောင့် တင်ပေးလိုက်တာပါ . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Download ifile.itDownload multiuploadDownload mediafire

Thursday, December 3, 2009

လုံခြုံမှု နံပါတ်(၁)နေရာ ယူထားတဲ့ BitDefender

ဒီ antivirus program ကတော့ ကမ္ဘာမှာ နံပါတ်(၁) နေရာကို ချိတ်ထား ပြီး ထောက်ခံမှု မဲအများဆုံးရထား ပါတယ် . kaspersky က ဒုတိယပေါ့ . antivirus program တွေရဲ့ အားနည်းချက် အားသာချက် တွေနဲ့ လုံခြုံမှုအဆင့်တွေကို ဒီမှာ သွားကြည့်လို့ ရပါတယ် . ကျွန်တော်ကတော့ kaspersky ကိုပဲ အသဲစွဲဆိုတော့ နံပါတ်(၁) အကောင်းဆုံးလဲ ပြောင်းမသုံးတော့ဘူး . ဒါပေမယ့် သုံးချင်တဲ့ သူများအတွက် တင်ပေး လိုက်ပါတယ် . အဆင်ပြေကြ ပါစေဗျာ ..

Download ifile.it >>> Part(1)Part(2)Part(3)Part(4)

Download Multiupload
>>> Part(1)Part(2)Part(3)Part(4)

Tuesday, December 1, 2009

Norton Antivirus 2010

ကဲ ဒါကတော့ Norton Antivirus 2010 ပါ .. ကျွန်တော်တို့ မြန်မာတွေ အတွက် မစိမ်းလောက်ပါဘူး . ဘာဖြစ်လို့လဲဆိုရင် အင်တာနက်က လူတိုင်း မသုံးနိုင်ဘူးလေ . ကွန်ပျူတာကတော့ လူတိုင်းနီးနီးလောက် သုံးနိုင်ကြပါတယ် . အဲ့လို online အတွက် ခက်ခဲနေသူများအတွက်တော့ Norton က အကောင်းဆုံးပေါ့ . သူ့မှာက update file ကို အင်တာနက်ရတဲ့ pc ကနေ Download လုပ် flash drive နဲ့သယ်လာပြီးတော့ offline update လုပ်ယူလို့ရပါတယ် . အရင်ကတော့ ကျွန်တော်လဲ norton ကို သုံးနေတာပါ . အတော်လေး ကောင်းပါတယ် . ကဲသူငယ်ချင်းများအတွက် 2010 ကိုစောင့်နေတာပါ . တင်ပေးဖို့ပေါ့ . အခုတော့ ရရချင်း တင်ပေးလိုက်ပါတယ် . အဲအောက်မှာ Download လုပ်ယူလိုက်ကြပါ .

Download ifile.it >>> Part(1)Part(2)Part(3)Part(4)
Download multiupload >>>Part(1)Part(2)Part(3)Part(4)

Sunday, November 22, 2009

AVG Internet Security 9.0.704.1756

kyaw thu ya :: AVG9 သက်တမ်းကုန်ဖို့ ၅၇က်ပဲ ကျန်တော့ တာမို့ ဆက်သုံးလို့ ၇အောင် ဘယ်လို လုပ်၇မလဲ ခင်ဗျာ

AVG version 9 ကို တင်ပေးလိုက်ပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . တစ်ခြားမေးထားတဲ့ မေးခွန်းများကိုလဲ မေးလ်ပို့သင့်တဲ့ မေးခွန်းများကို မေးလ်ဖြင့် ပြန်ပို့ပေးပြီး ဆိုက်မှာ တင်သင့်တဲ့ အဖြေများကိုလဲ ဆိုက်မှာ တင်ပေးမှာပါ . ဒါပေမယ့် အခုတစ်လော ကျွန်တော့်မှာ အလုပ်တွေ အရမ်းများနေတဲ့အတွက် ၀ဘ်ဆိုက်ဖက်ကို သိပ်မလှည့်ဖြစ်ဘူး ဖြစ်နေတယ်ဗျာ . စာဖတ်သူတွေအားလုံးကို တောင်းပန်ပါတယ် . ဒီလကုန် လောက်ဆိုရင်တော့ တာဝန်ခံလုပ်နေတဲ့ ဆိုက်က ပြီးတော့မှာပါ . မေးတဲ့မေးခွန်းများကို ချက်ခြင်းစာ မပြန်နိုင်တဲ့အတွက် နားလည် ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ် . အထဲမှာ လိုင်စင်အတွက် serial no. နှင့် keygen ကို ထည့်ပေးထားပါတယ် .


Download ifile.it >> Part(1) ၊ Part(2) ၊ Part(3)

Download mediafire >> Part(1)Part(2)Part(3)

Download multiupload >> Part (1) ၊ Part(2) ၊ Part(3)

Friday, November 20, 2009

Kaspersky(KIS & KAV) 2009 နှင့် 2010 ကို offline update ဘယ်လိုလုပ်မလဲ .

သီဟဇော် . kaspersky 2010 offline database update လုပ်နည်းလေး သိပါရစေ ခင်ဗျာ .....

လုပ်ပုံလုပ်နည်း ကိုတော့ သဘောပေါက်မယ် လို့မျှော်လင့်ပါတယ် . အဆင်မပြေရင် ပြောပါ . ပုံကို သေးတယ် ဆိုရင် ကလစ်နှိပ်လိုက်ပါ ပုံအကြီး ထွက်လာပါလိမ့်မယ် . kaspersky ကို active ဖြစ်အောင် လုပ်နည်းကိုတော့ movie နဲ့ သေချာ ရှင်းပြထား ပြီးသားပါ . နဲနဲလောက် ရှာကြည့်လိုက်ပါ ကျွန်တော် link ပြန်မညွှန်းတော့ပါဘူး . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . အခုဟာကတော့ အင်တာနက် မရှိတဲ့သူများ Offline Update လုပ်ပုံ လုပ်နည်းပါ . ပြန်စာကို by name နဲ့ တစ်ယောက်ချင်းစီ မဖြေပဲ မေးတဲ့မေးခွန်းတွေကို ပို့စ်တင်ပေးလိုက်တာ နောက်လူတွေလဲ ဖတ်ရအောင်လို့ပါ .

Kaspersky database update အတွက် ဆိုရင်တော့ ဒီမှာ သွားပြီး Download လုပ်ယူလိုက်ပါ . ကျွန်တော့်ကိုလဲ ညီလေးတစ်ယောက်က မေးလ်နဲ့ link ပို့ပေးလိုက်တာပါ .

2009 update လုပ်ပုံလုပ်နည်းကိုလဲ အောက်မှာ ကြည့်လိုက်ပါ . သဘောတရားချင်းက အတူတူပါပဲ . update ဖိုင်ကို ရှာတတ်တဲ့သူများ ရှာလိုက်ပါ . မရှာတတ်တဲ့ မလုပ်တတ်တဲ့သူများ ခဏစောင့်ပါ KIS 2010 offline update ဖိုင်အတွက် တင်ပေးနေပါတယ် . KAV 2010 အတွက်တော့ ရှာပြီးတင်ပေးပါ့မယ် . ကျွန်တာ် အခု KIS 2010 သုံးနေပါတယ် . ဒါ့ကြောင့် တစ်ခါတည်း ရှိတာကို တင်ပေးလိုက်တာပါ .



Link ကို နှစ်နေရာကနေ တင်ပေးထားပါတယ် .

Download multiupload
Download mediafire

အခုတင်ပေးတဲ့ လင့်ကို Download မလုပ်ချင်ရင် http://www.officextracts.com/download.php ကို သွားပြီးတော့ latest update ကို Download လုပ်ဖို့ တိုက်တွန်းပါတယ် .

Sunday, November 15, 2009

zone alarm extreme security 2009

သားပေါက် "ကိုညီ .... Zone Alarm Internet Security ကို လိုချင်ပါတယ်ဗျာ.... ကူညီလို. အဆင်ပြေရင် ကူညီပါဦး... ကျေးဇူး အများကြီးတင်ပါတယ်...."

ကျွန်တော် အောက်မှာ တင်ပေးလိုက်ပါပြီ . patch ကိုတော့ သတ်သတ်ခွဲပြီး တင်ပေးလိုက် တယ်ဗျာ . အဆင်ပြေမယ်လို့ ထင်ပါတယ် .

Download ifile.it ၊ Download mediafire ၊ Download rapidshareDownload multiupload

Download patch >> Rapidshareifile.itmultiupload

Saturday, November 7, 2009

key ဒုက္ခကင်းဝေးဖို့ Norton Internet Security 2010 သုံးကြစို့

ကဲ ဒါကတော့ Norton Internet Security 2010 ပါ .. ကျွန်တော်တို့ မြန်မာတွေ အတွက် မစိမ်းလောက်ပါဘူး . ဘာဖြစ်လို့လဲဆိုရင် အင်တာနက်က လူတိုင်း မသုံးနိုင်ဘူးလေ . ကွန်ပျူတာကတော့ လူတိုင်းနီးနီးလောက် သုံးနိုင်ကြပါတယ် . အဲ့လို online အတွက် ခက်ခဲနေသူများအတွက်တော့ Norton က အကောင်းဆုံးပေါ့ . သူ့မှာက update file ကို အင်တာနက်ရတဲ့ pc ကနေ Download လုပ် flash drive နဲ့သယ်လာပြီးတော့ offline update လုပ်ယူလို့ရပါတယ် . အရင်ကတော့ ကျွန်တော်လဲ norton ကို သုံးနေတာပါ . အတော်လေး ကောင်းပါတယ် . ကဲသူငယ်ချင်းများအတွက် 2010 ကိုစောင့်နေတာပါ . တင်ပေးဖို့ပေါ့ . အခုတော့ ရရချင်း တင်ပေးလိုက်ပါတယ် . အဲအောက်မှာ Download လုပ်ယူလိုက်ကြပါ .

Download ifile.it >>> Part(1)Part(2)Part(3)Part(4)Part(5)

Download multiupload >>> Part(1)Part(2)Part(3)Part(4)Part(5)

Tuesday, October 27, 2009

Avira Premium Security Suite 9

ကဲ ဒါက avira premium v9 ကိုပဲ ထပ်ပြီးတော့ လိုအပ်တာတွေ ထပ်ဖြည့်ပြီးတော့ security suite ဆိုပြီး ထပ်ထုတ်ထားတာတာပါ .. avira နောက်ဆုံးထွက် version ပါပဲ အထဲမှာ key ပါတစ်ခါတည်းပါပြီးသားပါ . avira ချစ်သူများ သုံးနိုင်ပါတယ် .


Download ifile.itDownload mediafireDownload rapidshare

Saturday, October 24, 2009

လာပါပြီဗျာ SUPERAntiSpyware Pro 4.2 with keygen and patch

ကဲ ကျွန်တော်တို့ တစ်ချို့ မိန်းကလေးတွေ ဆိုရင် keylogger ရဲ့ မစမှုကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ကြတာလဲ မနည်းပါဘူး . keylogger က ကျွန်တော်တို့သိတဲ့ ရိုးရိုး keylogger ကတော့ keylogger ကို ဖွင့်ထားရင် task manager ကနေ ပြန်ခေါ်ပြီး ကြည့်ရင် ရကောင်းရနိုင်ပေမယ့် actual keylogger မျိုးကျတော့ တော်ရုံတန်ရုံနဲ့ ရှာလို့မရပါဘူး . တော်တော်များများ သိထားကြတာက keylogger ဆိုရင် task manager ကနေ ခေါ်ပြီးတော့ ပိတ်ထားရင် ရပြီလို့ သိထားကြတာပါ . အဲ့ဒါဆိုရင် task manager ကို ကြည့်လို့ keylogger မတွေ့ရင် မတင်ထားဘူးဆိုပြီး ပြောချင်တာပြော၊ ဆိုချင်တာဆိုရင်တော့ အောင်မငီးအမေရေ သားအဖြစ်ကို လာကြည့်လှည့်ပါဦး ဆိုတာထက် ဆိုးသွားမယ် . အခုအချိန်မှာ လက်တည့်စမ်းချင်ကြတဲ့ ညီအစ်ကိုများ နဲ့ သွားတွေ့လို့ကတော့ နားကားပြီသာပြင်ပေတော့ . အဟဲဟဲ . ကဲ အခုပေးတာလေးက ဘာတွေ စွမ်းဆောင်ပေးလဲ ကြည့်ကြည့်ပါ . သူက Spyware, Adware, Malware, Trojans, KeyLoggers, Dialers, Hi-Jackers, နှင့် Worms. စတာတွေကို လက်ရှိသုံးနေတဲ့ ကွန်ပျူတာမှာ တင်ထားတဲ့ program ကို ထိခိုက်မှုမရှိဘဲနဲ့ ဖယ်ရှားပေးပါတယ် . အဟဲ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်မယ်လို့ထင်ပါတယ် . တစ်ချို့ program တွေမှာ malware ကပ်ငြိနေတယ်ဆိုရင်တောင် မှ သူက ထိခိုက်မှုမရှိဘဲ ဖယ်ပေးနိုင်တယ်ဆိုတော့ မဆိုးဘူးလို့ဆိုရမှာပါပဲ . ကောင်းတာလေးက ဘယ် keyloggers မျိုးမဆို သူက သိနိုင်ပြီး ဖယ်ရှားပေးနိုင်ပါတယ် . ကဲ စမ်းကြည့်လိုက်ကြပါဦး . ဟုတ်လားမဟုတ်လား . actual keylogger တင်ပြီးတော့ စမ်းပြီး စစ်ကြည့်ပေါ့ .

ကဲအောက်မှာ ယူလိုက်ပါ .

Download ifile.itDownload mediafire

Friday, October 23, 2009

avira premium key ပါ

ညီလေး သီဟဇော် ပြန်ပြီး share ပေးထားတာပါ . avira သုံးသူများ လိုအပ်မယ်ဆိုရင် အောက်မှာ ယူလို့ရပါတယ် . အဆင်ပြေပါစေဗျာ ..

Download sent6Download mediafire

Thursday, October 22, 2009

AVG Antivirus 8.5 Pro နှင့် 9

လိုင်စင်နဲ့ပါ သက်တမ်းက 2018 အထိ ရှိပါတယ် . ကဲ free မဟုတ်တဲ့ အတွက် အဆင်ပြေကြမှာပါ . လူတစ်ကိုယ် အကြိုက်တစ်မျိုး စီပေါ့ . ဒါက avg သမားတွေ အတွက်ပါ . အောက်မှာ download လုပ်ယူလိုက်ပါ ..

Download ifile.it >> Part(1)Part(2)Part(3)Part(4)
Download mediafire >> Part(1)Part(2)Part(3)Part(4)

ဒါကတော့ ညီလေးကိုထက် လာပေးသွားတာပါ အလုပ်လုပ်တယ်လို့တော့ပြောပါတယ် . သုံးကြည့်လိုက်ပါဦး .

AVG Internet Security 9 >>> Download mediafire

Key 1 : 8MEH-RXYFD-JUV72-8922R-FTBZ6-QEMBR-ACED
Key 2 : 8MEH-R2CML-SS7FW-MOXFR-TRU8V-3EMBR-ACED
Key 3 : 8MEH-RF7RF-MR8JO-EWOVA-UVKMQ-FEMBR-ACED

Monday, September 21, 2009

kaspersky 2010 ကို ဘယ်လို install လုပ်မလဲ

pyiesonehmyu: အစ်ကို kiv9 2010 က ကျွန်တော့်စက်မှာ key အလုံး၂၀ မပေါ်တော့ ဆက်ပြီး လုပ်လို့မရဘူ; အကိုပေးတဲ့ဖိုင်က စက်မှာ regestry ဖိုင် အနေနဲ့ပေါ်တယ် ..

ဆရာသမားရေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးဖြစ်သွားတယ်ဗျာ . . Key တွေကိုပဲ နင်းကန်တင်ပေးနေတာ .. ဘယ်လို activated key ကို ထည့်ရမယ်ဆိုတာကို ပြောဖို့မေ့သွားတယ် . ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး kaspersky 2010 ကို trail version အနေနဲ့ install လုပ်လိုက်ဗျာ . ပြီးသွားပြီဆိုမှ ကျွန်တော်ပေးလိုက်တဲ့ keys တွေကို ပြန်ထည့်ရတာ . ဂဏန်းရိုက်ထည့်ရတာ မဟုတ်ဘူး . ငါ့ဆရာရဲ့ . ပေးလိုက်တဲ့ဖိုင်တွေကို upload တင်တဲ့ပုံစံမျိုးနဲ့ ပြန်ပြီး life update ပြန်လုပ်ရတာပါ . kaspersky 2010 က စက်ထဲမှာ တင်ထားပြီးသားလား မတင်ရသေးဘူးလား

norton 2010 beta

MK:

ညီရေ .. Norton 2010 antivirus လေး လုပ်ပါဦးနော်


တင်ပေးလိုက်ပါပြီ အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်ဗျာ ..mediafire ကနေဆိုရင် လင့်သေမှာစိုးလို့ ကျွန်တော်ဝယ်ထားတဲ့ ကိုယ်ပိုင် hosting ကနေ တင်ပေးလိုက်ပါတယ် . Download လုပ်တာလဲ မြန်မာပါ .

Download norton 2010 beta >>> Part(1)Part(2)

Tuesday, September 8, 2009

Kaspersky internet security 2010 Keys

ကဲ မထူးတော့ပါဘူး . kav 2010 သမားများအတွက်ပါ တစ်ခါတည်း ယူလိုက်ပါ . အဆင်ပြေတဲ့ နေရာကသာ Download လုပ်ကြဗျာ . ပေးစရာတွေတော့ ကျန်နေသေးတယ် အများကြီးပဲ . မနက်ဖြန်ကျမှ တင်ပေးပါ့မယ် . ဒီနေ့တော့ သွားနားတော့မယ် .

Download ifile.it
Download mediafireDownload multiupload

Monday, July 27, 2009

Avira AntiVir Premium 2009 V9.0.0.442+keys

Avira AntiVir Premium reliably protects you against all threats from viruses, worms, trojans, rootkits, phishings, adware, spyware, bots, and dangerous drive-by downloads. Best detection rates and top-class security with several updates every day.

ကဲ ကျွန်တော်ကတော့ တင်ပေးလိုက်ပြီး Download ယူဖို့ကတော့ သူငယ်ချင်းများရဲ့တာဝန်ပါ . 2009 တင်ပေးလိုက်ပါတယ် .. premium ပါ .....

Download mediafire ၊ Download ifile.it ၊ Download megaupload