ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Thursday, March 11, 2010

UltraSurf ဖြင့် ထိုးဖောက်ကျော်လွှားခြင်း

UltraSurf ဖြင့် ထိုးဖောက်ကျော်လွှားခြင်း

ဒါကတော့ ကျွန်တော်တို့ရဲ့ ရွှေမြန်မာများ အတွက်ပါ . အထူးသဖြင့် ပြောနေကျအတိုင်း မြန်မာပြည်ကသူတွေ အတွက်ပေါ့ . ဟိုဖက်ပိတ်လိုက် ၊ ဒီဖက်ပိတ်လိုက်၊ ပိတ်ပြီးတော့ ဆို့လိုက်၊ ဆို့ပြီးတော့ ပိတ်လိုက် ဆိုတဲ့သီချင်း လိုမျိုးဖြစ်နေပြီ ၊ ပိတ်ပြီးတော့ ထပ်ဆို့တော့ ဘယ်အပေါက်က အသက်ရှုမတုန်း၊ ကဲဒါတွေ ထားလိုက်ပါတော့ အခုကျွန်တော်ရေးမှာက ကိုကြည့်သင့်တဲ့ဆိုက်လေးတွေကို ခက်ခက်ခဲခဲကြည့်စရာ မလိုအောင်လို့ ကျွန်တော် UltraSurf နဲ့ ကျော်လွှားနည်းကို တင်ပေးလိုက်ပါတယ် . အဆင်ပြေနိုင်ကြပါစေ . တောင်းဆိုထားတာတော့ အတော်ကိုများပါပြီ . ရေးဖို့ ဒီဖက်ကို အလှည့်မရောက်တာလဲ ပါတယ် ..

  • (၁) http://www.ultrareach.com/download_en.htm ကို သွားပါ ..
  • (၂) Download release version UltraSurf 9.5(.exe) ဆိုတာလေးကို နှိပ်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ultrasurf ကို Download ချလိုက်ပါ။
  • (၃) ဆိုက်ကိုဝင်မရသူများ အောက်မှာ Download လုပ်လိုက်ပါ .
  • (၄) Double click နှိပ်ပြီး Run လိုက်ပါ .
  • (၅) Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ .
  • (၆) ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ .
  • (၇) အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ .
  • (၈) ပြီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ .
  • (၉) ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ .
  • (၁၀) ပြီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ .
  • (11) Gtalk မရသူများ Gtalk ရဲ့ connetction setting မှာ Proxy = 127.0.0.1 , port = 9666 ဆိုပြီး ဖြည့်ပါ။ ဖြည့်ပြီးတာနဲ့ အသုံးပြုလို့ရသွားပါပြီ .. proxy နဲ့ port တွေကိုတော့ သိအောင်လုပ်ထားပါ . မြန်မာပြည်ကလူအချင်းချင်း မေးမြန်းလို့ရပါတယ် . ကဲ အဆင်ပြေနိုင်ပါစေဗျာ ..

တစ်ခုအကြံပေးချင်ပါတယ် . Ultrasurf ကို သုံးမယ်ဆိုတိုင်း အသစ်ကို Download ချချပြီးမှ သုံးပါ . သူတို့က အမြဲတမ်း Update လုပ်နေတာဖြစ်တဲ့အတွက် version အသစ်ကို သုံးရင် ပိုပြီးအဆင်ပြေနိုင်ပါတယ် . ဆိုက်က သေးသေးလေးပါ . မပင်ပန်းပါဘူး Download လုပ်ရတာ .


ကျေးဇူးတင်ပါတယ် ...

Freedom ကို မြန်မာလို ပြင်ဆင်မှု ပြုပြီး ကျော်ခွကြပါစို့ .

Freedom ကို မြန်မာလို ပြင်ဆင်မှု ပြုပြီး ကျော်ခွကြပါစို့ .

ဒီနေ့တော့ မအားတဲ့ကြားထဲကနေ ကျွန်တော် ကြိုးစားပြီး တင်ပေး လိုက်ပါတယ် . လွယ်ပါတယ် . setting မှာကို မြန်မာလို ရေးထားတာပဲကို လွယ်တာပေါ့ အဟဟ . အောက်မှာ Freedom ကို တင်ထား ပေးပါတယ် . အရင်ဆုံး ဒေါင်းလိုက်ပါဦး . Freedom + Openvpn v1.6, v2.0.9, v2.1 ပေါင်းထည့်ထား ပေးပါတယ် . openvpn ကို version အဟောင်းကိုပါ ထည့်ပေးထားပါတယ် . လိုအပ်ရင် သုံးရတာ လွယ်ကူအောင်လို့ပါ . မြန်မာပြည်က freedom.net ကို ပိတ်ထားတယ်ထင်လို့ အိတ်သွန်ဖာမှောက် Download လုပ်ပြီး တင်ပေးလိုက်တာပါ .

ဒါလေးက လူတိုင်းအတွက် အရေးပါတော့ လုံးဝမသိသေးတဲ့ ညီ/ညီမများအတွက် ရည်ရွယ်ပါတယ် .

(၁) ရလာတဲ့ ဖိုင်ကို win rar နဲ့ ဖြေလိုက်ပါ . win rar မရှိသူများ ဒီမှာ Download လုပ်ယူပါ .. ဖိုင်ဖြေပြီးတာနဲ့ Download လုပ်လို့ရလာတဲ့ freedom နှင့် openvpn ကို install လုပ်ပါမယ် .
(၂) ပြီးတာနဲ့ freedom ကို run လိုက်ပါ . အောက်ပါအတိုင်း language ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့အထဲကမှ မြန်မာစာ ဆိုတာလေးကို double click နှိပ်လိုက်ပါ .
(၃) အဲ့မယ် ရေးထားတဲ့ သတ်မှတ်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို သေသေချာချာလိုက်ဖတ်လိုက်ပါ . လွယ်ပါတယ် . အဓိကက Account Information မှာ မိမိအပေါ်က လုပ်ခဲ့တဲ့ username နဲ့ password ကိုထည့်ပါ . Proxy Address နဲ့ proxy port ကို မှန်ကန်အောင်ဖြည့်ပါ .


Download ifile.itDownload mediafire

ကျော်ခွဖို့အတွက် PhProxy add-on သုံးကြည့်စို့

ကျော်ခွဖို့အတွက် PhProxy add-on သုံးကြည့်စို့

သူကတော့ ကျော်ခွဖို့အတွက် ခါးတောင်းကျိုက် မနေပါနဲ့တော့ . ခေါင်းစားမနေပါနဲ့တော့ . အိနြေ္ဒရရလေးနဲ့ add-on လေးသုံးပြီး ပေါ့ပေါ့ပါးပါးလေး ကျော်ကြည့်ရအောင်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် . တစ်ဆင့်ချင်းသာ လုပ်သွားပါ . firefox add-on ကို သုံးဖူးသူကတော့ ချက်ချင်းသဘောပေါက် သွားမှာပါ အားလုံးပဲ အဆင်ပြေ ကြမယ်လို့ မျှော်လင့်မိပါတယ် .


လုပ်နည်း

  • ဒီကို သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ .
  • Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ
  • Firefox Browser ကို restart လုပ်လိုက်ပါ . (တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ .)
  • Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ .
  • ပိတ်ထားသော ၀ဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။

ကဲ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .