How To: Connect To The Internet Using Wi-Fi, W/O A Router - For more funny videos, click here
Arakan flat
မောင်မြင့်စိုး
ဒီနေ့ ကျနော့ချစ်နှင့်တွေ့နိုင်မှာလား
ဒီအချိန်ရောက်ရင်ဖြင့်
ကျိန်းရိပ်မြေသို့ ပျံနီသော ငှက်
Followers
Saturday, April 3, 2010
မောင်မြင့်စိုးသူငယ်ချင်းတစ်ယောက်က software ရောင်းစားချင်တယ်ဆိုလို့တင်ပေးလိုက်တာပါ။။
Posted by maung myint soe 0 comments
Labels: software
Friday, April 2, 2010
ဒေါင်းလုပ်နည်းများ
Orbit Downloader ကို ဘယ်လို အသုံးပြုရလဲ ??
Orbit Downloader ဆိုတာဘာလဲ
- သူက Downloader တစ်ခုပါ . Free ဖြစ်သလို . သူ့ရဲ့ Download speed ဟာ အတော်လေးကို မြန်ဆန်တာကြောင့် Downloader Tools များထဲမှာ တစ်ခြားငွေကြေးပေးရတဲ့ Download Manager နှင့် ရင်ဘောင်တန်းပြီးတော့ အတော်အသင့် နေရာယူလာတဲ့ Downloader တစ်ခုပါ.
ဘယ်လို Download လုပ်ယူရမလဲ
- ကဲပြီးပြီဆိုရင်တော့ http://download.cnet.com ဆိုက်မှာ uploading တင်ထားတဲ့ Orbitdownlaoder ဆီကို ရောက်သွားမှာပါ . (စကားမစပ် ပြောပြပါဦးမယ် http://download.cnet.com ဆိုက်ဟာ microsoft company ကနေ အခမဲ့ Free ware များကို Download လုပ်လို့ရအောင် အခမဲ့ uploading တင်ပေးထားတဲ့ ဆိုက်တစ်ခုပါ . အတော်လေးကို စုံတဲ့ ၀ဘ်ဆိုက်တစ်ခုပါ.) အဲ့မှာတင်ထားတဲ့
Download Now ဆိုတဲ့ နေရာကို click နှိပ်လိုက်ပါ။
- ပြီးသွားပြီဆိုရင်တော့ Download လုပ်ဖို့ link လေး တစ်ခု ကျလာပါလိမ့်မယ် . Download လုပ်လိုက်ပါ ။
- အကယ်၍ Download link မကျလာပါက အခုလို click here ဆိုတဲ့နေရာကို နှိပ်ပြီးတော့လဲ Download လုပ်ယူလို့ ရပါတယ် ။
- အားလုံးပြီးသွားရင်တော့ ရလာတဲ့ orbit Downloader ကို Install လုပ်လိုက်ပါ။
- လုပ်ပုံလုပ်နည်းကိုပါ အောက်မှာ တစ်ပုံချင်းစီ ပြပေးထားပါတယ် . ရှင်းမယ်လို့ မျှော်လင့်ပါတယ် .
ကဲ အပေါ်ကအတိုင်း install လုပ်ပြီးသွားရင်တော့ ဒီကို သွားလိုက်ပါ။
- ပြီးရင်တော့ အခုလို box လေးကျလာရင် install now ကို နှိပ်ပြီး install လုပ်လိုက်ပါ။ အားလုံးပြီးသွားရင် firefox ကို restart လုပ်မှာလား မေးပါလိမ့်မယ် ။ OK ပေးလိုက်ပါ။ Firefox နောက်တစ်ကြိမ် ပြန်ပွင့်လာတာနှင့် ကျွန်တော်တို့ လိုချင်တာကို Download လုပ်လို့ ရသွားပါပြီ။ အားလုံးပဲ အဆင်ပြေကြ ပါစေဗျာ။
Download ဘယ်လိုလုပ်မလဲ?
ဒါကတော့ လွယ်ပါတယ် ဒီမှာ Download လုပ်နည်းများ အကြောင်းကို ရေးခဲ့ပြီးသားပါ . အပေါ်ကအတိုင်းသာ လုပ်ထာမယ်ဆိုရင် အခု Download လုပ်နည်းများ အတိုင်း Download လုပ်ကြည့်လိုက်ပါ. အရင်က Save ဆိုတဲ့ box တစ်ခုပေါ်လာတဲ့နေရာမှာ orbitdownlaoder တစ်ခုပိုလာတာကို တွေ့ရမှာပါ။
Tuesday, January 19, 2010
ပေးထားတဲ့ DL link တွေကို ဘယ်လို Download လုပ်ယူမလဲ
Download ifile.it
Monday, November 2, 2009
Mediafire ကနေ Download လုပ်မလဲ (movie ရှင်းပြချက်)
Mediafire ဆိုက်ကနေ Download လုပ်ပုံလုပ်နည်းကို ရှင်းပြပေးထားတာပါ . အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ် . အဆင်မပြေရင်ပြောပါ . ကျွန်တော် ထပ်ကြိုးစားပြီး ရှင်းပြပေးပါ့မယ် .
mediafire ကနေ ဘယ်လို Download လုပ်မလဲ (movie ရှင်းပြချက်)
Download ifile.it ၊ Download mediafire
rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)
အားလုံးကို တစ်ခုတော့ပြောပြ ချင်ပါတယ် . ကျွန်တော်ဆရာကြီး မဟုတ်သလို၊ ဘ၀င်လဲ မမြင့်တတ်ပါ . တစ်ချို့ အကူအညီတောင်းတာကို ချက်ခြင်း မဖြေပေးနိုင်တာကတော့ လက်ရှိကျွန်တော် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် အလုပ်ချိန်အတွင်းမှာ ၀ဘ်ဆိုက်ဖက်ကိုချည်းပဲ အတင်းဖိနေရင် ကြာလာရင် အလုပ်ပြုတ်ရကိန်း မြင်ပါတယ် . ဒါပေမယ့် တတ်နိုင်သလောက်တော့ ဆိုက်ဖက်ကို လှည့်နေတာ အခုအချိန်အထိပါပဲ . ကိုယ်ပိုင် အလုပ်လုပ်နေတာမဟုတ်တဲ့ အတွက် ဒါလေးကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ချို့က မေးပါတယ် မင်းကဆရာကြီးလားတဲ့ . အဲ့ဒီ့လိုပြောနေတဲ့သူများကို ကျွန်တော် ပြောပြချင်ပါတယ် . ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး . ပညာရှင်လဲမဟုတ်ပါဘူး . နိုင်တဲ့ဖက်ကနေ လုံးဝမသိတဲ့သူတွေကို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆွဲခေါ်နေတာပါ . ဘာတစ်ပြားတစ်ချပ်မှ မရဘဲနဲ့ စေတနာကို ရှေ့ထားပြီး ကူညီနေတာပါ . ဒါလေးကိုတော့ နားလည်ပေးကြပါ . နောက်ပြီး တစ်ခုထပ်ပြောပြ ချင်ပါသေးတယ် . အခုအချိန်အထိ ၀ဘ်ဆိုက်ရေးလာတာ တစ်နှစ်ခွဲကျော်သွားပါပြီ . ဘယ်မိန်းကလေးတွေ နဲ့မှ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေ ပြောပြီး chatting မ၀င်ခဲ့ဖူးပါဘူး . ကျွန်တော်နဲ့ စကားပြောဖူးတဲ့သူများ chat ဖူးတဲ့သူများ အသိဆုံးဖြစ်မှာပါ . online ၀င်တိုင်း မေးတာကိုပဲ ဖြေခဲ့တာပါ . အရေမရ အဖတ်မရတွေ အခုအချိန်အထိ မပြောခဲ့သလို . ၀ဘ်ဆိုက်တစ်ခုကို ဘန်းပြပြီး ကျူတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး ဆိုတာကိုလဲ သိစေချင်ပါတယ် . အပင်ပန်း အဆင်းရဲခံ အပြောအဆိုခံပြီး လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ . မသိတဲ့သူတွေ သိစေချင်တယ်၊ မတတ်တဲ့သူတွေ တတ်စေချင်တယ် . ဒါလေးပါပဲ . တစ်ခါကလဲ ကောင်မလေးတစ်ယောက် လာပြောပါတယ် . သူမေးတာကို ချက်ခြင်းမဖြေလို့ပါ . မေးတာကလဲ အခက်အခဲဖြစ်နေတဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး. ကျွန်တော့်ရဲက personal ကိစ္စကိုမေးတာပါ၊ ဘာနဲ့ကျောင်းပြီးတာလဲ၊ အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နာမည်ကကော ဘယ်လိုခေါ်လဲ၊ ဖုန်းနံပါတ်လေးပေးပါလား၊ ဒါတွေချည်းပါပဲ ၊ ချက်ချင်းမပြေပေးလိုက်လို့ သူပြောတဲ့စကားက ဒါမျိုးတွေရိုးနေပြီတဲ့ သိပ်ပြီး ဘ၀င်မြင့်မနေနဲ့တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတဲ့သူတွေ တစ်ပုံကြီး ငါတွေ့ခဲ့ ဖူးတာပဲတဲ့ သိပ်ပြီးတော့လဲ မြင့်မနေနဲ့တဲ့၊ အဲ့တုန်းကလဲ အတော်လေးကို ကျွန်တော်စိတ်တိုသွားတာပါ . သူတွေ့ဖူးတဲ့သူတွေက အဲ့လိုမျိုးဖြစ်တာနဲ့ပဲ ကျွန်တော့်ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းရိုက်လိုက်တာဗျာ . အခုအချိန်အထိ ကျွန်တော် ဘယ်သူ့ ကိုယ်ရေးကိုယ်တာ ကိုမှ မမေးခဲ့ဖူးပါဘူး . လူအထင်ကြီးခံချင်လို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ် . ကျွန်တော့် ပိုက်ဆံနဲ့ အကုန်အကျခံပြီး hosting ကိုတောင်မှ ၀ယ်ပြီးတော့ တင်ပေးတာပါ . download လုပ်တာ အဆင်ပြေပါစေဆိုပြီးတော့ပါ . ဒါပေမယ့် file download လုပ်တဲ့သူဦးရေက ကျွန်တော်မှန်းထားတာထက် အတော်လေးကို များသွားတဲ့အတွက် hosting server down သွားပါတယ် . ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမခံစားရပါဘူး . ဒါပေမယ့် ကျွန်တော်သိမ်းထားတဲ့ ဖိုင်တွေနဲ့ တစ်ချို့ data တွေတော့ link တွေ အလုပ်မလုပ်တော့ပါဘူး . ကျွန်တော့်မှာ အလုပ်လဲများနေတာနဲ့ server down သွားလဲ မထူးတော့ပါဘူး ဆိုပြီးတော့ ပစ်ထားလိုက်တာပါ .
နေ့ကောညကော ကူညီပေးနေတဲ့ ပင်ပန်းမှုတွေကို ဘာမဟုတ်တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတာပါကွာ ဆိုတဲ့ စကားလုံးတစ်လုံးလေးနဲ့တော့ ဘယ်တော့မှ အလဲအလှယ်မလုပ်ပါဘူး . အဲ့ဒါကိုတော့ သိထားပေးပါ .
Download ifile.it ၊ Download mediafire
Wednesday, September 30, 2009
Torrent file တွေကို ဘယ်လို Download လုပ်မလဲ
ဒေါင်းလော့လုပ်နည်း
- (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
- (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
- (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင် သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .
အားလုံးအဆင်ပြေကြပါစေဗျာ ..
Tuesday, July 7, 2009
rapidshare ဖြင့် download လုပ်နည်း

http://rapidshare.com/files/132506476/ConvDocPDFWordv350-smforum.net.rar.html အဲ့လိုမျိုး လင့်ကဆိုရင် rapidshare.com က ဒေါင်းရမှာပါ ...
(၁) အဲ့ဒီ့လင့်ကို address box ထဲမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ..
(၂) ပုံ-၁ မှာ ပြထားသလို free user ကို ရွေးပါ ..
(၃) ပြီးလျှင် ခဏစောင့်လိုက်ပါ ... Download ချဖို့ လင့်ကျလာပါလိမ့်မယ် .. လွယ်ပါတယ် ..
ဖိုင်ဆိုက် 100 အထက်ရှိတဲ့ဖိုင်တွေကို ဘယ်လို upload တင်မလဲ ..
အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..
ပုံ(၁)
ပုံ(၂)
ပုံ(၃)
ပုံ(၄)
(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..
Megaupload မှ download လုပ်နည်း
~~
~~
http://www.megaupload.com/?d=DQW67I4U အခုလို လိပ်စာတစ်ခုရလာပြီဆိုရင်တော့ megaupload ကနေ download လုပ်ရတော့မှာ အသေအချာပါပဲ .. လုပ်နည်းက လွယ်ပါတယ် .. ရလာတဲ့ လိပ်စာကို Address box မှာ ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးတွေနဲ့ ပြထားပေးပါတယ် .. ပြီးတာနဲ့ download ကျလာဖို့ ပုံ(၃)လို နဲနဲတော့စောင့်ရမှာဖြစ်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ၀ယ်သုံးတာမဟုတ်ဘဲ အကောင့်ကို ဖရီးသုံးတယ် . Free အနေနဲ့ သုံးတာဆိုတော့ သူတို့သတ်မှတ်ထားတဲ့အချိန်ကိုတော့ စောင့်မှရမယ်လေ .. ပုံ(၄) ကတော့ နောက်ဆုံးပုံပါ .. regular download ကို နှိပ်လိုက်တာနဲ့ download ကျလာပါလိမ့်မယ် ..
zshare ဖြင့် download လုပ်နည်း
ဒါက တော့ zshare ဆိုက်ကနေ download လုပ်နည်းပါ .. ပုံလေးတွေနဲ့ပြထားပါတယ် . လုံးဝကို download လုပ်တယ်ဆိုတာကို မသိတဲ့သူများအတွက် လုပ်ထားပေးတာပါ ..


Monday, July 6, 2009
Mediafire မှ Download လုပ်နည်း
Mediafire မှာ file တွေကို တင်ချင်လို့ပဲဖြစ်ဖြစ် .. တင်ပြီးသားဖိုင်တွေကို download လုပ်ချင်လို့ပဲဖြစ်ဖြစ် .. သိရအောင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ .. အခု ကျွန်တော် download လုပ်နည်းကိုပြောပြပါ့မယ် . လွယ်ပါတယ် . ဒါပေမယ့် စုံသွားအောင်လို့ ရေးလိုက်တာပါ .. share ခွဲပေးထားတဲ့ download link တွေဟာ အောက်က ဥပမာပုံစံလိုမျိုး dl link ထုတ်ပေးပါတယ် .
http://www.mediafire.com/?1zjhmztjzjj
အဲ့လိုလင့်လေးကနေ ပြန်ပြီးတော့ download လုပ်ယူမယ်ဆိုရင် လင့်လေးကို copy ကူးပြီး address box မှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးကိုကြည့်လိုက်ပါ ..
Posted by maung myint soe 0 comments
Labels: internect
Gtalk-online English Myanmar Dictionary
Gtalk-online English Myanmar Dictionary
ကျွန်တော် သူငယ်ချင်းတွေကို ပြောပြဖို့ တစ်ခုမေ့နေတယ် gtalk ကနေ language ကို ပြောင်းတာလေ
ကျွန်တော်လဲ သူငယ်ချင်းတစ်ယောက်ကပေးလို့ ဒီနေ့သိလိုက်ရတာပါဗျာ .....
en2mm3@mmgeeks.org ဆိုတဲ့အကောင့်လေးကို ကျွန်တော်တို့ တစ်ခြားသူငယ်ချင်းတွေကို invite လုပ်သလိုမျိုးပဲလုပ်လိုက်ပါ။
သူ့အကောင့်က အမြဲတမ်း မီးစိမ်းလေးပြနေပါလိမ့်မယ်။ သူ့အကောင့်ကိုမြင်ရပြီဆိုရင်တော့ ကျွန်တော်တို့ chatting လိုပဲ တစ်ခုခု ရိုက်ပြီး Enter ခေါက်ရမှာပါပဲ။ အတူတူပါပဲ။ အခုဟာကလဲ ဒီပုံစံအတိုင်းပဲလေ။ ကိုသိချင်တဲ့ အင်္ဂလိပ်စာကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်။ en2mm@mmgeeks.org ဆိုတဲ့ဖက်ခြမ်းကနေ Auto Answer ပြန်ပေးပါလိမ့်မယ်။ ကျွန်တော် ဒီပို့စ်ရဲ့နောက်ကပဲ တစ်ခြား ဘာသာတွေကို ထပ်ပြီးတော့ထည့်ပေးပါ့မယ်။
အရင်တုန်းက ကျွန်တော် ဒီပို့စ်ကိုမရေးတာ မြန်မာအင်္ဂလိပ်မပါသေးလို့ စိတ်သိပ်မ၀င်စားသေးတာလဲပါတယ်ဗျ။ ဒီနေ့မှ မထင်မှတ်ပဲ ရလိုက်တာလေ။
Monday, November 3, 2008
အင်္ဂလိပ်စာလေ့လာချင်သူများအတွက်
ဒီပို့ကတော့ အင်္ဂလိပ်စာလေ့လာချင်သူများအတွက် သီးသန့်ပါ ...
ဒီစာအုပ်ကလေးကတော့ အတော်လေးကိုကောင်းပါတယ်...
Author: Bergen Evans, Cor.Nelia Evans
Publisher: Random House. New York
Pages: 574
Excerpt: When we speak or write we want to be understood and respected. We want to convey our meaning and we want to do it in a way that will command admiration. To accomplish these ends we must know the meanings of words, their specific meanings and their connotations, implications and overtones, and we must know how to combine words effectively into sentences. A dictionary can help us to understand the meaning of a word. But the only way to understand a word fully is to see it in use in as many contexts as possible. This means that anyone who wants to improve his vocabulary must read a great deal and must make sure that he understands what he reads. There is no short cut to this kind of knowledge. If a man thinks that noisome and noisy are synonyms, if he uses focus and nexus interchangeably, if he sees no difference between refute and deny and if he assumes that disinterested means uninterested, he will not say what he means. Indeed, he may even say the exact opposite of what he means. Respectable English is a much simpler matter. It means the kind of English that is used by the most respected people, the sort of English that will make readers or listeners regard you as an educated person.
ကျွန်တော်တို့ အင်္ဂလိပ်စကားပြောဆိုရာတွင်လည်ကောင်း၊ ရေးသားရာတွင်လည်းကောင်း၊ ဆိုလိုရင်းကို သူတစ်ပါး နားလည်အောင်နှင့်အဓိပ္ပယ်မလွဲအောင်ရေးသားရပါတယ်။ ထိုသို့ရေးသားရာတွင်စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပယ်နှင့်ဆိုလိုရင်း၊ အသုံးအနှူုံးကိုသိထားရပါမယ်။ ဥပမာ၊ uninterested သည် "စိတ်မ၀င်စားသော" ဟုဆိုလိုသော်လည်း၊ disinterested သည် "ဘက်မလိုက်သော၊တရားမျှတသော" လို့ဆိုလိုပါတယ်။ ဤစာအုပ်တွင်စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပယ်နှင့်ဆိုလိုရင်း၊ အသုံးအနှူုံးစသည်တို့ကိုသေချာစွာရှင်းလင်းပြထားပါတယ်။
download လုပ်ချင်ရင်တော့ ဒီမှာ လုပ်နိုင်ပါတယ် ...
Posted by maung myint soe 0 comments
Labels: internect


