ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, February 19, 2010

How to make New window

How to make New window

မောင်မြင့်စိုး ....... ဘလော့လုပ်တဲ့အခါလေ mebutab ကိုနှိပ်လိုက်တာနဲ့ နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာတာ ဘယ်လို

Description

အပေါ်က ရေးထားတဲ့ ကုဒ်ဟာ အောက်မှာပေါ်နေတဲ့ ပုံစံလေးပါ . ခရမ်းရောင် ပြထားတာက ပြောင်းရမယ့် နေရာပါ . ပထမ ခရမ်းရောင် က သွားမယ့် link ပါ . ဒုတိယ ခရမ်းရောင် ကတော့ အစားထိုးထည့်မယ့် ပုံပါ .

Description

စာသားအစားထိုးထည့်မယ်ဆိုရင်တော့ အောက်က code နဲ့ ရေးပါ ..

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
မောင်မြင့်စိုး at 7:26 AM 1 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Answers, Blog and Html

Windows 7 နှင့် တွဲဖက်အသုံးပြုသင့်သော Antivirus 10 မျိုး

Windows 7 တွင်လုံခြုံရေးဆိုင်ရာ feature အသစ်တွေပါဝင်လာပေမယ့် Antivirus ပရိုဂရမ် များကိုတော့တွဲဖက်အသုံးပြုဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါ
Antivirus ပရိုဂရမ် ၁၀ခု ကတော့ Windows 7 နဲ့တွဲဖက်အသုံးပြုသင့်တဲ့
Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်။

1: AVG
AVG 9.0 ကိုအခမဲ့ဗားရှင်း AVG Antivirus Free ဖြင့်ရရှိ နိုင်သလို AVG
Antivirus, AVG Internet Security, AVG Internet Security Business
Edition စတဲ့ပုံမှန်နှစ်စဉ်ကြေး (Subscription edition) ဖြင့်
လည်းရရှိနိုင်ပါတယ်။ Free edition မှာ antivirus နဲ့ anti-spyware
တွေကိုအသုံးပြုနိုင်ပေ မယ့်အလိုအလျောက် update ပြု
လုပ်ပေးနိုင်မယ့်စနစ်တော့ပါဝင် လာခြင်းမရှိပါဘူး။ Update ပြု
လုပ်လိုတဲ့အခါမှာတော့ manual ဖြင့်ပြုလုပ်နိုင်ပါတယ်။ Subscription
edition မှာတော့ Free edition မှာပါဝင်တဲ့ feature များကို
အသုံးပြုနိုင်သလို phishing နဲ့ anti-rookit ကာကွယ်မှုစတဲ့ feature
တွေကိုအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

2: avast!
လက်ရှိ avast! ဗားရှင်းဟာ ၄.၈ ဖြစ်ပြီး ဗားရှင်း ၅.၀ ကိုတော့
မကြာခင်အသုံးပြုနိုင်တော့မှာဖြစ်ပါ တယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home
Edition နဲ့ နှစ်စဉ်ကြေးပေးသွင်း ကာအသုံးပြုနိုင်တဲ့ Professional
Edition ဆိုပြီးရရှိနိုင်ပါတယ်။ Home Edition မှာ antivirus,
anti-spyware, anti-rookit, automatic update စတာတွေကို
အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition
မှာပါဝင်တဲ့ feature အပြင်အခြား feature မြောက်များစွာဖြင့်အသုံး
ပြုနိုင်မှာဖြစ်ပါတယ်။

3: McAfee
McAfee 2010 ကို Virus-Scan Plus, Internet Security, Total Protection စသည့် Home
Edition သုံးမျိုးဖြင့်ရရှိနိုင်ပြီး Edition တစ်ခုစီတွင် antivirus,
anti-spyware, anti-phishing နဲ့ firewall protection စတဲ့ feature
တွေပါဝင်ပါတယ်။

4: Norton
Norton 2010 ကို Internet Security, AntiVirus စတဲ့ဗား
ရှင်းနှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။ ၎င်းင်း ဗားရှင်းနှစ်မျိုးစလုံးတွင်
virus, spyware, Trojan horse, worm, rookit တို့ဝင်ရောက်ခြင်း
မှကာကွယ်ပေးနိုင်မယ့်အချက်တွေ ပါဝင်ပါတယ်။ Internet Security
ဗားရှင်းမှာတော့ firewall အ တွက်နည်းလမ်းနှစ်မျိုးပါဝင်ပြီးအ
ခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။

5: Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download
ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။
၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot
စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင်
phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။
Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့
မှအချက်အလက်များကိုကာကွယ် ပေးနိုင်တဲ့ Safe Run လိုအဆင့် မြင့် feature
တွေပါဝင်လာသည့် အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့
Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။






6: Trend Micro
Trend Micro ကထုတ်လုပ် တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ဗားရှင်းတစ်ခုစီမှာ antivirus
နဲ့ anti-spyware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Security
ဗားရှင်းတွင် ၀က်ဘ်၊ အီးမေးလ်နဲ့ parental ကာကွယ်မှုစနစ်များကို
အသုံးပြုနိုင်ပါတယ်။

7: Panda Security
Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection
စတဲ့ဗားရှင်းများဖြင့်ရရှိနိုင်ပြီး antivirus, anti-spyware,
anti-phishing, firewall protection တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Internet Security ဗားရှင်းတွင် anti-spam, parental control, backup
စသည့် feature များထပ်ပေါင်းပါဝင်ပြီး Global Protection ဗားရှင်းမှာတော့
backup နဲ့ PC Tuneup feature များပါဝင်လာပါတယ်။

8: PC Tools
Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ virus, spyware, Trojan, adware, worm, keylogger စသည်များကို ဖယ်ရှားပေးနိုင်ပါတယ်။

9: Sunbelt Software
Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ
Windows 7 နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Antivirus + Antispyware
ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း
အသုံးပြုနိုင်ပြီး အဲ့ဒီအတွက်လိုင်စင်ကြေးထပ်မံပေးသွင်းဖို့မလိုပါဘူး။

10: Microsoft Security Essentials
Microsoft Security Essentials ဟာအခမဲ့ download ပြုလုပ်ကာအသုံးပြုနိုင်တဲ့
Antivirus ပရိုဂရမ်ဖြစ်ပါတယ်။ Virus, spyware အပြင်အခြားအန္တရာယ်ရှိတဲ့
rookit, Trojan စတဲ့ ဆော့ဖ်ဝဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်
သံသယဖြစ်ဖွယ်ဖိုင်များနဲ့ပရိုဂရမ်များလုပ်ရှားမှုကိုလည်း
စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach
ဖိုင်များကိုလည်းစစ်ဆေးပေးနိုင်ပါတယ်။

windown 7ကိုမသိခင်သိထားရမယ့် အချက်အလက်များ

http://www.yatanarpon.com.mm/images/stories/technology/mobile/articles_03_thumb250_178.jpg
မိုက္ကရိုဆော့ဖ်ရဲ့ Operating System အသစ်ဖြစ်တဲ့ Windows 7 ရဲ့ Final Version ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ မိုက္ကရိုဆော့ဖ်က ထုတ်ပေးလိုက်ပါပြီ။
Download လုပ်ယူသူတွေများပြားခဲ့သလို စောင့်ကြည့်လေ့လာသူတွေလည်း
တစ်ပုံတစ်ပင်ပါ။ Operation System အသစ်တစ်ခုကို ပြောင်းသုံးတဲ့ကိစ္စဟာ
စီးပွားရေးလုပ်ငန်းတွေမှာတော့ သိပ်မလွယ်ကူပါဘူး။ အတော်စဉ်းစားပြီးမှ
ကူးပြောင်းကြရတာပါ။ ဘာကြောင့်လည်းဆိုတော့ ထွက်ပေါ်ကာစ Operating System
တွေဟာ လုံခြုံရေးဆိုင်ရာအားနည်းချက်တွေ အခြားထုတ်ကုန်တွေဖြစ်တဲ့ Third
Party ဆော့်ဖ်ဝဲနဲ့မကိုက်ညီတာတွေ စသည်ဖြင့် အမျိုးမျိုးသော
အကြောင်းတွေကြောင့်ပါ။ OS ထွက်ပြီးအနည်းဆုံးတစ်နှစ်ကြာမှ
ပြောင်းသုံးကျတာများပါတယ်။



အခြားတစ်ဖက်ကကြည့်လျှင်တော့ Operating System အသစ်ကို စမ်းသပ်သုံးစွဲရန်အတွက် အချိန်ကိုဖဲ့ပေးလိုက်ရလို့ အလုပ်လုပ်ချိန် နှောင့်နှေးမှုဖြစ်ပေါ်နိုင်ခြင်း OS အတွက်လိုအပ်တဲ့ Hardware တွေ
ထပ်မံတိုးမြှင့်ရမှုကြောင့် ငွေကုန်ကြေးကျများခြင်းနှင့် ကျွမ်း
ကျင်ပညာရှင်တွေကို ၄င်း OS နှင့်ပတ်သက်၍ ကျွမ်းကျင်လာအောင်
သုံးစွဲသူတွေကို ကူညီနိုင်အောင် စီမံပေးရခြင်းတို့ကြောင့် ရုတ်တရက်
မပြောင်းကြတာဖြစ်ပါတယ်။
Windows7 ကို ပြောင်းသုံးတော့မယ်ဆိုရင်တော့ အောက်မှာဖေါ်ပြတဲ့ အချက်တွေကို အရင်ဆုံး သိထားဖို့လိုပါလိမ့်မယ်။


၁- Windows 7 ဟာပိုမြန်တယ်။


Windows 7 ဟာ Windows XP SP3 တို့ထက် ပိုမိုပြီးမြန်ဆန်ပါတယ်။ သို့ပေမဲ့ Windows 7 ကို 64-bit သုံးမှ ဒီလိုမျိုးဖြစ်လာမှာပါ။ Windows ကို သုံးဖို့အတွက် Hardware ကတော့ Windows XP ထက်ပိုမိုများပြားတာ
ဖြစ်လို့ Hardware အသစ်တွေ ဝယ်ယူဖို့လိုအပ်ပါလိမ့်မယ်။


၂- Windows7 ကိုတင်မည်ဆိုလျှင် ပညာရှင်ကိုအရင်လေ့လာပါစေ


''မပျက်လျှင်မပြင်ပါနဲ့'' ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ Windows XP ဟာလည်း လက်ရှိစီးပွားရေးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေနဲ့ ကိုက် ညီနေလို့သုံးစွဲလို့ရပါတယ်။ သို့မဟုတ် အလုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုလျှင်တော့ လူ တွေဟာ အသစ်အသစ်တွေကို
ကြိုက်ကြတဲ့အတွက် Operating System အသစ်ကို နှစ်သက်ကြမှာပါ။ ဒါကြောင့်
Window 7 ကို ကျွမ်းကျင်စွာ သုံးစွဲတတ်စေရန် မိမိဌာနမှာရှိတဲ့
ကွန်ပျူတာပညာရှင်တွေကို သုံးစွဲစေပြီးမှ Windows 7
သုံးနိုင်တဲ့ကွန်ပျူတာတွေကို ဒီ OS အသစ်တင်ပေးပါ။ ဒီလို လုပ်ခဲ့လျှင်
သုံးစွဲသူတွေကို အချိန်ကုန်သက်သာစွာနဲ့ ပြဿနာတွေကို
ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။


၃- Windows XP နဲ့ Windows 7 ကိုနှစ်ခုတွဲပြီးမသုံးနိုင်ပါ။


Windows XP နဲ့ Windows 7 တို့ကို ကွန်ပျူတာတစ်ခုထဲမှာထားပြီး သုံးချင်ကောင်း သုံးချင်ပါလိမ့်မယ်။ သို့ပေမဲ့ Microsoft ကတော့ ဒီလိုလုပ်ဖို့အတွက် ထောက်ခံမှုမပေးထားပါဘူး။ ရှိသမျှကို ဖြုတ်ပယ်ပြီးမှသာ
Windows 7 ကို Install လုပ်ဖို့သာပြောဆိုပါတယ်။
Windows XP ကနေ Windows 7 ကို Upgrade လုပ်လို့ရပါတယ်။ သို့ပေမဲ့ ဒီလိုလုပ်ခဲ့လျှင် Registry
Setting ပြောင်းသွားမှာ ဖြစ်တာကြောင့် Application အများအပြားကို
မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ် နိုင်ဖွယ်ရှိတယ်လို့ Microsoft
ကပြောဆိုထားပါတယ်။
၎- Third-Party Upgrade Tools ကိုစဉ်းစားပါ။
Third-Party Tools တွေထဲက Laplink Software ရဲ့ PC-Mover Windows 7 Upgrade Assistant လိုမျိုး Tool တွေကိုသုံးပြီး တူညီတဲ့ Hardware ကနေ XP မှ Windows 7 ကို မြှင့်တင်နိုင်ပါတယ်။ ဒါပေမဲ့ Laplink Software
ကအခမဲ့မရပါဘူး။
၅- Hardware Compatibility ကိုသေချာအောင် စစ်ဆေးပါ။
Window 7 ရဲ့ Hardware လိုအပ်ချက်က Vista မှာ လိုအပ် သလောက်ပါပဲ။ Vista Driver အများစုဟာလည်း Windows 7 ကို အထောက်အပံ့ပြုပါတယ်။ 64-bit ကိုသုံးစွဲတဲ့အခါမှာ လုပ်ဆောင်ချက်က ပိုကောင်းတဲ့အတွက် သုံးစွဲတဲ့အခါ
64-bit Version ကိုသုံးစွဲပါ။
ဆော့ဖ်ဝဲနဲ့ Hardware ထုတ်လုပ်သူတွေက Windows 7 နဲ့ Compatibility ဖြစ်ကြောင်း ပြောဆိုဖော်ပြထားတတ်ပါတယ်။


၆- User Access Control ကပိုကောင်းလာတယ်။


Windows XP SP2 မှာထက် ပိုမိုပြီးထိန်းချုပ်ကိုင်တွယ်ရတာ အဆင့်မြင့်တဲ့ Vista ရဲ့ User Access Control (UAC) ထက်ပိုမိုပြီး တိုးတက်ကောင်းမွန် လာပါတယ်။
့UAC ဟာ Virus တွေနဲ့ Malware တွေရဲ့ အန္တရာယ်ကနေကင်းဝေးအောင် စီမံပေးထားတာ ဖြစ်ပါတယ်။


၇- XP ပေါ်မှာ XP ကိုသုံးနိုင်ဖို့ Virtualization ကိုသုံးကြည့်ပါ။


အကယ်၍ Windows 7 64-bit Professional Version နှင့် အထက်ဝယ်ထားမယ်ဆိုလျှင် XP ကို Windows 7 ပေါ်မှာသုံးနိုင်ဖို့ Virtual Machine ကိုအသုံးပြုနိုင်ပါတယ်။ အကယ်၍ CPU က V/VT-Compatible လည်းဖြစ်မယ်။
Memory ကလည်း Gigabyte အတော်များမယ်ဆိုလျှင် Virtualization နည်းပညာကို
သုံးစွဲသင့်ပါတယ်။