ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Wednesday, March 17, 2010

www.filehippo.com

ဒီတစ်ခါ ပြောချင်တာတော့ ဝင်းဒိုးတင်ပြီး driver တွေပျောက်နေပြီး ဘယ်software တွေ ဘယ်မှာ ရှာရမှန်းမသိသေးတဲ့သူ
တွေ ကျနော်တစ်ခုလမ်းညွန်ပြလိုက်မယ် တစ်ခုစဉ်ကို ဒေါင်းလိုက်ပြီး အတင်တော့ဘူးနော် ကိုသယ်နို်င်သလောက်သာ ယူသွားကြပါ
သယ်မနိုင်ရင်တော့ မောင်မြင့်စိုးအတွက်ထားခဲ့ပေါ့နော် www.filehippo.com

Password hacker free download

password လုံခြုမူ မရှိသူ များ hack လုပ်ချင်သူများ www.password hacker free download.com ကိုရိတ်ထည့်လိုက်ပါ
ပိုလာတဲ့ နေရာ ဘာကိုလိုချင်တယ်ဆိုတကို လေ့လာပါ ကျနော်လည်းဘဲ လေ့လာနေတယ် သိပြီးသားသူများအတွက် ကတော့
ထပ်ပြီးကြိုးစားပေါ့ မသိသေးတဲ့သူတွေအတွက်ကတော့ ကျနော်နှင့်အတူလေ့လာကြမယ်နော် မောင်မြင့်စိုး

Email Password Hacking Software Download

Download From soft82.com password ခိုးပြီးရှာချင်သူများအတွက် သုံးကြည့်လိုက်ပါ ကျနော်ကတော့ စာအရှည်ကြီးရေးဖို့ဟာတော်တော်ပျင်းတယ် မောင်မြင့်စိုး

Email Password Hacking Software Download Button For Your Site

Download From soft82.com ဒါလေးကတော့ ဝသနာ ရှိသူုများ ပေးထားတယ်နော်
လုပ်ရတာကတော့ လွယ်ပါတယ်

Gif Animation ဖန်တီးခြင်း – step 1

ကျနော် ဟိုးထဲက ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့တာတွေ အများကြီးပဲ။ အဲဒီထဲက အကြွေးတစ်ခု စဆပ်ပါ့မယ်။ Gif Animation photo တွေ လုပ်တာကို ပြောပြချင်ပါတယ်။ Software တွေ အများကြီးရှိတယ်။ နည်းတွေလည်း အမျိုးမျိုးရှိတယ်။ လက်စွဲတော် Photoshop ကိုပဲ သုံးပြီး လုပ်ပြသွားပါ့မယ်။ အဓိက က ရည်ရွယ်တာကတော့ Gif တွေ ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို အသက်သွင်းသလဲဆိုတာကို နည်းနည်းလေးမှ မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။ အစက အခြေခံ ၄ မျိုးလောက် လုပ်ပြပြီး ဒီပို့စ်ကို တင်ပြဖို့ပါပဲ။ အရမ်းရှည်သွားတာနဲ့အမျှ နားရှုပ်သွားမှာလည်း စိုးတယ်။ အဲဒီအတွက် ပို့စ်တွေ ခွဲပြီး တစ်ဆင့်ပြီး တစ်ဆင့်တက်သွားပါ့မယ်။ Gif လုပ်ချင်သူများအတွက် Follow me လို့ပဲ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော် ပြောတတ်သလောက် အလွယ်ဆုံးတင်ပြပေးပါ့မယ်။

Software အားလုံးလိုလိုက အတူတူပဲဗျ။ အခြေခံ သဘောတရားနားလည် သွားရင် ဘယ် Software မဆို သုံးလို့ရသွားလိမ့်မယ်။ အခု အမြဲသုံးနေတဲ့ Photoshop နဲ့ပဲ ပြပါ့မယ်။

Image Hosting by Picoodle.com


အဓိက windows သုံးခုနဲ့ အလုပ်လုပ်သွားပါ့မယ်။ 1 က မြင်ကွင်း လို့ပဲ ကျနော်ခေါ်လိုက်ပါ့မယ်။ လက်ရှိ စက္ကန့်ပိုင်းမှာ မြင်ရမယ့် အကွက်ပေါ့။ 2 က Layer manager ပေါ့။ 3 ကတော့ Time Line ပဲဖြစ်ပါတယ်။ (Flash နဲ့ အခြားသော Gif maker များလည်း ဒီနည်းအတိုင်းပါပဲ)

ရုပ်ရှင်တွေလိုပေါ့ဗျာ။ ရုပ်သေဖလင် တစ်ကွက်ခြင်းစီကို flow လေးနဲ့ ပေးသွားလိုက်ရင် animation ဖြစ်သွားပါတယ်။ အဓိက က timeline က frame ဖြစ်ပါတယ်။ frame 1 ကို နှိပ်တယ်။ မြင်ကွင်းမှာ မိမိပေါ်စေချင်တာကို layer manager မှာပြုပြင်တယ်။ အဲလိုပဲ frame 1 ကနေစလို့ တစ်ခုပြီး တစ်ခု သွားစေပြီး မိမိဖြစ်စေချင်တဲ့ ပုံကို ဖော်သွားတာပါ။
အောက်မှာ ကြည့်လိုက်ပါ။ frame 2 ခု ရှိတယ်။ layer 2 ခု ရှိတယ်။ frame 1 ကို နှိပ်ထားပြီး layer 1 မှာ 1 လို့ ရေးလိုက်ပါတယ်။
Image Hosting by Picoodle.com

ပြီးရင် Frame 2 ကို နှိပ်ပြီး 1 လို့ရေးထားတဲ့ layer ကို မျက်စိမှိတ်ခိုင်းပြီး ဖျောက်လိုက်ပါတယ်။
Image Hosting by Picoodle.com
(ပထမပုံမှာ frame 1 ကနေ 2 ကို မျှားပြထားတာက time line သွားမယ့် flow ကို ပြချင်လို့ပါ။ ဒုတိယပုံမှာ frame ကနေ မျှားထိုးပြတာက frame မှာ မြင်ရတဲ့အတိုင်း မြင်ကွင်းက လိုက်ပြောင်းတာကို ပြောပြချင်တာပါ။ )

အဲဒီအတိုင်းလေး လုပ်ပြီး timeline ကို 0.2 စက္ကန့်နှုန်းနဲ့ အဆက်မပြက် သွားစေလိုက်တဲ့အခါမှာ အောက်ပါအတိုင်း ပုံရပါတယ်။
Image Hosting by Picoodle.com

အပေါ်မှာ ပြောခဲ့တဲ့ နည်းကိုပဲသုံးပြီး gif မှာ အလွယ်ဆုံး ပုံတစ်ခုကို လုပ်ပြပါ့မယ်။ ကျနော် blockquote မှာသုံးတဲ့ မီးလုံး ပုံလေး ကို တွေ့မယ်ထင်တယ်။ အောက်မှာ ကြည့်ကြည့်ပါ။

spotlight သဘောမျိုး တဖြတ်ဖြတ် လင်းနေပါတယ်။ အဲဒါကို အစအဆုံးလုပ်ပြပါ့မယ်။ (photoshop ကို အခုမှ စတဲ့လူရော၊ gif ကို မလုပ်ကြည့်ဘူးတဲ့လူရော နားလည်အောင် လွယ်လွယ်လေးကို ချဲ့ကားရေးပါ့မယ်)
New page တစ်ခုယူမယ် နောက်ခံအနက် ခြယ်မယ်။ (ဒီလောက်ကတော့ ပြနေစရာမလိုလောက်ဘူးထင်ပါတယ်)
ပြီးရင် Tool box က Custom shape tool ကို ရွေးပါတယ်။ Options bar မှာ မီးလုံးပုံလေးကို ရွေးပါတယ်။
Image Hosting by Picoodle.com

မီးလုံးပုံလေးတစ်ခုကို ဆွဲပါတယ်။ အဲဒီမီးလုံး layer လေးပေါ်လာပါတယ်။ shape 1 ဆိုတဲ့နာမည်နဲ့ပေါ့။ shape 1 layer ကို drag ဆွဲပြီး layer manager က create new layer ခလုပ်လေးရဲ့ အပေါ်မှာ ချပေးလိုက်ပါတယ်။
Image Hosting by Picoodle.com

Shape 1 Copy ဆိုပြီး နောက်ထပ် layer တစ်ခု ထပ်ထွက်လာပါတယ်။ Menu bar က WindowAnimation ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com

အောက်မှာ မြင်တဲ့အတိုင်း time line ပေါ်လာပါတယ်။
Image Hosting by Picoodle.com

Rectangular Marquee Tool (Shortcut – M) ကို သုံးပြီး မီးသီးဖင်ကို select လုပ်ပါတယ်။
Image Hosting by Picoodle.com

Shape 1 Copy ဆိုတဲ့ layer ကို Right-Click နှိပ်ပြီး Rasterize Layer ကို နှိပ်လိုက်ပါတယ်။
Image Hosting by Picoodle.com

ပြီးရင် ကီးဘုတ်က Delete ကီးကို နှိပ်လိုက်ပါတယ်။ Shape 1 Copy layer မှာ မီးသီးဖင် ပြတ်သွားပါပြီ။ (မီးသီး မီးလင်းတဲ့ ပုံ လုပ်မှာပါ။ မီးသီးဖင်ကပါ အလင်းတွေ မထွက်စေချင်တဲ့အတွက် အလင်းထွက်မယ့် layer မှာ ဖင်ကိုဖြတ်ပစ်လိုက်တာပါ)
Image Hosting by Picoodle.com

Shape 1 Copy layer ကိုပဲ Right-Click နှိပ်ပြီး Blending Options ကိုနှိပ်ပါတယ်။ Outer Glow ကို အောက်ပါအတိုင်း ပြောင်းလဲချိန်ပေးပါ။
Image Hosting by Picoodle.com

ပြီးရင် time line က frame 1 ကို Drag ဆွဲပြီး Duplicates Selected frames ဆိုတဲ့ ခလုပ်ပေါ်မှာ လွှတ်ပေးလိုက်ပါတယ်။
Image Hosting by Picoodle.com

frame နှစ်ခု ရလာပါတယ်။ ကီးဘုတ်က Ctrl ကီး ကို ဖိထားရင်း frame နှစ်ခုလုံးကို click လိုက်ပါတယ်။ နှစ်ခုလုံး select လုပ်တာပါ။ ပြီးတော့ 0 sec. ဆိုတဲ့ အချိန်ရဲ့ ဘေးမှာ Down arrow လေး တွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်ပြီး 0.2 sec လို့ ပေးလိုက်ပါတယ်။ (မိမိ ကြိုက်နှစ်သက်ရာ အချိန် ထားပြီး စမ်းကြည့်လို့ရပါတယ်)
Image Hosting by Picoodle.com

frame 1 ကို click ပြီး layer manager က shape 1 copy ကို ဖြောက်ထားလိုက်ပါတယ်။ (မျက်လုံးပုံ နေရာလေးကို နှိပ်ရင် ပျောက်သွားတာ ပြောခဲ့ပြီးပါပြီ)
Image Hosting by Picoodle.com

frame 2 ကို click ပြီး shape 1 copy ကို ပြန်ဖော်လိုက်ပါတယ်။ (အဲဒီနေရာပဲ ပြန်နှိပ်လိုက်ရင် ပြန်ပေါ်လာပါတယ်)
Image Hosting by Picoodle.com

time line အောက်က play ခလုပ်လေး နှိပ်ကြည့်ပါ။ အောက်ပါတိုင်း မြင်ရပါလိမ့်မယ်။
Image Hosting by Picoodle.com

အဲဒီ preview ကိုကြည့်ပြီး flow အနှေးအမြန် စသည်ဖြင့် မိမိ ပြောင်းလဲချင်တာကို ပြောင်းလဲနိုင်ပါတယ်။
save တော့မယ်ဆိုရင်တော့ FileSave For Web & Devices (shortcut – Alt+Ctrl+Shift+S) ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com

အဲဒီမှာလည်း preview အနေနဲ့ ကြည့်လို့ရပါတယ်။ play ခလုပ်လေးရဲ့ အပေါ်မှာ looping Options : ကို Forever ပေးထားတာ တွေ့ရမှာပါ။ Forever ဆိုရင် မိမိ မီးသီးက မှိန်လိုက် လင်းလိုက် အဆက်မပြက် ဖြစ်နေမှာပါ။ Once လို့ပေးလိုက်ရင်တော့ တစ်ခါဖွင့်မှ တစ်ကြိမ်ပဲ လင်းပါလိမ့်မယ်။
Image Hosting by Picoodle.com

Save ကို နှိပ်ပြီး မိမိပေးချင်တဲ့ နာမည်ပေး save နိုင်ပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

ရလာဒ်က အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်။
Image Hosting by Picoodle.com

frame နှစ်ကွက်ထဲ သုံးပြီး နည်းနည်းလေး နားလည်သွားအောင် ပြလိုက်တာပါ။ first tutorial ပေါ့။ နားလည်မယ်လို့ ထင်ပါတယ်။ နောက်ထပ်ပြီး frame အကွက်တွေ တိုးသွားမယ်။ time ကို တစ်ပြေးညီ မဟုတ်ပဲ လိုသလိုပြောင်းမယ်။ tweens animation frames ကို သုံးပြီး တဖြည်းဖြည်း မှိန်တာ ပေါ်တာတွေ၊ motions တွေကို ဆက်လက် တင်ပြသွားပါ့မယ်။ အလွယ်ဆုံးဖြစ်အောင် ရေးလိုက်တာပါ။ ဒီထက် ပိုလွယ်အောင် ကျနော် မရေးတတ်တော့ပါဘူး။ လူတိုင်းနားလည် လိမ့်မယ်လို့ ထင်ပါတယ်။ အဆင်မပြေတာလေးတွေ ပြန်အော်ပါဦးဗျာ …

Photoshop CS 3 ကို သုံးခဲ့တာပါ။ ဒေါင်းလို သူများ ဒီမှာ တင်ထားပါတယ်။

ယခုပို့စ်အတွက် PDF Download PDF Download

Photoshop CS4 Tips & Tricks 100

Photoimpact အတွက် ကျနော် basic level လောက် E-Book တစ်အုပ်ရေးခဲ့ဘူးတယ်။ Photoshop အတွက်တော့ သတ်သတ်မှတ်မှတ်မရေးဖြစ်ပဲ Tutorial တွေလောက်ပဲ ရေးခဲ့တယ်။ အဲဒါတွေကလည်း အခုမှ စပြီး လုပ်မယ့်လူတွေအတွက် level နည်းနည်းလေး ဟ သွားမယ်ထင်တယ်။ ထပ်လည်း ရေးပေးနိုင်ဖို့ အခြေအနေမရှိတော့ဘူးလေ။ အဲဒီတော့ အဆင်ပြေမယ့် စာအုပ်ပဲ ရှာပေးရတော့တာပေါ့။ အခုပေးမယ့် စာအုပ်က Tutorials 114 ခုပါတယ်။ အခြေခံအကျဆုံး Tutorial(ဥပမာ- Duplicate layer လုပ်တာ)ကနေ ထူးခြားတဲ့ plug-in, လှပတဲ့ trick လေးတွေက Designer လုပ်နေတဲ့လူတွေအထိ အသုံးတည့်နိုင်ပါလိမ့်မယ်။ (ကျနော်ကတော့ တစ်အုပ်လုံးလှန်ကြည့်တယ်။ မသိသေးတာ တစ်ခုပဲရလိုက်လည်း ကျနော့်အတွက် အသုံးဝင်တယ်လို့ပဲ ယူဆပါတယ်)
တစ်ဆင့်ခြင်း မျှားတွေ နံပါတ်စဉ်တွေနဲ့ ပြထားပါတယ်။ အတော်လည်း အဆင်ပြေပါလိမ့်မယ်။

Download From Mediafire (Photoshop CS4 Tips & Tricks 100 [E-Book])

Download From ifile (Photoshop CS4 Tips & Tricks 100 [E-Book])

Download From Zshare (Photoshop CS4 Tips & Tricks 100 [E-Book])

အဆင်မပြေတာ လုပ်မရတာတွေ ရှိခဲ့ရင် ပြောကြပါ။ ကျနော် တတ်နိုင်သလောက် ကူညီအကြံပေးပါ့မယ်။

ယခုပို့စ်အတွက် PDF Download PDF Download

Secrets of PS ( Shadows/Highlights )

Photoshop နဲ့ ပတ်သတ်ပြီး သေးသေးလေးတွေ ပြောချင်တာရှိတယ်။ တကယ့်ကို သေးသေးလေးတွေပါ။ ဓါတ်ပုံရိုက် ၀ါသနာပါပြီး အပျော်တမ်းရိုက်ထားတဲ့ပုံတွေကို ပြုပြင်နိုင်အောင်ပါ။ တစ်ခုကို ပို့စ်တစ်ခုချင်းအနေနဲ့ နည်းနည်းလေးစီ တင်သွားပေးပါ့မယ်။ အားလုံးက သိပြီးသားတွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားနည်းတွေ သုံးမိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလေ … ပုံတစ်ပုံ မှောင်ရိပ်ကျနေတယ်။ curve ကိုသုံးပြီး လင်းလို့လည်း ရနိုင်တာပဲလေ။ သူကကျ ပုံတစ်ခုလုံးရဲ့ အလင်းတွေရော၊ အမှောင်တွေကိုရော အားလုံးကို တသားထဲသတ်မှတ်ပြီး ချိန်တာ။ မှောင်နေတဲ့နေရာ တစ်ဆလင်းဖို့ လင်းနေတဲ့နေရာ သုံးဆလောက် ပိုတောက်သွားမယ်လေ။ အခုသုံးပြမယ့် Shadows/Highlights နဲ့ ယှဉ်ကြည့်ပေါ့ ..

အပျော်တမ်း ကင်မရာနဲ့ Outdoor ရိုက်ခဲ့ဘူးရင် ဒီလိုပုံတွေ ရှိကိုရှိနေမှာပါ။
Image Hosting by imagefra.me

ှုImage – Adjustments – Shadows/Highlights ကို နှိပ်ပါတယ်။
Image Hosting by imagefra.me

အချိန်အဆကတော့ အတည်တကျရယ်လို့ သတ်မှတ်လို့မရဘူးလေ။ မိမိပုံပေါ်မူတည်ပြီးပဲ ချိန်လိုက်ပါ။ Preview ဆိုတဲ့ check box လေးကို check/uncheck လုပ်ပြီး လက်ရှိချိန်ထားတာနဲ့ မူရင်းကို ယှဉ်ကြည့်ပေါ့။
Image Hosting by imagefra.me

ှShow more Options ဆိုတာကို နှိပ်ကြည့်။
Image Hosting by imagefra.me

တစ်ခုချင်းကို အတင်အချ လုပ်ပြီး ကြည့်။ ဘာပြောင်းလဲသွားသလဲပေါ့။ ကျနော်ပြောနေတာထက် ကိုယ်တိုင်လုပ်ကြည့်လိုက်တာက ပိုနားလည်မြန်ပါတယ်။
Image Hosting by imagefra.me

result ကတော့ အောက်ပုံအတိုင်းပဲပေါ့ ….
Image Hosting by imagefra.me

CS 4 secrets ထဲက သေးသေးလေးတစ်ခုကို ပြန်ပြောပြတာပါ။ သိပြီးသားဖြစ်နိုင်သလို၊ အသုံးမ၀င်လည်း ဖြစ်နိုင်ပါတယ်။ ကျနော်ဆက်ရေးပါဦးမယ်။ ဒီ့ထက်အသုံးဝင်မှာလေးတွေပေါ့။

(ကျနော်ရေးခဲ့သမျှ Tutorials တွေက အနည်းဆုံး CS 3 လောက်နဲ့ လိုက်လုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ photoshop 7 ကို သုံးနေသေးတဲ့သူတွေကတော့ တော်တော်ကို ခေတ်နောက်ကျနေပြီလို့ ပြောရတော့မှာပဲ။ နောက်ပြီး ရေးထားသမျှတွေကိုရှာမတွေ့ဘူးဆိုသူများအတွက်က ခေါင်းစဉ်တွေအတိုက် Dtree Menu လေးလုပ်ပေးထားပါတယ်။ ရှာလို့လွယ်အောင်ပါ။ ရှာကြည့်လိုက်ပါဗျာ …. အားလုံးရှိပါတယ်)

ယခုပို့စ်အတွက် PDF Download PDF Download

photoshop အတွက် keyboard shortcut

“အောင်မျိုးဟန်: photoshop ရဲ့ keyboard shortcut တွေ ပြောပြပါလားဗျ”

ကိုအောင်မျိုးဟန်ရေ … ကျနော်မေ့နေတာဗျ .. ။ ပြီးတော့ မေးတာလေးတွေ ဖြေဖို့ ခေါင်းစဉ်လုပ်ထားပြီးမှ ဘယ်သူမှ မမေးကြတော့လို့လေ … ။ အဲဒီအတွက်ကျေးဇူးပါနော် … ။ ကျနော် ရေးပြပြီးဒီမှာ တင်ထားပေးတာထက် စာရင် E-Book လေးပေးလိုက်တာ ပိုအဆင်ပြေမယ်ထင်တယ်နော် .. ။ CS4,CS3,CS2,Photoshop 7 စတဲ့ Version ၃ မျိုးအတွက် တင်ပေးထားပါတယ်။ Shortcut တွေ ဖြစ်တဲ့အတွက် OS မတူရင် Shortcut key တွေလည်း မတူပါဘူး။ ကျနော် window အတွက်ရော၊ MAC အတွက်ပါ တင်ထားပေးလိုက်ပါတယ်။ အဆင်ပြေပါစေဗျာ ….

Keyboard Shortcuts Cheat Sheet (June 9, 2009)

Adobe Photoshop CS4

Download for: PDF PC (45 KB) or PDF Mac (45 KB)

Adobe Photoshop CS3

Download for: PDF PC (43 KB) or PDF Mac (42 KB)

Adobe Photoshop CS2

Download for: PDF PC (51 KB) or PDF Mac (50 KB)

Adobe Photoshop CS

Download for: PDF PC (49 KB) or PDF Mac (49 KB)

Adobe Photoshop 7

Download for: PDF PC (32 KB)

အရင်ထဲက ရေးထားခဲ့တို့ ပို့စ် လေးပါ။ အခု CS 4 အတွက် ထပ်ဖြည့်ပြီး date ပြောင်းပြီး ပြန်တင်လိုက်ပါတယ်။

ယခုပို့စ်အတွက် PDF Download PDF Download