ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Wednesday, March 17, 2010

Secrets of PS ( Shadows/Highlights )

Photoshop နဲ့ ပတ်သတ်ပြီး သေးသေးလေးတွေ ပြောချင်တာရှိတယ်။ တကယ့်ကို သေးသေးလေးတွေပါ။ ဓါတ်ပုံရိုက် ၀ါသနာပါပြီး အပျော်တမ်းရိုက်ထားတဲ့ပုံတွေကို ပြုပြင်နိုင်အောင်ပါ။ တစ်ခုကို ပို့စ်တစ်ခုချင်းအနေနဲ့ နည်းနည်းလေးစီ တင်သွားပေးပါ့မယ်။ အားလုံးက သိပြီးသားတွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားနည်းတွေ သုံးမိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလေ … ပုံတစ်ပုံ မှောင်ရိပ်ကျနေတယ်။ curve ကိုသုံးပြီး လင်းလို့လည်း ရနိုင်တာပဲလေ။ သူကကျ ပုံတစ်ခုလုံးရဲ့ အလင်းတွေရော၊ အမှောင်တွေကိုရော အားလုံးကို တသားထဲသတ်မှတ်ပြီး ချိန်တာ။ မှောင်နေတဲ့နေရာ တစ်ဆလင်းဖို့ လင်းနေတဲ့နေရာ သုံးဆလောက် ပိုတောက်သွားမယ်လေ။ အခုသုံးပြမယ့် Shadows/Highlights နဲ့ ယှဉ်ကြည့်ပေါ့ ..

အပျော်တမ်း ကင်မရာနဲ့ Outdoor ရိုက်ခဲ့ဘူးရင် ဒီလိုပုံတွေ ရှိကိုရှိနေမှာပါ။
Image Hosting by imagefra.me

ှုImage – Adjustments – Shadows/Highlights ကို နှိပ်ပါတယ်။
Image Hosting by imagefra.me

အချိန်အဆကတော့ အတည်တကျရယ်လို့ သတ်မှတ်လို့မရဘူးလေ။ မိမိပုံပေါ်မူတည်ပြီးပဲ ချိန်လိုက်ပါ။ Preview ဆိုတဲ့ check box လေးကို check/uncheck လုပ်ပြီး လက်ရှိချိန်ထားတာနဲ့ မူရင်းကို ယှဉ်ကြည့်ပေါ့။
Image Hosting by imagefra.me

ှShow more Options ဆိုတာကို နှိပ်ကြည့်။
Image Hosting by imagefra.me

တစ်ခုချင်းကို အတင်အချ လုပ်ပြီး ကြည့်။ ဘာပြောင်းလဲသွားသလဲပေါ့။ ကျနော်ပြောနေတာထက် ကိုယ်တိုင်လုပ်ကြည့်လိုက်တာက ပိုနားလည်မြန်ပါတယ်။
Image Hosting by imagefra.me

result ကတော့ အောက်ပုံအတိုင်းပဲပေါ့ ….
Image Hosting by imagefra.me

CS 4 secrets ထဲက သေးသေးလေးတစ်ခုကို ပြန်ပြောပြတာပါ။ သိပြီးသားဖြစ်နိုင်သလို၊ အသုံးမ၀င်လည်း ဖြစ်နိုင်ပါတယ်။ ကျနော်ဆက်ရေးပါဦးမယ်။ ဒီ့ထက်အသုံးဝင်မှာလေးတွေပေါ့။

(ကျနော်ရေးခဲ့သမျှ Tutorials တွေက အနည်းဆုံး CS 3 လောက်နဲ့ လိုက်လုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ လက်ရှိအခြေအနေမှာ photoshop 7 ကို သုံးနေသေးတဲ့သူတွေကတော့ တော်တော်ကို ခေတ်နောက်ကျနေပြီလို့ ပြောရတော့မှာပဲ။ နောက်ပြီး ရေးထားသမျှတွေကိုရှာမတွေ့ဘူးဆိုသူများအတွက်က ခေါင်းစဉ်တွေအတိုက် Dtree Menu လေးလုပ်ပေးထားပါတယ်။ ရှာလို့လွယ်အောင်ပါ။ ရှာကြည့်လိုက်ပါဗျာ …. အားလုံးရှိပါတယ်)

ယခုပို့စ်အတွက် PDF Download PDF Download

0 comments: