ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 12, 2010

အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသည့် ငါးတစ်မျိုး ဖမ်းဆီးရမိ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)

အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသည့် ငါးတစ်မျိုး ဖမ်းဆီးရမိ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)

အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသည့် ငါးတစ်မျိုး ဖမ်းဆီးရမိ







ဂူတွင်းရေအိုင်တစ်ခုအတွင်းမှ အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသော ငါးတစ်မျိုးကို တရုတ်ရွာသားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းလှိုဏ်ဂူသည် အနက်ပေ မီတာ(၁၀၀၀)ထိ
နိမ့်ဆင်းသွားသည့် နေရာတွင် တည်ရှိသည်။ ပညာရှင်များက ယခုတွေ့ရှိသော
မျိုးစိတ်သစ် ထူးခြားသည့်ငါးများအား အမျိုးအစား မခွဲခြားနိုင်သေးဟုဆိုသည်။
တရုတ်တောင်ပိုငး၊ ဂွမ်ဇီးရှိ ဘာမာမြို့နယ်၊ ဒါလူကျေးရွာလေးအနီးရှိ
ကျောက်ဂူတစ်ခုအတွင်းမှ ဖမ်းမိသောငါးသည် ဘဲနှုတ်သီးနှင့်ဆင်တူသော
ပါးစပ်နှင့် နီရဲသောနှုတ်ခမ်းများ ရှိနေသည်။ သေးသွယ်သည့် ပုံသဏ္ဍန်ရှိသော
ထူးထူးခြားခြားငါး၏ မျက်လုံးများမှာ ပါးစပ်နှင့် အလွန်နီးကပ်စွာ
တည်ရှိနေသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး လီဇူနန်းက ယခင်ကတည်းက
ထိုငါးအကြောင်းကို လူကြီးသူမများက ပြောဆိုခဲ့သည်ကို ကြားဖူးကြောင်း
ထုတ်ဖော်ပြောဆိုသွားသည်။ သို့သော်လည်း မျိုးဆက်သစ် လူငယ်များအနက်တွင်
ယခုငါးမျိုးကို မည်သူမျှ မမြင်ဖူးသဖြင့် ဒဏ္ဍာရီအဖြစ်သာ လက်ခံထားခဲ့ကြောင်း
ဇူနန်းကဆိုသည်။ သို့သော်လည်း ယခုအခါ ထိုငါးအချို့ကို ဖမ်းမိလာပြီးနောက်
ထိုကိစ္စမှာ အမှန်ဖြစ်ကြောင်း ဖော်ထုတ်လာနိုင်ခဲ့သည်။ ငါးအားတွေ့ရှိသည့်
ကျောက်ဂူကို ယခုအခါ ဖူယွမ်ဒေါင်ဟု အမည်ပေးထားပြီး အဓိပ္ပါယ်မှာ
ကံကြမ္မာလှိုဏ်ဂူဟူ၍ဖြစ်သည်။ ငါးများကို ဖမ်းမိပြီးနောက် ဂွမ်ဇူးရှိ
ရေနေသက်ရှိ လေ့လာရေး ပညာရေးဌာနသို့ ပို့ဆောင်လိုက်သော်လည်း
မည်သည့်ပညာရှင်ကမျှ ယင်းငါးမျိုးစိတ်အကြောင်း ဂဃနဏ မပြောနိုင်သေးချေ။
ယခုငါးသည် ယခင်က မှတ်တမ်းတင်ထားနိုင်ခြင်း မရှိသေးသည့် ငါးမျိုးစိတ်တစ်ခု
ဖြစ်နိုင်ကြောင်းလည်း ပညာရှင်များက မှတ်ချက်ပြု ပြောဆိုထားသည်။

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုကြ (ဖေဖော်ဝါရီလ ၂၄ ရက်နေ့)

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုကြ (ဖေဖော်ဝါရီလ ၂၄ ရက်နေ့)

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုကြ







ကမ္ဘာ့နိုင်ငံ အတော်များများတွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ကို (၂၀၀၀)ပြည့်နှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့ပြီး နိုင်ငံတကာ
မိခင်ဘာသာစကားနေ့အဖြစ် ကုလသမဂ္ဂ အမျိုးသားပညာရေး၊ သိပ္ပံနည်းပညာနှင့်
ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO)က (၁၉၉၉)ခုနှစ်၊ နိုဝင်ဘာလတွင် အတည်ပြု
သတ်မှတ်ပေးထားခြင်းဖြစ်သည်။ (၁၁)နှစ်မြောက်အဖြစ် ကျဉ်းပသည့် ယခုနှစ်
နိုင်ငံတကာ မိခင်ဘာသာစကားနေ့တွင်လည်း နိုင်ငံအတော်များများတွင်
ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်ခဲ့သည်။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တော်၊
အက်ရှ်ဖီးလ်ရှိ နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်ကျောက်တိုင်တွင်
ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ
ရှာဟိမာနာ ကျောက်တိုင်တွင်လည်း ပန်းအလှများဆင်မြန်းကာ ကြိုဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း (၇၀၀၀)ကျော်ရှိသည်ဟု ပညာရှင်များက
သတ်မှတ်ထားပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့သည် အဆိုပါ ဘာသာစကားတိုင်း၏
တန်ဖိုးနှင့် အဆင့်အတန်းကို ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။ (၁၉၄၇)ခုနှစ်က
ပါကစ္စတန်နိုင်ငံသည် အိန္ဒိယထံမှ ခွဲထွက်ခဲ့ပြီး တစ်နှစ်အကြာတွင် အစိုးရက
မိခင်ဘာသာစကားအဖြစ် အာဒူလူမျိုးတို့၏ တိုင်းရင်းသား ဘာသာစကားကို
အသုံးပြုရမည်ဟု အာဏာသုံးပြီး ကြေညာခဲ့သည်။ ထိုအခါ ဟိန္ဒူနှင့် မွတ်ဆလင်
ဘာသာဝင်များ ကွဲပြားနေသလို လူမျိုးပေါင်းစုံ ရှိနေသည့်
ပါကစ္စတန်နိုင်ငံသားများအတွက် မကျေနပ်စရာ ဖြစ်လာခဲ့သည်။



ထို့အတူ ထိုစဉ်က အရှေ့ဘင်္ဂလားဟုခေါ်သော ဘင်္ဂလားဒေ့ရှ်တွင်လည်း ယင်းကဲ့သို့ ကန့်သတ်ချက်မျိုးကို သဘောမကျဘဲ ဖြစ်လာကြသည်။ (၁၉၅၂)ခုနှစ်၊
ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင်မူ ဘင်္ဂလားဒေ့ရှ်ရှိ ဒါကာတက္ကသိုလ်မှ
ကျောင်းသားများသည် အာဒူဘာသာကို မိမိတို့၏ မိခင်ဘာသာအဖြစ်
မသတ်မှတ်လိုကြောင်း ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ကွဲပြားနေသော တိုင်းရင်းသား
မျိုးနွယ်စုများအလိုက် မိမိတို့၏ ဘာသာစကားကိုသာ မိခင်ဘာသာစကားအဖြစ်
သတ်မှတ်လိုကြောင်း ကြွေးကြော်ခဲ့ကြသည်။ ထိုအရေးအခင်းတွင် အစိုးရ၏
နှိမ်နင်းမှုကြောင့် ကျောင်းသားများ အသက်ပေးခဲ့ကြရသည်။



နှစ်ပေါင်း(၅၀)နီးပါး ကြာမြင့်ပြီးနောက် မိခင်ဘာသာစကားတစ်မျိုးစီ သတ်မှတ်ရန် UNESCOက စဉ်းစားလာခဲ့ရာ ကမ္ဘာ့သမိုင်းတလျှောက် ဘာသာစကား
လှုပ်ရှားမှုများကို လေ့လာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ
ဆန္ဒပြခဲ့သည့် ဖေဖော်ဝါရီ (၂၁)ရက်နေ့ကို နိုင်ငံတကာ မိခင်ဘာသာစကားနေ့အဖြစ်
သတ်မှတ်ရန် ဆုံးဖြတ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ထိုနေ့ကို အကြောင်းပြု၍
ဒါကာမြို့တော်တွင်လည်း ရှာဟိမာနာကျောက်တိုင်ကို စိုက်ထူကာ အင်္ဂလိပ်နှင့်
ဘင်္ဂလားဒေ့ရှ် ဘာသာစကားများဖြင့် “We will remember the martyrs of 21
February” (ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ယုံကြည်ချက်အတွက်
အသက်ပေးသွားကြသူတွေကို အမြဲတမ်း သတိရနေမယ်)ဟု ဂုဏ်ပြုစာတန်း
ရေးထိုးထားကြောင်းလည်း သိရှိရသည်။

လပေါ်မှာရေတွေ့ရှိဟု နာဆာအဖွဲ့ပြော

နာဆာ အဖွဲ့ဟာ လပေါ်မှာ အရေအမြောက်အများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တချိန်က
လပေါ်မှာ ရေရှိမည်လောဟု လကမ္ဘာဆိုင်ရာ နာဆာစခန်းမှ
အိမ်မက်တွေမက်ခဲ့ကြတာတွေလဲ ပြန်လည်အသက်ဝင်ခဲ့ပါတယ်။ ရေဒါကိရိယာများ မှ
ဖော်ပြချက်အရ လကမ္ဘာရဲ့ မီးတောင်ဝ များကဲ့သို့သောထင်ရသည့်
အရာများရှိရာနှင့်နီးသော မြောက်ဝင်ရိုးစွန်းနားမှာ အနည်းဆုံး တန်ချိန်
သန်းပေါင်း ၆ဝဝ ခန့်ရှိမည်ဟုခန့်မှန်းရသည့် ရေခဲများကို
တွေ့ရှိခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုရေခဲများဟာ အရေအတွက် ၄ဝ ရှိသော
မီးတောင်ဝဟု ထင်ရသော အရာများအတွင်းမှာတည်ရှိတာဖြစ်တယ်လို့ လကမ္ဘာဆိုင်ရာ
ရေဒါ

Chandrayaan-1 မှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ လ ခန့်ကလည်း အာကာသ
အေဂျင်စီမှလည်း လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းတန်းဘက်မှာ ရေ
တွေ့ရှိခဲ့ကြပါတယ်။

ထိုအဖွဲ့နှင့် အတူတကွ ပေါင်းပြီး အသုံးပြုကြည့်ရာမှာတော့ ထိုရေးများဟာ
သောက်လို့ရသလို ဟိုက်ဒရိုဂျင်ဒုံးပျံ လောင်စာ အဖြစ်လဲအသုံးပြုလို့ရပါတယ်။
ကျွန်တော်တို့ တွေ့ရှိရတဲ့ အချက်အလက်တွေ့နဲ့ ပါတ်သက်ပြီး ကျွန်တော်တို့
သိပ္ပံအဖွဲ့ဟာ စီစစ်ပြီးမှ လပေါ်မှာ ရေခဲ ရှိတယ်ဆိုတာ
ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ နာဆာ အမှု့ဆောင်အရာရှိတစ်ဦးဖြစ်တဲ့ Jason
Crusan က ပြောပြပါတယ်။ ရေခဲဟာ လကမ္ဘာပေါ်မှာရှိတဲ့ အာကာသ စခန်းအတွက်
အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သောက်ရေအတွက် နှင့် အာကာသ
လောင်စာအတွက် ရေအမြောက်အများ လိုအပ်မှု့ကြောင့်ဖြစ်ပါတယ်။ နာဆာရဲ့ Mini-SAR
ရေဒါ မှ ရိုက်ကူးလို့ရခဲ့တဲ့ဓါတ်ပုံ များအရ လကမ္ဘာရဲ့ ယဉ်စွန်းတန်း
နှစ်ခုလုံးဟာအမြဲတမ်း နေရောင်ခြည်အလင်း မရောက်တဲ့နေရာများ ဖြစ်ပါတယ်။
ထိုနေရာများဟာ အမြဲတမ်းမှောင်မိုက်နေခဲ့သလို အလွန်လဲ အေးတဲ့နေရာများ
ဖြစ်ပါတယ်။ သို့အတွက်ကြောင့် သိပ္ပံ ပညာရှင်များဟာ အရင်ကတည်းက
ယူဆခဲ့ကြတာဖြစ်ပါတယ်။ Moon Mineralogy Mapper အေဂျင်စီမှ လကမ္ဘာ ယဉ်စွန်း
တန်း ဒေသတွေမှာ ရေ မော်လီကျူ့များကို ရှာဖွေတွေ့ခဲ့ကြတာဖြစ်ပြီး။ နာဆာ
အဖွဲ့မှ ရေငွေ့ကို ရှာဖွေ့တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက် ။ ။ Myanmar Reader မှတစ်ဆင့် ကူးယူးဖော်ပြသည်

လိုအပ်ရင် ဒေါင်းလိုက်ပါ

http://www.mmphotoshop.net

http://www.mmphotoshop.net
photo shop လေ့လာချင်သူများအတွက်ပါ

http://www.myanmarsongs.net/

http://www.myanmarsongs.net/

Mobile Phone English-Myanmar Dictionary

Mobile Phone English-Myanmar Dictionary


Cbox မှာ လာရောက်တောင်းဆိုသော မချောရေ . . .။ လိုချင်တဲ့ mobile phone english-myanmar dictionary ဆော့ဝဲလ်ကတော့ ရှိပါတယ်။ ဒါပေမယ့် ပိုက်ဆံပေးရတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေလုပ်ထားတာ ဆိုတော့ ပိုက်ဆံနဲ့ ရောင်းပါတယ်။ ဒါကို ဖရီးရအောင်တော့ အနော်လဲ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဟီး .. .။ စမ်းသုံးချင်တယ်ဆိုရင်တော့ (၃)ရက်တော့ ဖရီးသုံးခွင့် ပေးထားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ သွားရောက်လေ့လာပါ။ မည်သည့်နေရာတွင် ၀ယ်ရမည်ဆိုတာပါ ဖော်ပြပေးထားပါတယ်။

(၃)ရက်လောက် စမ်းသုံးကြည့်ချင်တယ်ဆိုရင် အဲဒီဝက်ဆိုက်ရဲ့ Download ဆိုတာလေးကို နှိပ်ပါ။ Defined:Mobile (3 days trial) ဆိုတဲ့ စာတန်းအောက်မှာ Download ဆိုတာ ရှိပါတယ်။ Download ယူပြီး စမ်းသုံးကြည့် နိုင်ပါတယ်။

အဲ english-myanmar ဆော့ဝဲလ်ကို မပေးနိုင်ပေမယ့် english-english dictionary ဖိုင်လေးတော့ လိုရမယ်ရ တင်ပေးလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။ အဆင်ပြေစေချင်တဲ့ . . .

မြန်မာကို တိုက်ရိုက်ပြန်မယ်

မြန်မာကို တိုက်ရိုက်ပြန်မယ်


အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။ ပြောချင်တာ ကြာပေမယ့် မအားလပ်တာကြောင့် နောက်ကျသွားတယ်။ ကြေငြာလိုက်ပြီနော်။

Google ၏ လျှို့ဝှက်ချက်များ

Google ၏ လျှို့ဝှက်ချက်များ

ခရီးထွက်နေတော့ ဘလော့ကို တစ်လကျော် နှစ်လနီးပါးလောက် လှည့်မကြည့် နိုင်ခဲ့ဘူး။ ခရီးက ပြန်ရောက်တော့လဲ ဘာရေးရမှန်း မသိဘူး ဖြစ်နေတာ။ ဒါနဲ့ အခု လတ်တလော နည်းပညာ စာစောင်တွေ ဖတ်ဖြစ်တော့ အဲဒီမှာ Google နဲ့ ပတ်သက်တဲ့ အရာလေး တစ်ခုသွားတွေ့တယ်။ အဲဒါလေး ဖော်ပြပေး လိုက်ပါတယ်။

Google မှာ ပုံတွေ ရှာတဲ့အခါ မိမိတို့ လိုချင်တဲ့ ပုံကို ပိုမိုရရှိနိုင်ဖို့ သုံးသင့်တဲ့ နည်းလမ်းလေးပါ။ ဥပမာ- ကလေးပုံကို Google မှာ ရှာချင်ရင် baby ဆိုပြီး ရိုက်ရှာကြမှာပါ။ အဲဒီအခါကျရင် ကလေးပုံဟာ မိမိတို့ မလိုချင်တာရော လိုချင်တာတွေပါ များစွာ ပေါ်လာမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာက ကလေးပြုံးနေတဲ့ပုံ။ ကျလာတာတွေက မဲ့တာရော၊ ပြုံးတာရော၊ ငိုတာရော အစုံပေါ့။

ကဲ မိမိလိုချင်တဲ့ ပုံတွေ များစွာ ရရှိစေဖို့ http://similar-images.googlelabs.com လင့်ကို ဖွင့်ပါ။



အထက်ပါ ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ ပြီးတော့ မိမိ ရှာချင်တဲ့ image name ကို ရိုက်ထည့်။ ဥပမာ- ရယ်နေသော ကလေးပုံ လိုချင်ရင် laughing baby လို့ ရိုက်။ ပေါ်လာတဲ့ ကလေးပုံထဲက စိတ်ကြိုက်ပုံတွေ့ရင် အဲဒီပုံနဲ့ ဆင်တူတဲ့ ပုံကို ထပ်လိုချင်ရင် ပုံရဲ့အောက်မှာ similar images ဆိုတဲ့ စာတန်းလေး ရှိတယ်။ နှိပ်လိုက်ရုံပါ။ အားလုံး အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။

အင်္ဂလိပ်စကားပြော လေ့လာရအောင်

အင်္ဂလိပ်စကားပြော လေ့လာရအောင်

အင်္ဂလိပ်စာကို မိမိအနေနဲ့ လေ့လာနေတာ ကြာပါပြီ။ ဆရာလွတ်အနေနဲ့ စာအုပ်မျိုးစုံ ၀ယ်ဖတ် လေ့လာခဲ့ပါတယ်။ အင်တာနက် သုံးတတ်လာတော့လဲ နည်းပညာ၊ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကိုပဲ ကြိုးစား ရှာဖွေ လေ့လာခဲ့ပါတယ်။ ဒီနေ့ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဒီဆိုက်က အင်္ဂလိပ် စကားပြောကို အထူးပြုထားပါတယ်။ အင်္ဂလိပ် စကားပြောကို အခြေခံကနေ အဆင့်မြင့်ထိ လေ့လာလို့ ရပါတယ်။ ပြောရမယ့် စကားကို အသံပါ နားထောင်လို့ ရပါတယ်။ သဘောကျ နှစ်ခြိုက်မိတဲ့အတွက် မိမိလို အင်္ဂလိပ်စာ လေ့လာသူများအတွက် ဖော်ပြပေး လိုက်ပါတယ်။ ဆိုက်အမည်က www.talkenglish.com ဖြစ်ပါတယ်။ အင်္ဂလိပ်စာ တော်စေ၊ တတ်ပါစေ။

Gtalk ၏ အသုံးဝင်မှုများ

Gtalk ၏ အသုံးဝင်မှုများ


Gtalk ကနေ မြန်မာပြည်မှ ပြည်ပကို ဖုန်းခေါ်မလား။ ပြည်ပကနေ မြန်မာပြည်ကို ခေါ်မလား။ ဒါမှ မဟုတ် မြန်မာပြည်နဲ့ ပြည်ပ ဖုန်းနှစ်လုံး ချိတ်ဆက်အသုံးပြုမလား။ မြန်မာပြည်ဖုန်းကနေ ပြည်ပဖုန်းကို ခေါ်မလား။

အဲဒီဝန်ဆောင်မှုတွေကို www.bamartalk.com မှာ အသုံးပြုလို့ရပါတယ်။ register လုပ်ပြီး အသုံးပြုရပါမယ်။ အသုံးပြုရမည့် နည်းလမ်းများကိုလဲ အသေးစိတ် ဖော်ပြထားပါတယ်။ မိမိကိုယ်တိုင်တော့ မစမ်းသပ်ဖူးတဲ့အတွက် မသိပါ။ သို့ပေမယ့် သတင်းကောင်းဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေပါစေ။

Vista WinFlip

Vista WinFlip


Window Vista ကို သုံးတုန်းက Winflip ကို တော်တော် သဘောကျခဲ့တယ်။ မအားလပ်တာနဲ့ ပြန်မရှာဖြစ်ဘူး။ ဒီနေ့တော့ ရလာပြီ။ သုံးကြည့်တော့လဲ အရင်လောက် စွဲစွဲလမ်းလမ်း မရှိတော့ပါဘူး။ ဒါပေမယ့် သုံးတော့ သုံးနေတယ်။ တစ်ခါတစ်လေတော့လဲ အနှောင့်အယှက် ဖြစ်သလိုပဲ။ ဟီး။ သုံးကြည့်ချင်တယ်ဆိုရင်တော့ သုံးကြည့်ပေါ့။ ဒီမှာ Download လုပ်ယူပါ။

Slideshow Studio Portable

Slideshow Studio Portable


ရှာလိုက်ရတာ။ တွေ့တော့လဲ ၀မ်းသာရတယ်။ ဓာတ်ပုံတွေကို သီချင်းနဲ့ အယ်ဘမ် လုပ်တဲ့အရာ။ လွယ်လဲလွယ်။ Install လုပ်စရာလဲ မလိုတော့ ပိုကြိုက်တာပေါ့။ Portable လေ။ အခုနောက်ပိုင်း Portable တွေ တော်တော် ခေတ်စားနေပုံရတယ်။

ဟိုဆိုက်မှာ တွေ့လဲ ဒါ။ ဒီဆိုက်တွေမှာလဲ ဒါ။ အခုလဲ မိမိက ရလာတော့ Portable။ အမှန်တော့ မိမိက Portable ကို နည်းနည်းတောင် မုန်းချင်တယ်။ သူရဲ့ အားနည်းချက်တွေကို မကြိုက်တာ။ ထားပါ။ ဆိုက်ကတော့ နည်းပါတယ်။ 21 MB ကျော်ကျော်ပဲ။ ဒီမှာ Download ယူ။

Frame Photo Editor

Frame Photo Editor


Photo တွေအတွက် အလှဆင်ဖို့ Frame တွေ ရှာကြည့်တာ စိတ်တိုင်းကျကို မတွေ့သေးဘူး။ ရလာတော့လဲ ရက် ၃၀ ပဲသုံး။ အကြာကြီးမရဘူး။ Full Version ကို ရှာရတာ ကြာတော့ ငြီးငွေ့မိသလို ဖြစ်လာတယ်။ တော်တော်နဲ့ မရဘူး။ တစ်ချို့က Crack file တွေ။ တစ်ချို့က Patch ဖိုင်တွေ။ သုံးကြည့်တော့ အဆင်မပြေဘူး။ မိမိရဲ့ Window XP SP3 ကြောင့်။

ချားတူးကို လံနေတာပဲ။ Window XP SP3 က။ ဘာတင်တင် လက်မခံတာက များနေတယ်။ SP2 တုန်းက အဆင်ပြေတယ်။ Window ပဲ ပြန်ချရမလို ဖြစ်နေတယ်။ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်းပဲ Photo Frame Software ကောင်းလေး ရခဲ့တယ်။ လိုင်စင်နဲ့။ အပြည့်သုံးလို့ရတယ်။ လိုအပ်ရင် ယူပေါ့။ Download လုပ်ယူပေတော့။

RecoveryFix Software

RecoveryFix Software


Data တွေကို Recovery လုပ်ပေးတဲ့နေရာမှာ ကောင်းတယ် ဆိုတာပဲ။ သူရဲ့ အသုံးဝင်ပုံတွေ ဖတ်ကြည့်တဲ့အခါ။ အင်္ဂလိပ်လို ရေးထားတာ အများကြီးပဲ။ အမွှန်းတင်ထားတာ။ Quick Scan of FAT & NTFS, Extensive Scan easily, The Quick scan,The major reasons, Windows Data Recovery, Windows explorer, Recovers data lost, Recovers corrupt ။ အမွှန်းတင်ထားတာ များမှန်း မြင်ပြီ မဟုတ်လား။

စိတ်ဝင်စားရင် စမ်းသုံးကြည့်ပေါ့။ အမြဲတမ်းသုံးနိုင်အောင် လိုင်စင်ထည့်ပေးထားတယ်။ မိမိစက်ကတော့ ဆော့ဝဲလ်ပေါင်း များစွာနဲ့ ကြာရင် ပျက်တော့မယ်။ ဖြုတ်လိုက် ထည့်လိုက်ဆိုတော့။ အသုံးဝင်သူများ အတွက် ယူပေတော့ Download

Driver Scanner

Driver Scanner


မိမိတို့ရဲ့ စက်တွေမှာ တင်ထားတဲ့ Driver တွေ Update လုပ်ဖို့ ကောင်းတဲ့လို့ ဖော်ညွှန်းထားတဲ့ Driver Scanner ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေး မိမိတို့ စက်တွေရဲ့ Driver တွေ Update လုပ်ဖို့ လိုအပ်တာတွေကို Information ပေးမှာ ဖြစ်ပါတယ်။

အယ် ... အင်တာနက်ချိတ်ဆက်ထားဖို့တော့ လိုပါတယ်။ ဒါမှ အင်တာနက်က တိုက်ရိုက်ဆွဲပြီး Update လုပ်ပေးမှာ ဖြစ်ပါတယ်။ မိမိကတော့ မသုံးပါဘူး။ သုံးချင်သူများအတွက် ဖော်ပြပေးခြင်းပါ။ စိတ်ဝင်စားရင်ဖြင့် Download လုပ်ယူပါ။

Photo Collage Software

Photo Collage Software


ဒီရက်ပိုင်းအတွင်း ဓာတ်ပုံတွေ အလှဆင်တာပဲ ရှာနေမိတော့ အဲဒါတွေပဲ ဖော်ပြနေမိတယ်။ ဟီး .... အသုံးဝင်မှာပါ။ ဒီဆော့ဝဲလ်က အားလုံး ပြည့်စုံတယ် မဆိုရပေမယ့် အလကားရတာဆိုတော့ သုံးကြည့်မိတယ်။ မဆိုးဘူးလို့ ဆိုရမယ်။ အရုပ်ကလေးတွေပါတယ်။ Frame တွေပါတယ်။ Template တွေပါတယ်။

လျှောက်ကလိကြည့်တာ အပေါ်ပုံ ထွက်လာတယ်။ များများသုံးမှ ကျွမ်းကျင်မှာလေ။ မိမိကတော့ တစ်ပုံပဲ စမ်းရသေးတယ်။ ရရချင်း တင်ပေးလိုက်တယ်။ ဒေါင်းလုပ်ဆွဲရတာလဲ အဆင်ပြေမှာပါ။ ဒီမှာသာ Download ဆွဲပေတော့။ Keygen တော့ ထည့်ပေးထားတယ်။ ဖွင့်မရတဲ့သူတွေအတွက် Reg No: computer နဲ့ Reg Cod: D4E5-8CB5-F9F6-2291 ထည့်သုံးပေတော့။

Sound Recorder

Sound Recorder

Sound Record လုပ်တဲ့နေရာမှာ ရိုးရှင်းပြီး သုံးလို့ကောင်းတာလေ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဘယ်ဆိုက်က ရမှန်းတော့ မမှတ်မိတော့ဘူး။ မိမိတင်တဲ့ ဆော့ဝဲလ်တွေအားလုံးကတော့ Google မှာ ရှာတယ်။ English Blog တွေက ဒေါင်းလုပ်ဆွဲတယ်။ မိမိ သုံးချင်တာတွေကို သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ English Blog တွေမှာ တင်ကြတာက Rapidshare တွေ များတယ်။


မိမိက ငမွဲဆိုတော့ လိုချင်ပြီဆိုရင် Rapidshare အကောင့်ရှိတဲ့ သူငယ်ချင်းတွေကို အပူကပ်တယ်။ ဟီး။ ရလာရင် သုံးတယ်။ ကြိုက်ရင် ပြန်ပြီး အားလုံးဆွဲလို့ရမယ့် Google Sites မှာ ပြန်တင်ပေးတယ်။ ကဲ ကြာပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download ယူပါ။

မြန်မာအဘိဓာန်

မြန်မာအဘိဓာန်

မြန်မာအဘိဓာန်ကို ရထားတာ ကြာပါပြီ။ စာရေးတဲ့အချိန်တွေမှာ တော်တော်အသုံးဝင်လို့ သုံးနေမိတယ်။ စာအုပ်ဝယ်ရင် အခွေပါ ပေးတယ်။ မိမိ ၀ယ်တာတော့ မဟုတ်ပါဘူး။ မိမိရဲ့ မိတ်ဆွေတစ်ယောက် ၀ယ်သုံးတာ။ သူက ပြန်ပေးတာ။ စာအုပ်တော့ မရှိဘူး။ အခွေတော့ ပွားထားတာ။


အခု စာဖတ်သူတွေကို သတိရလို့ ဖော်ပြပေးလိုက်ပါတယ်။ မဖြစ်မနေ ရှိသင့်တဲ့ မြန်မာအဘိဓာန်ပါ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ကြိုးကြိုးစား ပြုစုထားတာပါ။ မိမိကတော့ သဘောကျတယ်။ ကျေးဇူးလဲ တင်မိတယ်။ ကဲ ဒီမှာသာ Download ယူပေးတော့။

Device Doctor

Device Doctor


Device Doctor က Freeware လေး တစ်ခုပါ။ မိမိတို့ရဲ့ ကွန်ပျူတာ Devices တွေ update လုပ်တဲ့နေရာ၊ hardware တွေ စစ်ရာမှာ အသုံးပြုနိုင်ပါတယ်။ သူက unidentified devices တွေအတွက် အသုံးဝင်ပါတယ်။ သုံးစွဲရတာလဲ လွယ်ကူပါတယ်။ လိုအပ်သူများ Download လုပ်ယူပါ။

Computer Whole Information

Computer Whole Information

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက် မေးတယ်။ ကွန်ပျူတာ တစ်လုံးရဲ့ ဟာ့ဒ်ဝဲအစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေကို သိချင်တယ်တဲ့။ ဘာသုံးရမလဲတဲ့။ မိမိသိတဲ့ ဆော့ဝဲလ်လေး ပေးလိုက်တော့ သဘောကျသွားတယ်။



အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့အတွက် ဆောင်ထားသင့်ပါတယ်။ Freeware လေးပါ။ ဒီမှာသာ Download လုပ်ပေးတော့။

Drive A ကနေ Z အထိ ပိတ်မယ်

Drive A ကနေ Z အထိ ပိတ်မယ်

ဒီဆော့ဝဲလ်က မိမိမှာ ရှိနေတာ ကြာပြီ။ ဆိုင်ကနေ (၅၀၀)နဲ့ ၀ယ်ထားတာ။ ဟီး။ မိမိအတွက် သိပ်အသုံးမ၀င်တာနဲ့ စာဖတ်သူတွေကိုလဲ မေ့နေတာ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က အွန်လိုင်းဆိုင်မှာ တစ်ချို့ User တွေက ဆော့ဝဲလ်တွေ သွင်းလိုက်၊ ဖျက်လိုက် လုပ်သွားလို့ ကာကွယ်တဲ့နည်း ပေးပါဆိုလို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်သုံးမယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေကို သိအောင် ရှင်းလင်းပြမယ်။
(၁) Drive A ကနေ Z အထိ Hide, Lock, Disallow Autorun စတာတွေ လုပ်လို့ရတယ်။
(၂) HDDs, Floppy, CD/DVD, RAM Disks စတာတွေကိုလဲ Disallow Autorun လုပ်လို့ရတယ်။

ဥပမာ- မိမိတို့ စက်ရဲ့ Data (D:) ကို ဖျောက်ထားတာတို့၊ Lock ချမယ်ဆိုရင် Password ပေးပြီး Security လုပ်ထားလို့ရတာပေါ့။ နောက်ပြီး CD/DVD တွေ၊ HDD တွေ ကိုလဲ ပိတ်ထားလို့ ရပါတယ်။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ ကာကွယ်လို့ ရသွားပြီပေါ့။ ဒီမှာ Download ယူ။ အဆင်ပြေပါစေ။

မောင်စေတနာ

Saturday, December 26, 2009

Window Movie Maker

Window 7 ကို စတင်ပြီးကတည်းက မိမိသုံးနေကျ Window Movie Maker ကို ရှာကြည့်တာ မတွေ့ရဘူး။ ကိုယ်ကလဲ ဒါပဲ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတော့ သုံးချင်တာ။ ဒါနဲ့ အလုပ်များတာနဲ့ မေ့နေခဲ့တယ်။ ဟိုတစ်နေ့ကမှ စိတ်ကူးရလို့ အင်တာနက်မှာ ပြန်ရှာတာ ရလာတယ်။



ယူပြီး သုံးကြည့်တာ အိုကေတယ်။ ဓါတ်ပုံနဲ့ VCD ကို လုပ်ကြည့်တာ ကောင်းတယ်။ အဆင်ပြေမှပဲ လိုတာလေး တစ်ခုရလို့ သက်ပြင်းချနိုင်တယ်။ ဟီး။ စာဖတ်သူတွေထဲက Window 7 သုံးပြီး Window Movie Maker လိုအပ်တယ်ဆိုရင်တော့ ဒီလင့်အတိုင်းသာ သွားယူပေးတော့။

CPE 17 Autorun Killer 1.8.0

CPE 17 Autorun Killer 1.8.0

USB နဲ့ ပတ်သက်ပြီး Security အနေနဲ့ USB Security Tool ကို ဒီမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လဲ USB Security Tool ကို သုံးနေဆဲပါ။ တော်တော်လဲ အဆင်ပြေနေတယ် ဆိုရမယ်။ အဲဒါလေးကြောင့် USB ပေါက်တွေကိုလဲ စိတ်ချလက်ချ ထိုးနေတယ်။ ဟီး။

အခု နေရာတော်တော်များများက သိတဲ့ USB Stick မှာ ဗိုင်းရပ်စ် ကင်းမကင်း စစ်တဲ့ အရာလေး တစ်ခု ဖော်ပြ လိုက်ပါတယ်။ အားလုံး သိပြီးသားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲလို့ ရပါတယ်။ CPE 17 Autorun Killer လေးပါ။ ဒီဆော့ဝဲလ်လေး run ထားပြီး USB ထိုးလိုက်ရင် ဗိုင်းရပ်စ် မရှိရင် Your drives is Clean လို့ ပြမှာပါ။ ဒီမှာသာ Download ပေတော့။

Photo Slide Show

Photo Slide Show

Photo Slide Show နဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ဆီက ဆော့ဝဲလ်ကောင်းလေး တစ်ခု ရခဲ့တယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်သွားပေးထားတယ်။ မိမိလုပ်တာတော့ ဟုတ်ဘူး။ ဟီး။



Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက် သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။

Facebook အကြောင်း တစေ့တစောင်း

Facebook အကြောင်း တစေ့တစောင်း

ဒီရက်ပိုင်းအတွင်း မအားတာကတော့ အမှန်ပဲ။ ဒီကြားထဲ ခရီးက ထွက်ရအုံးမယ်။ အမှန်အတိုင်းပြောရရင် ဝေးဝေး နီးနီး ဘယ်မှ မသွားချင်ဘူး။ မဖြစ်လို့သာ သွားရမှာ။

ဒီကြားထဲက မိမိဖတ်မှတ်မိတဲ့ Facebook အကြောင်းလေး ဝေမျှချင်နေတာ။ အချိန်ရတုန်း ဖော်ပြပေးလိုက်ပါတယ်။

Facebook ဆိုတာ ဘာလဲ ?

ယနေ့ခေတ်မှာ အင်တာနက်ကနေ တစ်ဆင့် လူမှုဆက်သွယ်ရေးများ ပြုလုပ်နိုင်စေရန် ဖန်တီးထားသော လူမှုဆက်သွယ်ရေး Website တစ်ခု ဖြစ်ပါတယ်။ Facebook ကို ယခုအခါမှာ ကမ္ဘာတစ်ဝန်းအနေနဲ့ သုံးစွဲသူပေါင်း ၁၇၅ မီလီယံကျော် ရှိနေပြီး အများစုမှာ စီးပွားရေးနှင့် လုပ်ငန်းအသင်းအဖွဲ့များအတွက် အသုံးပြုနေကြပါတယ်။

မိတ်ဆွေများနှင့် ဆက်သွယ်နိုင်ခြင်း

သင့်မှာ Facebook Account ရှိရင်တော့ Facebook အသုံးပြုတဲ့ မိတ်ဆွေအားလုံးကို Invite လုပ်လိုက်ပေါ့။ မရှိရင်လဲ www.Facebook.com မှာ Account ဖွင့်လိုက်ပေါ့။ သင့်ရဲ့ ဓါတ်ပုံများ၊ Video များ၊ စိတ်ဝင်စားဖွယ် Website Link များ၊ Message များနှင့် သင်လက်ရှိ ဘာလုပ်နေတယ်၊ ဘာစဉ်းစားနေတယ်၊ မည်ကဲ့သို့ ခံစားနေရတယ်၊ အစရှိတာတွေကို ဖော်ပြပေးနိုင်ပြီး မိတ်ဆွေများထံ email ပို့ခြင်းနှင့် စကားပြောခြင်းကို ပြုလုပ်နိုင်ပါတယ်။

လက်ရှိတော့ မိမိကိုယ်တိုင်လဲ သုံးနေတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ မသုံးစွဲရသေးရင် သုံးဖို့ တိုက်တွန်းပါတယ်။ အခက်အခဲ မရှိ သုံးနိုင်လို့ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ အဆိုတော်တွေလဲ နှစ်ချိုက်စွာ သုံးစွဲနေ ကြပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။