ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 12, 2010

Google ၏ လျှို့ဝှက်ချက်များ

Google ၏ လျှို့ဝှက်ချက်များ

ခရီးထွက်နေတော့ ဘလော့ကို တစ်လကျော် နှစ်လနီးပါးလောက် လှည့်မကြည့် နိုင်ခဲ့ဘူး။ ခရီးက ပြန်ရောက်တော့လဲ ဘာရေးရမှန်း မသိဘူး ဖြစ်နေတာ။ ဒါနဲ့ အခု လတ်တလော နည်းပညာ စာစောင်တွေ ဖတ်ဖြစ်တော့ အဲဒီမှာ Google နဲ့ ပတ်သက်တဲ့ အရာလေး တစ်ခုသွားတွေ့တယ်။ အဲဒါလေး ဖော်ပြပေး လိုက်ပါတယ်။

Google မှာ ပုံတွေ ရှာတဲ့အခါ မိမိတို့ လိုချင်တဲ့ ပုံကို ပိုမိုရရှိနိုင်ဖို့ သုံးသင့်တဲ့ နည်းလမ်းလေးပါ။ ဥပမာ- ကလေးပုံကို Google မှာ ရှာချင်ရင် baby ဆိုပြီး ရိုက်ရှာကြမှာပါ။ အဲဒီအခါကျရင် ကလေးပုံဟာ မိမိတို့ မလိုချင်တာရော လိုချင်တာတွေပါ များစွာ ပေါ်လာမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာက ကလေးပြုံးနေတဲ့ပုံ။ ကျလာတာတွေက မဲ့တာရော၊ ပြုံးတာရော၊ ငိုတာရော အစုံပေါ့။

ကဲ မိမိလိုချင်တဲ့ ပုံတွေ များစွာ ရရှိစေဖို့ http://similar-images.googlelabs.com လင့်ကို ဖွင့်ပါ။



အထက်ပါ ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ ပြီးတော့ မိမိ ရှာချင်တဲ့ image name ကို ရိုက်ထည့်။ ဥပမာ- ရယ်နေသော ကလေးပုံ လိုချင်ရင် laughing baby လို့ ရိုက်။ ပေါ်လာတဲ့ ကလေးပုံထဲက စိတ်ကြိုက်ပုံတွေ့ရင် အဲဒီပုံနဲ့ ဆင်တူတဲ့ ပုံကို ထပ်လိုချင်ရင် ပုံရဲ့အောက်မှာ similar images ဆိုတဲ့ စာတန်းလေး ရှိတယ်။ နှိပ်လိုက်ရုံပါ။ အားလုံး အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။

0 comments: