ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 12, 2010

Drive A ကနေ Z အထိ ပိတ်မယ်

Drive A ကနေ Z အထိ ပိတ်မယ်

ဒီဆော့ဝဲလ်က မိမိမှာ ရှိနေတာ ကြာပြီ။ ဆိုင်ကနေ (၅၀၀)နဲ့ ၀ယ်ထားတာ။ ဟီး။ မိမိအတွက် သိပ်အသုံးမ၀င်တာနဲ့ စာဖတ်သူတွေကိုလဲ မေ့နေတာ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က အွန်လိုင်းဆိုင်မှာ တစ်ချို့ User တွေက ဆော့ဝဲလ်တွေ သွင်းလိုက်၊ ဖျက်လိုက် လုပ်သွားလို့ ကာကွယ်တဲ့နည်း ပေးပါဆိုလို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်သုံးမယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေကို သိအောင် ရှင်းလင်းပြမယ်။
(၁) Drive A ကနေ Z အထိ Hide, Lock, Disallow Autorun စတာတွေ လုပ်လို့ရတယ်။
(၂) HDDs, Floppy, CD/DVD, RAM Disks စတာတွေကိုလဲ Disallow Autorun လုပ်လို့ရတယ်။

ဥပမာ- မိမိတို့ စက်ရဲ့ Data (D:) ကို ဖျောက်ထားတာတို့၊ Lock ချမယ်ဆိုရင် Password ပေးပြီး Security လုပ်ထားလို့ရတာပေါ့။ နောက်ပြီး CD/DVD တွေ၊ HDD တွေ ကိုလဲ ပိတ်ထားလို့ ရပါတယ်။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ ကာကွယ်လို့ ရသွားပြီပေါ့။ ဒီမှာ Download ယူ။ အဆင်ပြေပါစေ။

မောင်စေတနာ

Saturday, December 26, 2009

Window Movie Maker

Window 7 ကို စတင်ပြီးကတည်းက မိမိသုံးနေကျ Window Movie Maker ကို ရှာကြည့်တာ မတွေ့ရဘူး။ ကိုယ်ကလဲ ဒါပဲ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတော့ သုံးချင်တာ။ ဒါနဲ့ အလုပ်များတာနဲ့ မေ့နေခဲ့တယ်။ ဟိုတစ်နေ့ကမှ စိတ်ကူးရလို့ အင်တာနက်မှာ ပြန်ရှာတာ ရလာတယ်။



ယူပြီး သုံးကြည့်တာ အိုကေတယ်။ ဓါတ်ပုံနဲ့ VCD ကို လုပ်ကြည့်တာ ကောင်းတယ်။ အဆင်ပြေမှပဲ လိုတာလေး တစ်ခုရလို့ သက်ပြင်းချနိုင်တယ်။ ဟီး။ စာဖတ်သူတွေထဲက Window 7 သုံးပြီး Window Movie Maker လိုအပ်တယ်ဆိုရင်တော့ ဒီလင့်အတိုင်းသာ သွားယူပေးတော့။

0 comments: