ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 12, 2010

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုကြ (ဖေဖော်ဝါရီလ ၂၄ ရက်နေ့)

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုကြ (ဖေဖော်ဝါရီလ ၂၄ ရက်နေ့)

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုကြ







ကမ္ဘာ့နိုင်ငံ အတော်များများတွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ မိခင်ဘာသာစကားနေ့ကို ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ကို (၂၀၀၀)ပြည့်နှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့ပြီး နိုင်ငံတကာ
မိခင်ဘာသာစကားနေ့အဖြစ် ကုလသမဂ္ဂ အမျိုးသားပညာရေး၊ သိပ္ပံနည်းပညာနှင့်
ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO)က (၁၉၉၉)ခုနှစ်၊ နိုဝင်ဘာလတွင် အတည်ပြု
သတ်မှတ်ပေးထားခြင်းဖြစ်သည်။ (၁၁)နှစ်မြောက်အဖြစ် ကျဉ်းပသည့် ယခုနှစ်
နိုင်ငံတကာ မိခင်ဘာသာစကားနေ့တွင်လည်း နိုင်ငံအတော်များများတွင်
ဂုဏ်ပြုကြိုဆိုမှုများ ပြုလုပ်ခဲ့သည်။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တော်၊
အက်ရှ်ဖီးလ်ရှိ နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်ကျောက်တိုင်တွင်
ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ
ရှာဟိမာနာ ကျောက်တိုင်တွင်လည်း ပန်းအလှများဆင်မြန်းကာ ကြိုဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း (၇၀၀၀)ကျော်ရှိသည်ဟု ပညာရှင်များက
သတ်မှတ်ထားပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့သည် အဆိုပါ ဘာသာစကားတိုင်း၏
တန်ဖိုးနှင့် အဆင့်အတန်းကို ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။ (၁၉၄၇)ခုနှစ်က
ပါကစ္စတန်နိုင်ငံသည် အိန္ဒိယထံမှ ခွဲထွက်ခဲ့ပြီး တစ်နှစ်အကြာတွင် အစိုးရက
မိခင်ဘာသာစကားအဖြစ် အာဒူလူမျိုးတို့၏ တိုင်းရင်းသား ဘာသာစကားကို
အသုံးပြုရမည်ဟု အာဏာသုံးပြီး ကြေညာခဲ့သည်။ ထိုအခါ ဟိန္ဒူနှင့် မွတ်ဆလင်
ဘာသာဝင်များ ကွဲပြားနေသလို လူမျိုးပေါင်းစုံ ရှိနေသည့်
ပါကစ္စတန်နိုင်ငံသားများအတွက် မကျေနပ်စရာ ဖြစ်လာခဲ့သည်။



ထို့အတူ ထိုစဉ်က အရှေ့ဘင်္ဂလားဟုခေါ်သော ဘင်္ဂလားဒေ့ရှ်တွင်လည်း ယင်းကဲ့သို့ ကန့်သတ်ချက်မျိုးကို သဘောမကျဘဲ ဖြစ်လာကြသည်။ (၁၉၅၂)ခုနှစ်၊
ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင်မူ ဘင်္ဂလားဒေ့ရှ်ရှိ ဒါကာတက္ကသိုလ်မှ
ကျောင်းသားများသည် အာဒူဘာသာကို မိမိတို့၏ မိခင်ဘာသာအဖြစ်
မသတ်မှတ်လိုကြောင်း ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ကွဲပြားနေသော တိုင်းရင်းသား
မျိုးနွယ်စုများအလိုက် မိမိတို့၏ ဘာသာစကားကိုသာ မိခင်ဘာသာစကားအဖြစ်
သတ်မှတ်လိုကြောင်း ကြွေးကြော်ခဲ့ကြသည်။ ထိုအရေးအခင်းတွင် အစိုးရ၏
နှိမ်နင်းမှုကြောင့် ကျောင်းသားများ အသက်ပေးခဲ့ကြရသည်။



နှစ်ပေါင်း(၅၀)နီးပါး ကြာမြင့်ပြီးနောက် မိခင်ဘာသာစကားတစ်မျိုးစီ သတ်မှတ်ရန် UNESCOက စဉ်းစားလာခဲ့ရာ ကမ္ဘာ့သမိုင်းတလျှောက် ဘာသာစကား
လှုပ်ရှားမှုများကို လေ့လာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ
ဆန္ဒပြခဲ့သည့် ဖေဖော်ဝါရီ (၂၁)ရက်နေ့ကို နိုင်ငံတကာ မိခင်ဘာသာစကားနေ့အဖြစ်
သတ်မှတ်ရန် ဆုံးဖြတ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ထိုနေ့ကို အကြောင်းပြု၍
ဒါကာမြို့တော်တွင်လည်း ရှာဟိမာနာကျောက်တိုင်ကို စိုက်ထူကာ အင်္ဂလိပ်နှင့်
ဘင်္ဂလားဒေ့ရှ် ဘာသာစကားများဖြင့် “We will remember the martyrs of 21
February” (ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ယုံကြည်ချက်အတွက်
အသက်ပေးသွားကြသူတွေကို အမြဲတမ်း သတိရနေမယ်)ဟု ဂုဏ်ပြုစာတန်း
ရေးထိုးထားကြောင်းလည်း သိရှိရသည်။

0 comments: