ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 19, 2010

FaceonBody 2.4 (Portable)

ဒီနည်းလမ်းကတော့ ကောင်းတော့ကောင်း ဒါပေမယ့်
Image Hosting by Picoodle.com

အစ်ကိုတောင်းလို့သာ ရှာပေးရတာဗျ။ သိပ်မပေးချင်ဘူး … ဒီလို ဆော့်ဖ်ဝဲတွေနဲ့ ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေတာ ။ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော် ပြောခဲ့ဘူးသလို နည်းပညာတွေကို တားဆီးထားလို့မှ မရတာပဲ။ လုပ်ဘူးတော့ အဆိုးအကောင်း အတုအစစ် သိသွားတာပေါ့။ အကောင်းဘက်က ကြည့်ပြီး မျှဝေလိုက်ပါတယ်။

ပြောသာ ပြောနေတာ တစ်ခြို့က ဘာလုပ်တဲ့ ကောင်မှန်း မသိလောက်သေးဘူးထင်တယ်။ ဖြတ်ညှပ်ကပ် ဆိုတာလေ။ ခန္ဒာကိုယ် တစ်ခုမှာ အခြားမျက်နှာတစ်ခုကို လွယ်ကူစွာ တွဲဆပ်ပေးပါလိမ့်မယ်။ မိမိရဲ့ အနုပညာ မျက်စိ ရှိသလောက် သပ်ယပ် ပိရိ နေပါလိမ့်မယ်။ Portable ဖြစ်လို့ ဖိုင်သေးသေးလေးတစ်ခု သိမ်းထားယုံပါပဲ လိုချင်တဲ့အချိန် နှိပ်ပြီး သုံးရုံပဲဆိုတော့ နှစ်သက် ကြမှာပါ။


Download Mirror 1 : Mediafire – FaceonBody 2.4 (Portable)

Download Mirror 2 : Zshare – FaceonBody 2.4 (Portable)

အထဲမှာ text ဖိုင်နဲ့ ကီးတွေရေးထားပေးပါတယ်။ ဖွင့်လိုက်လို့ အောက်ကပုံအတိုင်း ပြလိမ့်မယ်။ Register လုပ်ပေးဖို့ပေါ့။ Register ကို နှိပ်ပေးပါ။
Image Hosting by Picoodle.com
text ဖိုင်ထဲက ကီးတွေ ကူးထည့်ပေးလိုက်ပါ။
Image Hosting by Picoodle.com

ဒါဆိုသုံးလို့ရပါပြီ။ ဘယ်လို သုံးရမလဲဆိုတာ သူ့ဘာသာ တစ်ဆင့်ချင်း သရုပ်ပြ ပုံနဲ့ ပြပေးပါလိမ့်မယ်။ သူပြပေးတဲ့ အတိုင်း လုပ်သွားရုံပါပဲ။ တစ်ခု အရေးကြီးတာက မိမိ တွဲစပ်ပေးချင်တဲ့ (သုံးမယ့်) ပုံတွေကို My Document ထဲက My picture မှာ ထည့်ထားပေးတာ အဆင်ပြေဆုံးဖြစ်ပါတယ်။ မိမိ မှာရှိတဲ့ ပုံတွေကို From my Hard disk ဆိုတာနှိပ်ပြီး ရွေးယူလို့ ရပေမယ့် My Picture ကို ရောက်သွားတာ ဖြစ်ပြီး အခြားနေရာကိုပြန်ထွက်ဖို့ ကြိုးစားလိုက်တာနဲ့ Hang သွားလို့ပါ။ ကျနော် ပြောတဲ့နည်းနဲ့ အဆင်ပြေပါလိမ့်မယ်။
လေ့လာရင်း ပျော်ရွှင်ကြပါစေဗျာ ….

Gtalk အသံများ ပြောင်းခြင်း

ဇောင်း: ကိုရင်ရေ Gtalk မှာ အသံပြောင်းလို့ရတယ်ဆိုတာလေး

ရပါတယ်။ ကျနော် ရေးမယ် ရေးမယ်နဲ့ နှစ်နဲ့ချီပြီး ကြာခဲ့တာတွေထဲက တစ်ခုပေါ့။ .exe ဖိုင်တွေ .dll ဖိုင်တွေကို edit လုပ်ဖို့၊ customize လုပ်ဖို့ အကောင်းဆုံး software တစ်ခုကတော့ Resource Hacker ဗျ။ သူ့အကြောင်းကို အရင် ကျနော် windows logon screen လုပ်တုန်းကလည်း ပြောခဲ့ဘူးပါတယ်။ အခု gtalk tone တွေအတွက် ဆက်ကြည့်ပေးပါဦး ။ ReskHacker မရှိသေးရင်တော့ ဒီမှာ သွားဒေါင်းလိုက်ပါ။

ဒေါင်းပြီးရင် ReskHacker ကိုဖွင့် FileOpen နဲ့ Gtalk ရဲ့ .exe ဖိုင်ကို ယူဖွင့်ပေးပါ။ ( XP မှာဆိုရင် C:Program FilesGoogleGoogle Talk ဆိုပြီးဖွင့်လိုက် google talk ဆိုတဲ့ exe ဖိုင်လေး တွေ့လိမ့်မယ်။ Vista တို့ 7 တို့ ဆိုရင်တော့ Start menu – All programs မှာ Gtalk ကိုရှာ right click လုပ်ပြီး Open file locate ဆိုပြီးနှိပ်လိုက်။ အဲဒီဖိုင်ရှိတဲ့နေရာကို ရောက်သွားပါမယ်။


Image Hosting by imagefra.me

အောက်ကပုံမှာဝိုင်းပြထားတဲ့အတိုင်း WAVE အောက်က တစ်ခုချင်းစီနှိပ်ပြီး စမ်းကြည့်ပါ။ Gtalk ရဲ့ Tone လေးတွေကို ကြားရပါလိမ့်မယ်။ အောက်ဆုံးက 126 ကတော့ မိမိကခေါ်လိုက်ရင်မြည်မယ့်အသံ ဖြစ်ပါတယ်။ အဲဒီတစ်ခုကို နမူနာထားပြီးပြောင်းပြပါ့မယ်။ ပြထားတဲ့အတိုင်း 0 မှာ right click နှိပ်ပြီး Replace Resource ကိုနှိပ်ပါတယ်။
Image Hosting by imagefra.me

Open file with new resource ကိုနှိပ်ပြီး မိမိပြောင်းချင်တဲ့ အသံဖိုင် (WAV ဖိုင်သာလျှင်) ကိုရွေးပေးပါတယ်။ (မိမိလိုချင်တဲ့ အသံ၊ သီချင်းတွေကို လိုသလောက် ဖြတ်ညှပ်ထားနိုင်ဖို့အတွက် ဒီပို့စ်မှာ ရေးခဲ့ပြီးပါပြီ)
Image Hosting by imagefra.me

အသံဖိုင်ရွေးပြီးတဲ့အခါမှာ data တွေကို ခုလို ဖြည့်ပေးရပါတယ်။ ကျနော်မျှားနဲ့ ပြထားတာတွေကို သဘောပေါက်မယ်ထင်ပါတယ်။ WAVE ရဲ့အောက်ကမို့ Name က WAVE, Type က 126 ကို ပြောင်းမှာမို့ 126 နဲ့ language ဆိုတာကတော့ တစ်ခုပဲ ပါလို့ရှင်းပါတယ် 0 ပေါ့။ (အခြား Tone တွေပြောင်းဖို့ကိုလည်း နားလည်မယ်ထင်ပါတယ်။ 125 က အသံကိုပြောင်းမယ်ဆို 125 ရေးပေါ့) ပြီးရင် Replace နှိပ်။
Image Hosting by imagefra.me

Play ကိုနှိပ်ပြီး နားထောင်ကြည့်လို့ရပါတယ်။ ဒီလိုနဲ့ပဲ မိမိ စိတ်ကြိုက် ပြောင်းလို့ပြီးရင် file – save ကိုနှိပ်ပြီး save ပါ။ အဲဒီအတွက် Gtalk တွေကို exit ပေးထားဖို့လိုပါလိမ့်မယ်။ (အားလုံးသိပါတယ်။ လက်ရှိသုံးနေတာကို Replace လုပ်မရဘူးလေ)
အခုက အသံဖိုင်အစားထိုးတာလေ။ အဲလိုပဲ ဓါတ်ပုံဖိုင်တွေ အစားထိုးပြီး Gtalk ကို skin ပြောင်းလို့ရပါသေးတယ်။ Bitmap ခေါင်းစဉ်အောက်မှာ တစ်ခုချင်းပုံလေးတွေကြည့်၊ ပြောင်းကြည့်ပြီး လေ့လာလိုက်ပါဦး ။

ကျနော် ပြောပြသွားတာတွေကို နားမလည်မှာစိုးလို့ Video capture နဲ့ လုပ်ပြထားပါတယ်။ အောက်မှာဒေါင်းနိုင်ပါတယ်။

Download mediafire ( Video training )

Download ifile ( Video training )

ကျနော်ပြောင်းထားခဲ့တဲ့ Gtalk လေးတစ်ခုပါ။ ဒေါင်းပြီးစမ်းကြည့်လို့ရအောင်။
Image Hosting by imagefra.me
Download From Mediafire

ဒီလိုမျိုလုပ်တာတွေတင်ပေးထားတယ်နော် ဖွင့်ကြည့်ပါ

Photobucket

maungmyintsoe

Photobucket

Photobucket

maungmyintsoe

Photobucket