ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Saturday, February 20, 2010

၂၀ Hair Selection


Photoshop သုံးတဲ့အခါမှာအများဆုံးလုပ်ဖြစ်တဲ့အလုပ်တစ်ခုက Selection လုပ်တာပါပဲ၊ အဲဒီလိုလုပ်တဲ့အခါမှာ ဆံပင်တွေဆိုရင် သာမန် Selection tool တွေနဲ့သိပ်အဆင်မပြေနိုင်ပါဘူး။ တချို့က Quick Mask mode ကနေလုပ်ကြပြီး တချို့ကတော့ Channel Palette ကိုအသုံးပြု ကြပါတယ်။ အခုပြောချင်တာကတော့ အလွယ်ဆုံးနည်းပါ။ Photoshop version 7.0 မှစပြီးတော့ Extract command ပါဝင်လာပါတယ်။ အဲဒီ Command ဟာ ဆံပင်တွေလိုမျိုး သေးငယ်တဲ့အစိတ်အပိုင်းတွေကို Selection ပြုလုပ်ရာမှာအရမ်းအသုံးဝင်ပါတယ်။ အခုပုံလေးတစ်ပုံကို ဖွင့်လိုက်ပါမယ်။

ဒီပုံကို နောက်ခံ Background တစ်ခုခုမှာ သွားထားချင်တယ်ဆိုပါတော့။ ဆံပင်တွေအပါအ၀င် လူပုံတစ်ခုလုံးကိုထားခဲ့ပြီး မလိုချင်တဲ့နောက်ခံ Background ကိုဖယ်ထုတ်ရမှာပါ။ Menu ကနေ Filter>Extract ကိုရွေးလိုက်ပါမယ်။ Extract Dialog မှာ ပထမဆုံး ပြုလုပ်ရမှာက အနားသတ် Edge လေးတွေကို Edge Highlighter Tool အသုံးပြုပြီး Select လုပ်ပါမယ်။

ဆံပင်တွေရှိတဲ့နေရာကိုပဲ Click and drag လုပ်သွားတာပါ မျက်နှာနေရာတွေကိုထားခဲ့ပါတယ်၊ ပုံမှာသေသေချာချာကြည့်ပါ၊ အစိမ်းရောင် အနားသတ်ကိုတွေရမှာပါ။

အခုလိုအနားသတ် Edge ဆွဲပြီးသွားရင် Extract dialog ရဲ့ Tool တွေမှာ Fill Tool ဟာ Enable ဖြစ်လာပါပြီ၊

အဲဒီ Fill Tool နဲ့ ပုံမှာပြထားတဲ့အတိုင်း Fill လုပ်ပါမယ်။ Fill tool ကိုရွေးပြီး လူပုံရှိတဲ့ ဧရိယာထဲကို Click လုပ်ရုံပါပဲ။

ပြီးရင် OK ကို Click လုပ်ရုံပါပဲ၊ အခုဆိုရင် ပုံလေးမှာ ဆံပင်ရဲ့နောက်က Background ကြီးဟာဖျက်ပြီးသား ဖြစ်သွားပါပြီ။

အခုတစ်ခါ လက်နဲ့ နောက်ကျောဘက်က ဧရိယာတွေကိုလဲ Select လုပ်လိုက်ပါဦးမယ်၊ Polygon Lasso Tool ကိုသုံးပါမယ်၊ ပုံမှာကြည့်ပါ။

အဲဒီ Selection နေရာကို Keyboard က Delete key ကိုနှိပ်ပြီး ဖျက်လိုက်ပါမယ်။

ကဲအခုဆိုရင် လူပုံရဲ့နောက်ခံ Background ကိုဖယ်ပြီးသွားပါပြီ၊ အနောက်မှာ Background တစ်ခုခုထားလိုက်ရင်အဆင်ပြေသွားပါပြီ။

ဆံပင်တွေကို Handle လုပ်ချင်ရင်ဒီနည်းက အလွယ်ဆုံးပါပဲ။ Extract command ဟာ pixel တွေ Contract ဖြစ်မှသာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပေးနိုင်ပါတယ်။ ဆံပင်နဲ့ နောက်ခံ Background ရဲ့ Contract များလေလေ ပိုကောင်းတဲ့ Result ရလေလေပါပဲ။ စပါးခင်းတို့ သစ်ပင်အရွက်တို့ လိုပုံမျိုးကို Selection လိုချင်တဲ့အခါမှာလဲ ဒီ command ကိုအသုံးပြုနိုင်ပါသေးတယ်။

မှတ်ချက်။ ။ဆံပင်ကို Selection လုပ်ချင်သော Ko Tay Zar Winn အခုလောက်ဆိုအဆင်ပြေလောက်ပြီထင်ပါသည်၊ ဆွေးနွေးခြင်းအတွက် ကျေးဇူးတင်ပါသည်။

ရခိုင် သမိုင်းဝင်များနှင့် သဘာဝအလှများ





ရခိုင် သမိုင်းဝင်များနှင့် သဘာဝအလှများ








Image  Hosted by ImageShack.us

အခုပထမဦးဆုံး ကျွန်တော် template တစ်ခုကို ယူပြီး တင်လိုက်ပြီပေါ့ဗျာ .. အခုမြင်နေရဲ့ template လေးမှာ header ပိုင်းလေးကို မကြိုက်ဖူးဗျာ .. အဲ့တော့ change ကြည့်လိုက်ကြရအောင် ..

(၁) ပုံမိမိ Blog လေးကို ဖွင့်လိုက်ပါ ..

မိမိလိုချင်တဲ့(ပြောင်းချင်တဲ့) header အဟောင်းမူရင်းပုံစံလေးကို right click နှိပ်လိုက်ပါ ... save background as ကို နှိပ်လိုက်ပါ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ် ..


ပေါ်လာတဲ့အထဲမှာမှ အခုမြင်နေရတဲ့ မှင်နီနဲ့တားပြထားတဲ့ နေရာက file name ကို copy ကူးလိုက်ပါ ....


ကဲ ပြီးပြီဆိုရင်တော့ဖြင့် layout >> edit html ကို သွားလိုက်ပါ .



ပြီးရင်တော့ ပေါ်လာတဲ့ (ctrl + f) ကို တွဲပြီးနှိပ်လိုက်ပါ အောက်ပါအတိုင်း find ဆိုတဲ့ အကွက်လေးပေါ်လာပါ့မယ် ..


ပေါ်လာတဲ့အကွက်လေးထဲမှာ ယခင်က ကူးထားတဲ့ (file name) ကို အစားသွင်းပြီး Next ကိုနှိပ်လိုက်ပါ ..

အောက်ပါပုံလေးအတိုင်း ကော်ပီကူးထားတဲ့ စာသားများကို တွေ့မြင်ရမှာပါ ... ၄င်းစာသားများထဲမှ ' http://...../ တစ်ခုခုပေါ့ အဲ့လို http:// နှင့် စာကြောင်းတစ်ကြောင်းလုံးကို ကော်ပီကူးလိုက်ပါ .. ' ကူးရန် ' အဖွင့်နှင့်အပိတ်ကော်လံနှစ်ခုကြားထဲက http:// ကိုသာ ကူးရမှာပါ .. ကော်လံနှစ်ခု မပါစေရပါဘူး ...

ပြီုးရင်တော့ ကော်ပီကူးထားတဲ့ လိပ်စာလေးကို အောက်ပါအတိုင်း address bar မှာရိုက်ကြည့်လိုက် ကိုပြောင်းချင်ပါတယ်ဆိုတဲ့ ပုံစံအဟောင်း header ပုံစံလေးကို မြင်တွေ့ရမှာပါ ...

header ဆိုတာ သေချာအောင်လို့ပြန်ကြည့်တာပါ .. သေချာပြီဆိုရင်တော့ အဲ့ကောင်ကို save as နဲ့ တစ်နေရာရာမှာ သိမ်းပြီ adobe photoshop နဲ့ဖွင့်ပါ့မယ် ...

ကဲပွင့်ပြီဆိုရင်တော့ မှင်နီနဲ့ပြထားတဲ့ rectangular marquee tool နှိပ်ပြီး Ctrl + A ( select all) နှိပ်လိုက်ပါ ပြီးလျှင် ctrl + c (copy) ပါ ... ပြီးရင်တော့ ctrl +n (new) ကို သွားလိုက်ပါ ပေါ်လာတဲ့အကွက်ကို ဘာတစ်ခုမှ မပြင်ပဲနှင့် enter ကို နှိပ်လိုက်ပါ .. layer အသစ်တစ်ခု (ဗလာချည်းသက်သက်) ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့အကွက်ဟာ ဟိုးအရင် ပုံစံအဟောင်း Header နှင့် ဆိုက်အတူတူပါပဲ .. အဲ့ဒီ့တော့ ယခုပေါ်လာတဲ့ layer အသစ်လေးထဲမှာ ကိုလိုချင်တဲ့ ပုံစံမျိုးနှင့် ဒီဇိုင်းတွေကို လုပ်လိုက်ပါ ... ကျွန်တော်ကတော့ မနေ့ကလေးတင်ပဲ လုပ်ထားလိုက်တယ် ..

ပုံစံကတော့ မိုက်ဖူးပေါ့ဗျာ .. ဒါပေမယ့် စမ်းပြီးတော့ ပြောင်းပြတာဆိုတော့ နမူနာပေါ့ .. သူငယ်ချင်းတွေကတော့ ကိုလိုချင်တဲ့ ပုံစံမျိုး အမျိုးမျိုးလုပ်ကြပေါ့ဗျာ .. ဟုတ်ဖူးလား ..



အခုလိုလုပ်ပြီးသွားပြီဆိုရင်တော့ ဖြင့် အဲ့ဒီ့ ပုံလေးကို .Gif နှင့်သိမ်းလိုက်ပါ ... .jpeg နှင့်မသိမ်းဖို့တော့ အထပ်ထပ်သတိပေးလိုက်ပါတယ် .. ဘာဖြစ်လို့လဲဆိုရင် .jpeg နှင့် ကပုံတွေ ပေါ်တော့ပေါ်တယ် ကိုပြင်ထားတာက ပုံကလှလှလေး ၀ဘ်ဆိုက်မှာပေါ်မှာက ပေတိပေစုပ်နဲ့ ၀ါးနေလိမ့်မယ် .. .gif နှင့်သိမ်းပြီး တစ်နေရာရာမှ သိမ်းထားလိုက်ပါ ..

ပြီးရင်တော့ ကိုသံလုံငယ်ဆီက ရထားတဲ့ ဆော့ဖ်ဝဲလ်လေးကို download လုပ်လိုက်ပါ ... မရှိသေးဘူးဆိုရင်တော့ ဒီမှာပါ http://ifile.it/c5o1jei

ပြီးရင်တော့ စမ်းကြည့်လိုက်ပါ .. အဆင်ပြေပါလိမ့်မယ် သိမ်းတဲ့အခါကျရင် .gif နဲ့ပဲ ပြန်သိမ်းပေးပါ ..

ရလာတဲ့ဖိုင်လေးကို ကိုကြိုက်တဲ့ hosting ဆိုက်တစ်ခုခုမှာတင်လိုက်ပါ တင်ပြီးရင် ရလာတဲ့ direct link လေးကို ကော်ပီကူးပြီး html အကွက်ထဲက (ပုံ-၅) ထဲက http:// နှင့်စတဲ့ လိပ်စာကို delete ပေးပြီး ယခုတင်လိုက်တဲ့ direct link လိပ်စာကို အစားသွင်းလိုက်ပါ ပြီးရင်တော့ save template ကို နှိပ်လိုက်ပါ .. အိုကေသွားပါလိမ့်မယ် ...

နောက်ဆုံးတစ်ခုကတော့ အဲ့ဒီ့ direct link လေးကိုပဲ အောက်မှာရှိနေတဲ့ Layout >> page element >> (Head) ရဲ့နဘေးက Edit ဆိုတာကို နှိပ်လိုက် direct link လေးကို web အကွက်လေးထဲမှာ ထည့်လိုက်ပါ.. အောက်ပါပုံလေးအတိုင်းပေါ်လာပြီဆိုရင်တော့ save လိုက်ပါတော့ ..



ကဲပြီးသွားပြီဆိုတဲ့ ပြောင်းထားတဲ့ပုံလေးပါ ...
Free Image Hosting at www.ImageShack.us

အခုရေးတာက လတ်တလော header လေးကို ပြင်နည်းလေးပါ .. ဒီပို့စ်ရေးနေတာ မပြီးသေးပါဘူး .. လိုအပ်တဲ့ ဓါတ်ပုံတွေနဲ့ ပိုပြီးရှင်းသွားအောင် ပြင်ဆင်ပါဦးမယ် .. အခုအနေအထားနဲ့လဲ photoshop နားလည်ပြီး template ပြောင်းတတ်တဲ့သူဆိုရင်တော့ လုပ်တတ်မှာပါ .. ကျွန်တော်အဓိကရည်စူးထားတာက အခုမှ စပြီးလေ့လာတဲ့ ဘလောက်ညီအစ်ကို၊ မောင်နှမများ အတွက်ရည်စူးပြီး ရေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ပို့စ်လေးကို ကျွန်တော် ပြန်ဖတ်ပြီး မကြေနပ်သေးရင် အသေးစိတ်ပြန်ရေးပြီး ပြန်ပြင်ပေးပါဦးမယ် .. ကျွန်တော် body အပိုင်းနဲ့ တစ်ခြားအပြင်အဆင်တွေအကြောင်းကို ရေးသားပါဦးမယ် ... ဘာမှမပူပါနဲ့ ရှိသမျှဘလောက်လေးကို စိတ်ရှိတိုင်း ဗျောင်းဆန်အောင် ပြင်ဆင်လို့ရအောင်အထိကို ပို့စ်တင်ပါဦးမယ် ... အဲတစ်ခုတော့ရှိတာပေါ့ဗျာ .. photoshop ကိုတော့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ တင်ထားဖို့လိုပါတယ် .... ဒါဆိုရင်တော့ စိတ်ကြိုက်မွှေလို့ရပါပြီ ...



ကျေးဇူးတင်ပါတယ် ...

ပေါ်လာတဲ့အထဲမှာမှ အခုမြင်နေရတဲ့ မှင်နီနဲ့တားပြထားတဲ့ နေရာက file name ကို copy ကူးလိုက်ပါ ....

ဆက်လက်ဖတ်ပါ






Processor ကို pentium III ကနေ pentium 9 အထိ မြင့်ဖို့ မြှင့်ကြရအောင်


Processor ကို pentium III ကနေ pentium 9 အထိ မြင့်ဖို့ မြှင့်ကြရအောင်


ကဲစာဖတ်သူရဲ့ ကွန်ပျူတာကို အခုအထိ မပေါ်သေးတဲ့ pentium 9 လုပ်ကြည့်မလား .... ဒါက သူငယ်ချင်းတွေကို အကြောင်ရိုက်ပြီးနောက်လို့ရပါတယ် .. ကိုယ့်ကွန်ပျူတာရဲ့ cpu ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်ပေါ့ .. ဥပမာ .. pentium III ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ... မျက်နှာပန်းလဲလှချင်တယ်ပေါ့ ... ဟဲဟဲ ချက်ချင်းကို အခုအချိန်အထိ မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ... စမ်းကြည့်မလား .. ကျွန်တော် ဒီပို့စ်လေးကို ရေးတာ နားမလည်တဲ့ သူငယ်ချင်းများကို မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...

start>> run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_loval_machine>> Haadware>> Description>> system>> Central Processor ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..


ပျော်ရွှင်ချမ်းမြေ့ကြပါစေ

မောင်မြင့်စိုး ကိုယ်ရေးအကျဉ်း

အမည် မောင်မြင့်စိုး
အသက် ၂၃ နှစ်
လူမျိုး ရခိုင်
နေရပ် ကျိန်းရိပ်မြေ၊ ရခိုင်ပြည်
ဘာသာ ဗုဒ္ဓ
အိမ်ထောင် မရှိ