ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 19, 2010

FaceonBody 2.4 (Portable)

ဒီနည်းလမ်းကတော့ ကောင်းတော့ကောင်း ဒါပေမယ့်
Image Hosting by Picoodle.com

အစ်ကိုတောင်းလို့သာ ရှာပေးရတာဗျ။ သိပ်မပေးချင်ဘူး … ဒီလို ဆော့်ဖ်ဝဲတွေနဲ့ ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေတာ ။ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော် ပြောခဲ့ဘူးသလို နည်းပညာတွေကို တားဆီးထားလို့မှ မရတာပဲ။ လုပ်ဘူးတော့ အဆိုးအကောင်း အတုအစစ် သိသွားတာပေါ့။ အကောင်းဘက်က ကြည့်ပြီး မျှဝေလိုက်ပါတယ်။

ပြောသာ ပြောနေတာ တစ်ခြို့က ဘာလုပ်တဲ့ ကောင်မှန်း မသိလောက်သေးဘူးထင်တယ်။ ဖြတ်ညှပ်ကပ် ဆိုတာလေ။ ခန္ဒာကိုယ် တစ်ခုမှာ အခြားမျက်နှာတစ်ခုကို လွယ်ကူစွာ တွဲဆပ်ပေးပါလိမ့်မယ်။ မိမိရဲ့ အနုပညာ မျက်စိ ရှိသလောက် သပ်ယပ် ပိရိ နေပါလိမ့်မယ်။ Portable ဖြစ်လို့ ဖိုင်သေးသေးလေးတစ်ခု သိမ်းထားယုံပါပဲ လိုချင်တဲ့အချိန် နှိပ်ပြီး သုံးရုံပဲဆိုတော့ နှစ်သက် ကြမှာပါ။


Download Mirror 1 : Mediafire – FaceonBody 2.4 (Portable)

Download Mirror 2 : Zshare – FaceonBody 2.4 (Portable)

အထဲမှာ text ဖိုင်နဲ့ ကီးတွေရေးထားပေးပါတယ်။ ဖွင့်လိုက်လို့ အောက်ကပုံအတိုင်း ပြလိမ့်မယ်။ Register လုပ်ပေးဖို့ပေါ့။ Register ကို နှိပ်ပေးပါ။
Image Hosting by Picoodle.com
text ဖိုင်ထဲက ကီးတွေ ကူးထည့်ပေးလိုက်ပါ။
Image Hosting by Picoodle.com

ဒါဆိုသုံးလို့ရပါပြီ။ ဘယ်လို သုံးရမလဲဆိုတာ သူ့ဘာသာ တစ်ဆင့်ချင်း သရုပ်ပြ ပုံနဲ့ ပြပေးပါလိမ့်မယ်။ သူပြပေးတဲ့ အတိုင်း လုပ်သွားရုံပါပဲ။ တစ်ခု အရေးကြီးတာက မိမိ တွဲစပ်ပေးချင်တဲ့ (သုံးမယ့်) ပုံတွေကို My Document ထဲက My picture မှာ ထည့်ထားပေးတာ အဆင်ပြေဆုံးဖြစ်ပါတယ်။ မိမိ မှာရှိတဲ့ ပုံတွေကို From my Hard disk ဆိုတာနှိပ်ပြီး ရွေးယူလို့ ရပေမယ့် My Picture ကို ရောက်သွားတာ ဖြစ်ပြီး အခြားနေရာကိုပြန်ထွက်ဖို့ ကြိုးစားလိုက်တာနဲ့ Hang သွားလို့ပါ။ ကျနော် ပြောတဲ့နည်းနဲ့ အဆင်ပြေပါလိမ့်မယ်။
လေ့လာရင်း ပျော်ရွှင်ကြပါစေဗျာ ….

0 comments: