ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Friday, March 12, 2010

အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသည့် ငါးတစ်မျိုး ဖမ်းဆီးရမိ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)

အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသည့် ငါးတစ်မျိုး ဖမ်းဆီးရမိ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)

အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသည့် ငါးတစ်မျိုး ဖမ်းဆီးရမိ







ဂူတွင်းရေအိုင်တစ်ခုအတွင်းမှ အလွန်ထူးခြားသည့် ပုံသဏ္ဍန်ရှိသော ငါးတစ်မျိုးကို တရုတ်ရွာသားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းလှိုဏ်ဂူသည် အနက်ပေ မီတာ(၁၀၀၀)ထိ
နိမ့်ဆင်းသွားသည့် နေရာတွင် တည်ရှိသည်။ ပညာရှင်များက ယခုတွေ့ရှိသော
မျိုးစိတ်သစ် ထူးခြားသည့်ငါးများအား အမျိုးအစား မခွဲခြားနိုင်သေးဟုဆိုသည်။
တရုတ်တောင်ပိုငး၊ ဂွမ်ဇီးရှိ ဘာမာမြို့နယ်၊ ဒါလူကျေးရွာလေးအနီးရှိ
ကျောက်ဂူတစ်ခုအတွင်းမှ ဖမ်းမိသောငါးသည် ဘဲနှုတ်သီးနှင့်ဆင်တူသော
ပါးစပ်နှင့် နီရဲသောနှုတ်ခမ်းများ ရှိနေသည်။ သေးသွယ်သည့် ပုံသဏ္ဍန်ရှိသော
ထူးထူးခြားခြားငါး၏ မျက်လုံးများမှာ ပါးစပ်နှင့် အလွန်နီးကပ်စွာ
တည်ရှိနေသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး လီဇူနန်းက ယခင်ကတည်းက
ထိုငါးအကြောင်းကို လူကြီးသူမများက ပြောဆိုခဲ့သည်ကို ကြားဖူးကြောင်း
ထုတ်ဖော်ပြောဆိုသွားသည်။ သို့သော်လည်း မျိုးဆက်သစ် လူငယ်များအနက်တွင်
ယခုငါးမျိုးကို မည်သူမျှ မမြင်ဖူးသဖြင့် ဒဏ္ဍာရီအဖြစ်သာ လက်ခံထားခဲ့ကြောင်း
ဇူနန်းကဆိုသည်။ သို့သော်လည်း ယခုအခါ ထိုငါးအချို့ကို ဖမ်းမိလာပြီးနောက်
ထိုကိစ္စမှာ အမှန်ဖြစ်ကြောင်း ဖော်ထုတ်လာနိုင်ခဲ့သည်။ ငါးအားတွေ့ရှိသည့်
ကျောက်ဂူကို ယခုအခါ ဖူယွမ်ဒေါင်ဟု အမည်ပေးထားပြီး အဓိပ္ပါယ်မှာ
ကံကြမ္မာလှိုဏ်ဂူဟူ၍ဖြစ်သည်။ ငါးများကို ဖမ်းမိပြီးနောက် ဂွမ်ဇူးရှိ
ရေနေသက်ရှိ လေ့လာရေး ပညာရေးဌာနသို့ ပို့ဆောင်လိုက်သော်လည်း
မည်သည့်ပညာရှင်ကမျှ ယင်းငါးမျိုးစိတ်အကြောင်း ဂဃနဏ မပြောနိုင်သေးချေ။
ယခုငါးသည် ယခင်က မှတ်တမ်းတင်ထားနိုင်ခြင်း မရှိသေးသည့် ငါးမျိုးစိတ်တစ်ခု
ဖြစ်နိုင်ကြောင်းလည်း ပညာရှင်များက မှတ်ချက်ပြု ပြောဆိုထားသည်။

0 comments: