ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Wednesday, March 17, 2010

play Gif animation photo in Windows 7

Windows 7 မှာ Gif animation ပုံတွေ လှုပ်ရှားမှု မပြနိုင်ပါဘူး။ မေးတာ များလွန်းလို့ အဆင်ပြေတဲ့ နည်းတစ်ခု ညွှန်းပေးပါ့မယ်။ ဘာလို့ မလှုပ်တာလဲ ဆိုတဲ့ အဖြေအတွက် www.windows7taskforce.com မှာ ဒီအတိုင်းပဲ ဖြေထားပါတယ်။
1. Windows Photo Viewer can’t open .GIF, MNG, APNG format
2. IE8 can’t open MNG, APNG format

Status: Not fixed
တဲ့။ photo viewer ကကို support မရှိတဲ့အတွက် သူ့ကို မကြိုးစားတော့ပါဘူး။ လွယ်ကူရှင်းလင်း ပေါ့ပါးပြီး အလကားရတာလေး သုံးကြတာပေါ့။ သူ့နာမည်က irfanview တဲ့။ windows XP ကို cracking windows တွေ လျှောက်သုံးဖူးသူများ တွေ့ဘူးပါလိမ့်မယ်။ သူဘာတွေအားသာချက်ရှိလဲ ဆက်ကြည့်ရအောင် ….

irfanview


သာမာန်သုံးနေတဲ့ ဓါတ်ပုံဖိုင်အမျိုးအစား အများကြီးကို ပြပေးနိုင်တဲ့အပြင် video ဖိုင်တွေပါ ပြပေးနိုင်လို့ movie player အဖြစ်တောင် သုံးလို့ရတယ်။ သူအလုပ်လုပ်ပေးနိုင်တဲ့ file types တွေ များလို့ ရေးပြမနေတော့ပါဘူး။ ဒီမှာသွားကြည့်လိုက်ပါ
*အဓိက အားသာချက်က windows XP, Vista, 7 အားလုံးနဲ့ ဘာ error မှ မတက်ဘူး။
*သုံးရတာလည်း အရမ်းပေါ့တယ်။ windows ရဲ့ image viewer ထက်ကို ပေါ့တယ်။
*file type တွေ အများကြီးပြပေးနိုင်လို့ တစ်ခုထဲနဲ့တင် အဆင်ပြေတယ်။
*windows 7 မှာ gif ကို animation အဖြစ် လှုပ်ရှားနေဖို့ အဆင်ပြေဆုံးဖြစ်တယ်။
*Toolbar အတွက် skin တွေကို မိမိစိတ်ကြိုက်ပြောင်းနိုင်သလို ဒီမှာလည်း ဒေါင်းနိုင်တယ်။
*plug-in တွေ ထပ်သုံးပြီး support မြှင့်လို့ရသလို အားလုံးအတွက်လည်း free ပဲ။ (မူရင်း software အပါအ၀င် အားလုံး freeware ဖြစ်ပါတယ်)

အားသာချက် အများကြီးလည်းဖြစ် အလကားရတာလည်း ဖြစ်တော့ ဒီထက် ပိုညွှန်းစရာတောင်မလိုတော့ပါဘူး။ အဓိက က windows 7 မှာ gif animation တွေ ကြည့်လို့ရအောင်ဆိုပြီး ရှာပေးရင်း အဆင်ပြေဆုံးဖြစ်နိုင်တာကို ညွှန်းပေးလိုက်တာ။

အပေါ်က ပုံကို နှိပ်ပြီးသွားရင် မူရင်းဆိုဒ်ကို ရောက်မယ်။ Download ကို နှိပ်ပြီးဆွဲလို့ရတယ်။ မသွားချင်ဘူး ရှာမတွေ့ဘူးဆိုလည်း အောက်က လင့်သာနှိပ်လိုက်ပါ။ prize is free ဖြစ်လို့ မူပိုင်ခွင့်တွေ ဝေးပါတယ်။ I love freeware …

IrfanView 4.25 (from Cnet)

အားလုံး အားလုံးအတွက် …. irfanview က OK တယ် … စမ်းကြည့်ပါဦးဗျာ … အဆင်ပြေပါစေ။

0 comments: