Windows 7 မှာပါတဲ့ Explorer နဲ့ Start Menu Search ကိုဖြုတ်ချင်တဲ့ သူတွေအတွက်ပါ..တစ်ချို့က အဲ့ဒီ Search ကိုမကြိုက်ဘူးတဲ့..ဖြုတ်ချင်တယ်..ဖြုတ်နည်းလေးက လွယ်ပါတယ် အောက်ကအတိုင်း လုပ်ကြည့်ပါ..
ဒါကတော့ Explorer နဲ့ Start Menu Search ပုံပေါ့
ဖြုတ်မယ်ဆိုရင် ပထမဦးဆုံး Start >> Control Panel >> Programs and Features ကိုသွားပါ
Turn Windows features on or off ကို နိုပ်ပါ
Turn Windows features on or off ပေါ်လာရင် Windows Search ကိုအမှန်ခြစ်ဖြုတ်ပြီး ok ကို နိုပ်လိုက်ပါ..
message ပေါ်လာရင် yes / ok နိုပ်လိုက်ပါ..
အဲ့မှာ progress message ပေါ်လာမယ်..
နောက် Restart Now ကို နိုပ်လိုက်ပါ
Restart ပြီးလို့ Windows ပြန်တက်လာရင် Search ပျောက်ပါပြီဗျာ..
အဲ့ဒါပါပဲဗျာ..Search Box ကိုပြန်ပေါ်ချင်ရင် အပေါ်က အတိုင်းပြန်သွားပြီး Windows Search ကို အမှန်ခြစ်လေးပြန်ပေးလိုက်ရုံပါပဲ..ပြီးရင် ok ပေါ့..။ ။
0 comments:
Post a Comment