ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Monday, March 22, 2010

hardware ကြောင်း

est posts with label ကွန်ပျူတာဆိုင်ရာ. Show older posts

Wednesday, 17 March 2010

Uninstall လုပ်၍ မရသော ပြဿနာ

သူငယ်ချင်းတစ်ယောက်ကသူ့ အခက်အခဲ
လေးကိုတောင်းဆိုလာတာကြောင့်ရှင်းပြလိုက်ပါတယ်။

သိရှိပြီးသား လူတွေကိုတော့ ထုံးစံအတိုင်း sorry ပေါ့ဗျာ..
တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
အဲ့လိုမျိုးဖြစ်နေခဲ့ရင်တော့အောက်ပါအတိုင်းလုပ်ပေးလိုက်ပါဗျာ

၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OKလိုက်ပါ

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

အဆင်ပြေကြပါစေဗျာ


Tuesday, 16 March 2010

ကြုံခဲ့ရဘ၀မှတ်တမ်း(၁)

ကျွှန်တော်ကွန်ပျူတာပြင်ခဲ့တဲ့ အတွေ့ အကြုံတွေကိုဖေါ်ပြသွားပါ့မယ်

ဒီနေရာမှာသီအိုရီဆခွဲကိန်းတွေနဲ့ ကိုက်ညီမှူရှိနိုင်သလို ။

မကိုက်ညီမှူတွေရှိနေတာတွေလည်းတွေ့ ရမှာပါဒါပေမဲ့ 
တကယ့်အပြင်ဘ၀ကအဖြစ်အပျက်တွေနောက်
ပညာရပ်ကိုလိုက်စားနေတဲ့ဘ၀တူညီအကိုတွေအတွက်ရေးသားတင်ပြလိုက်ပါတယ်။

အဓိကသူကတော့ဂျီတော့ခ်မှာမေးလည်းမေးဆူလည်းဆူတတ်တဲ့တူဂျီးပေါ့



ကျွှန်နုပ်နှင့် IDE ပြသနာ

တစ်နေ့ သတွင်ကျွှန်နုပ်ဆီသို့ ဝင်းဒိုးမတက်သော SYSTEMပုံးတစ်ပုံးကိုအီကြာကွေးဟုခေါ်သောငနဲသားမိတ်ဆွေ
တစ်ဦးထမ်းလာကာမျက်နှာစပ်ဖြဲဖြဲနှင့် ဆရာမြတ် ၀င်းဒိုးတွေကျွှန်တော်တင်နေတာမတက်ဘူးဖြစ်နေတယ်ကူညီပါဟုပြောလေသည်။
သူ သည်ကျွှနုပ်သိသလောက်ကွန်ပျူတာဝါသနာပါသလို ကလိတတ်သူတစ်ဦးဖြစ်ချေကားသူဝင်းဒိုးတင်မရသော SYSTEM ပုံးကို
သေချာစွာစစ်လေ၏ အတန်ငယ်သေချာစစ်ပြီးသောအခါ ဘာမှမမှားယွင်းဟုယူဆလျှက် ၀င်းဒိုးတင်လေရာ
copying file သို့ အရောက်တွင်ဆက်လက်မသွားဘဲရပ်တန့် နေလေသည် ကျွှန်ုပ်လည်း
ခါတိုင်းကဲ့သို့ ပင်စောင့်စားနေရာဝင်းဒိုးမှာထိုအတိုင်းကဲ့သိုပင်ရှိမြဲရှိနေလေသည် ထို့ ကြောင့်ကျွှန်ုပ်လည်းစက်ကိုရီစတက်ချပြီးထပ်တင်လေရာ
ထိုနေရာတွင်ပင်ရပ်နေလေသည်။
ကျွှန်ုပ်လည်းဟိုပြောင်းဒီပြောင်းနှင့်ချွှေးဒီးဒီထွက်ကာအထပ်ထပ်အခါခါပစ္စည်းတစ်ခုပြီးတစ်ခုလည်းကာ
ဝင်းဒိုးဟုခေါ်သော O.Sကိုတင်လေရာနောက်ဆုံး IDE ကြိုး 80PIN တွငအနီဘက်မှကြိုးမှာနှစ်ပင်ပျက်လျှက်ရှိနေသည်ကိုကြွက်သော်
၎င်းအီကြာကွေးသော်၎င်းကိုက်ထားသကဲ့သို့ နှစ်ပင်တိတိပြတ်နေသည်ကိုတွေ့ ရ၏
ထို့ ကြောင့်ကျွှန်ုပ်လည်း ဟာ့ဒ်ဒစ်ကိုဆက်သွယ်ထားသောကြိုးအားအသစ်လဲကာဝင်းဒိုးကို
တင်လေရာအကုန်အဆင်ပြေစွာကောင်းမွန်သွားသည်ဖြစ်သဖြင်အီကြာကွေးဟုခေါ်သောဆရာကလိသည်
လ္ဘက်ရည်တိုက်ကာကျေးဇူးတင်ခြင်းကိုခံခဲ့ရလေသတည်း။


ဆက်လက်ဖေါ်ပြပါမည်

Tuesday, 2 February 2010

explorer.exe မတက်သည့်ပြသနာ

Virus ကြောင့်ပဲဖြစ်ဖြစ်၊Window အသုံးပြုတာကြာလို့ပဲဖြစ်ဖြစ် ဒီလို explorer.exe မတက်သည့်ပြသနာဖြစ်တတ်ပါတယ်။ explorer.exe မတက်တော့ဘူးဆိုရင်တော့ desktop တခုလုံးပျောက်နေပါတယ်။ taskbar ရော start menu ပါပျောက်နေမှတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ အကြောင်းမသိရင် တော်တော်ဒုက္ခရောက်ပါတယ်။ Reg file ရေးရတာနဲ့ explorer ကို replace ပြန်လုပ်ရတာနဲ့ တော်တော့်ကိုစားပါတယ်။ အခုပြောမယ့်နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc key တွေကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
task manager ပေါ်လာရင် file => New Task (run) ကိုခေါ်လိုက်ပြီး c:\windows လို့ရိုက်လိုက်ရင် windows file ပေါ်လာပါမယ်။ window file ထဲက explorer.exe ကိုရှာပြီး copy လုပ်လိုက်ပါ။ ပြီးရင်အဲဒီ window file ထဲမှာပဲပြန် paste လုပ်ပြီး rename နဲ့ နာမည်တခုပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အားလုံးပြီးရင် window file ကိုပိတ်လိုက်ပြီး file => New Task (run) ကနေ regedit လို့ရိုက်ပြီး Registry Editor ကိုခေါ်ပါ။ registry ထဲမှာဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHINE / SOFTWARE / Microsoft / Windows NT / Current Version / Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ subkey တွေထဲမှာ Shell ကိုရှာလိုက်ပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ explorer.exe ကိုဖျက်ပြီး အပေါ်က copy/paste လုပ်ပြီး rename ပေးထားတဲ့ အတိုင်းထည့်လိုက်ပါ။ (ဥပမာ) newexplorer.exe ။ အားလုံးပြီးရင် registry editor ကိုပိတ်ပြီး စက်ကို restart ချလိုက်ပါ။ ပြန်တက်လာရင် အိုကေ ပါပြီ။

လုပ်ကြည့်လိုက်ပါ


Desktop ပေါ်မှာလှုပ်ရှားနေတဲ့ Gif ဖိုင်ပုံလေးတင်ကြည့်ရအောင်

Run box မှာ control desktop လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ

Desktop option အောက်က customize desktop ဆိုတဲ့ button ကို click ပါ
Desk Itoms dialog box မှ web ကို click ပါ new , New Desktop Item မှာ မိမိထည့်ချင်တဲ့
Gif file ကို browse ကနေရွေးပြီး ထည့်လိုက်ပါ

ပြီးရင်တော့ ok , apply, ok ပေါ့

ကျွန်တော့် တို့ Desktop ပေါ်မှာ Gif ပေါ်လာပါပြီ
ပြီးရင်တော့
ကိုလိုချင်တဲ့ နေရာမှာထားလိုက်ပေါ့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Desktop ပေါ်မှာ
right click ထောက်ပြီး Desktop Item ဆိုတဲ့ dialog box ထိရောက်အောင်ပြန်သွား လိုက်ပါဦး
Lock desktop item ဆိုတဲ့စာသားလေး check ပေးပြီး Ok ,Apply,Ok…….
အခုဆိုရင် gif file ဟာ မိမိစိတ်ကြိုက်ထား ထားတဲ့နေရာမှာလှပစွာနဲ့ မြင်တွေ့ ရပါလိမ့်မယ်



Friday, 18 December 2009

Windows Vista ကိုဘာကြောင့် အသုံးမများသေးတာလဲ။

(၁) Upgrade လုပ်ရန်အတွက် Hardware ပိုင်း လိုအပ်ချက်မြင့်မားမှု
Windows Vista ကိုသုံးဖို့ရာ Memory ပမာဏ 1GB ရှိသင့်သည်ဟု
Microsoft က အဆိုပြုထားပါသည်။ လောလောဆယ် သင့်ကွန်ပျူတာသည်
Pentium 4 ကွန်ပျူတာတစ်လုံးဆိုပါက ထိုကွန်ပျူတာတွင်သုံးသော
Memory အမျိုးအစားသည် DDR အမျိုးအစားဖြစ်ပါလိမ့်မည်။
အခုလက်ရှိတွင် DDR Memory များ ပျောက်ကွယ်သလောက်ရှိနေပြီး
DDR2 Memory များသာ ဈေးကွက်ထဲရှိနေပါတော့သည်။ ထို့ကြောင့်
DDR Memory ကို 1GB ပြည့်အောင် ဖြည့်ဖို့ရန်မူ လွယ်ကူသောအလုပ်မဟုတ်ပေ။
DDR Memory ကို ရတောင်မှ ဈေးနှုန်းကြီးမြင့်ပါလိမ့်မည်။ ကဲ..ဒါဖြင့်
ဒီလောက်ရှားနေတဲ့ DDR Memory
မ၀ယ်ဘူးပေါ့။ လောလောဆယ် ဈေးကွက်ထဲရောင်းနေသော DDR2 Memory
ကိုသာ ၀ယ်မည်ဆိုပါစို့။ ၀မ်းနည်းပါသည်။ Pentium 4 ကွန်ပျူတာများသည်
DDR2 Memory ကို လက်မခံပါ။ ကဲ..ဒါဖြင့် လက်ခံအောင် ဘယ်လိုလုပ်မလဲ။
ဟုတ်ကဲ့..Motherboard အသစ်တစ်ခု ၀ယ်ရပါမည်။ ပို၍ ကံဆိုးသည်မှာ
Pentium 4 CPU များတွင် ပါဝင်သော Pin အရေအတွက်သည် 478 ချောင်းဖြစ်ပြီး၊
ဈေးကွက်အတွင်း လက်ရှိရောင်းနေသော Motherboard များသည်
478 Pin CPU ကို support မလုပ်တော့ဘဲ 775 Pin ရှိသော CPU
ကိုသာ တပ်ဆင်ရပါတော့သည်။ အတိုချုပ်ရသော် သင်သည်
Pentium 4 ကွန်ပျူတာတစ်လုံးကို သုံးစွဲနေသူတစ်ယောက်ဖြစ်ပါက
Windows Vista ကို သုံးရန်အတွက် DDR Memory 1GB ပြည့်အောင်ဖြည့်၊
မဖြည့်နိုင်လျှင်တော့ Motherboard လဲရမည်၊ Windows Vista ၏
Aero Glass Feature ကို ရရှိရန်အတွက် Graphic Card အကောင်းစား၊
Graphic Memory များများလိုအပ်သေးသည်။ လက်ရှိသုံးနေသော
CPU ကြီး မြောင်းထဲပစ်ရမည်။ Power Supply ပါ အဆစ်ပါလိုက်ဦးမယ်ဗျား။

(၂) 64 Bit ဖြစ်နေတာကြောင့်ပါ

Windows Vista သည် 32bit နှင့် 64bit ဆိုပြီး နှစ်မျိုးလာသော်လည်း
64bit ကိုသုံးမှသာ Vista ၏စွမ်းပကားကို အပြည့်အ၀မြင်ရမည်ဖြစ်ပါသည်။
Operating System ကို 64 bit သုံးမည်ဆိုလျှင် Hardware များကလည်း
64bit ဖြစ်ရပါမည်။ Motherboard ကလည်း 64bit ၊ CPU ကလည်း
64 bit ဖြစ်ရပါမည်။ Pentium 4 CPU များသည် 32bit ဖြစ်ပြီး ယခုနောက်ပေါ်
Pentium D CPU များကသာ 64bit ဖြစ်ပါသည်။ ထို့အပြင် Pentium 4
တပ်ထားသော Motherboard သည်လည်း 64bit မဖြစ်နိုင်ဘဲ
64bit Motherboard ထပ်မံဝယ်ယူရပါမည်။ လက်ရှိဈေးကွက်ထဲတွင်
Vista Ready ဟု တံဆိပ်ကပ်ထားသော Motherboard များသည်
64bit ကို support လုပ်ပေးနိုင်ပါသည်။

(၃) 64bit ဖြစ်သော်လည်းပဲ

Vista ကို အရူးအမူးသုံးချင်၍ 64bit computer တစ်လုံးဝယ်ပြီး 64bit Windows Vista
ကိုထည့်လိုက်ပြီဆိုပါစို့။ စောလွန်းပါသေးသည်။ 64bit Windows Vista
ပေါ်တွင် run နိုင်သော 64bit program များအရေအတွက်မှာ လောလောဆယ်
လက်ချိုးရေနိုင်သေးပါသည်။ 64bit တွေ မထွက်သေးလို့ 32bit Program
တွေကိုပဲ Vista ပေါ်တင်မည် ဆိုပါစို့။ ဂီယာလေးချက်ပါသော
ဆိုင်ကယ်ကြီးစီးပြီး ဂီယာနံပါတ်နှစ်နဲ့သာ မောင်းနေသလို ဖြစ်နေပါလိမ့်မည်။
Microsoft ကလည်း တော်တော်များများနှင့် ရန်ဖြစ်ထားပုံရပါသည်။
သူ့ 64 bit Vista အတွက် လက်ရှိထွက်နေသော 64bit Program များမှာ
Microsoft ကသာ များပြီး အခြားကုမ္ပဏီများမှ မထုတ်ကြသေးပါ။
Adobe Photoshop တောင် 64 bit version မထုတ်သေးပါ။
Vista က ထပ်ပြီး ဂျီးများသည်မှာ လက်ရှိသုံးနေကြသော 32bit Program
တောင်မှ တော်တော်များများတင်မရပါ။ အဓိကအားဖြင့် Hard disk
နှင့်ပတ်သတ်သော Program များ၊ Antivirus Program များမှ
Vista ပေါ်တွင် အလုပ်မလုပ်ပါ။ ထို့ကြောင့် 32bit ဖြစ်သော်လည်း
Vista Compatiable ဖြစ်မှ Vista ပေါ်တွင် အဆင်ပြေပြေ run ပါလိမ့်မည်။
တလောကတော့ ထို Program Compatiable အပိုင်းကို ကိုင်တွယ်သော
အရာရှိတစ်ယောက်ကို Program တော်တော်များများနှင့် Windows Vista
အဆင်ပြေအောင် အလုပ်မလုပ်နိုင်ခြင်းကြောင့် အလုပ်ထုတ်လိုက်သည်ဟု
ဖတ်လိုက်ရပါသည်။

(၄) Gamer တွေလည်း မသုံးကြသေးပါ

Windows Vista သည် Game များအတွက် အရေးကြီးသောနည်းပညာဖြစ်သည့်
DirectX 10 ကို support လုပ်ပါသည်။ Windows XP တွင်မူ DirectX 9
ကိုသာ support လုပ်ပါသည်။ DirectX10 သည် DriectX9 ထက် Game များကို ရုပ်ထွက်အားပိုကောင်းစေပါသည်။ သို့သော်လည်း လက်ရှိ လူကြိုက်များသော
Game များမှာ DirectX10 version အနေဖြင့် မထွက်သေးပါ။ ထို့ပြင်
ထို Windows Vista ၏ DirectX10 ကို သုံးနိုင်ရန် မိမိကွန်ပျူတာတွင်
DirectX10 ရသော Graphic Card စိုက်ရပါမည်။ လက်ရှိဈေးကွက်ထဲတွင်လည်း
DirectX10 Graphic Card များသည် ဈေးနှုန်းကြီးမြင့် ၍ ရှားပါးနေဆဲဖြစ်ပါသည်။
ထို့ကြောင့်လည်း Gamer များအနေဖြင့် Vista ကို ကောင်းမှန်းသိတယ်၊
ဒါပေမဲ့ ပေါင်းမရသေးဘူး ဖြစ်နေပါသေးတယ်။

(၅) လှသော်လည်းပဲ အထိမခံမှု

Windows Vista သည် Interface အတော်လေးကို လှပသပ်ရပ်ပါသည်။
သို့သော်လည်း အထိမခံပါ။ ဆိုလိုသည်မှာ Protection ကောင်းလွန်းနေပါသည်။
Hard Disk ကို Defragment လုပ်သည်ကအစ မေးခွန်းနှစ်ခုလောက်
မေးသည်ကိုဖြေပြီးမှ လုပ်နိုင်ပါလိမ့်မည်။ Vista ကို သုံးကြမည့်သူများအနေနှင့်
ထိုကဲ့သို့ မေးခွန်းများကို လိုက်လံဖြေကြားရသည်မှာ အပိုအလုပ်တစ်ခုလို ဖြစ်နေပါသည်။
ထိုကဲ့သို့ မမေးရန် Vista တွင်
ပါဝင်သော UAC ကိုပိတ်ထားနိုင်သောလည်း မီးခံသေတ္တာရှိသောအခန်းကို
သော့မခတ်ပဲ ပစ်ထားသည်နှင့် တူနေပါလိမ့်မည။်

(၆) ယခုအချိန်ထိလည်း မတည်ငြိမ်သေးပါ

Vista ထုတ်မည်ဟု ကြေငြာကတည်းက အားနည်းချက်များ မရှိသလောက်
ဖြစ်မည်ဖြစ်ကြောင်း..စသည်ဖြင့် ပြောပြီးကာမှ ယခုမူ service pack 1 ဆိုပြီး
ထပ်မံထုတ်ရပြန်သေးသည်။ ထို service pack 1 ဖြင့် Vista တည်ငြိမ်သွားပါမည်ဟု
Microsoft လည်း အာမမခံနိုင်သေးပေ။

(၇) သာမန်userများအတွက် အသုံးပြုရသည်မှာ ရှုပ်ထွေးမှု

အပိုမဆလာတွေများလာခြင်း၊ သူတို့က လွယ်ကူစေအောင်လုပ်ပေးထားသည်များက
ပို၍ခက်ခဲနေစေခြင်း စသည်တို့မှာ vista ကို စကိုင်မည့် သာမန် user များအတွက် ခေါင်းခဲစရာများပင်ဖြစ်သည်။ XP သုံးနည်း အလွတ်ကျတ်ထားသမျှ
Vista တွင် အနည်းငယ်မျှသာ အကျုံးဝင်တော့မည်ဖြစ်သည်။ Vista ကို
စသုံးသုံးချင်း ဘာတွေမှန်းလည်းမသိဘူး ရှုပ်ယှတ်ခတ်နေတာပဲဆိုပြီး
စတင်မိတ်ဆက်ရပေလိမ့်မည်။





အဆင်ပြေကြပါစေ



shareby=====>>> http://itmen.myanmarbloggers.org

Window XP ဆိုတာ......

Window XP မှာ XP ရဲ့ အရှည်ကောက်ကတော့.. " Windows eXPerience " ပါ ။
နောက်တစ်မျိုးက " Windows eXtremely exPensive " လို့သုံးနှုန်းကြပါတယ် ။
ကွန်ပျုတာ ကျွှမ်းကျင်သူတွေကတော့ XP ကို " eXtra Protection " လို့တင်စား
ခေါ်ဝေါ်ကြပါတယ် ။

Window XP လို့ခေါ်တဲ့ Computer စနစ် Software ကြီးကို ...
အမေရိကန်ပြည်ထောင်စုအခြေစိုက် Microsoft ကုမ္ပဏီမှ
ထုတ်လုပ်ပါတယ်။ Microsoft ကုမ္ပဏီကို တည်ထောင်သူကတော့ Bill Gates နှင့်
Paul Allen တို့ပဲ ဖြစ်ပါတယ် ။
အခုအခါ Bill Gates ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါတယ် ။

ကွန်ပျူတာ ကျွှမ်းကျင်သူတွေက ......
Window XP ဟာ Windows NT/2000 ကို အခြေခံထားတာတဲ့ ။
ဘာကြောင့်လည်း ဆိုတော့ Window XP က တည်ငြိမ်မူရှိလို့ပါတဲ့ ။
ဒါပေမယ့်... သိပ်ကောင်းတယ်လို့တော့ မဆိုလိုပါဘူးတဲ့ ။
Window XP သည် Kernel Mode Architecture အခြေခံထားပါတယ် ။
ဆိုလိုတာက Window စနစ် codes တွေဟာ အခြား software များနဲ့ ခြားနားလို့ပါပဲ ။

ထူးခြားသည့်အချက်ကတော့ .. DLL ( Dynamic Link Libraries ) ကြောင့်ပါ ။
DLL က Window စနစ်တွင် အရေးကြီးသည့်
အစိတ်အပိုင်းတစ်ခုပါ ။ အခြား မည်သည့် softwares ကို မဆို
လွယ်ကူစွာ ချိတ်ဆက်ပေးနိုင်ပါတယ် ။ မလိုအပ်လျှင်လည်း
အကွာအကွယ်ပေးပါတယ် ။ DLL ပျက်သွားလျှင် softwares များ
အလုပ်လုပ်နေခြင်းကို ရပ်သွားပါလိမ့်မယ် ။
အကယ်၍ DLL ဖိုင်ပျောက်ဆုံးသွားပါက ( သို့ ) ပျက်သွားပါသည်ကို
error messages များအဖြစ်ဖော်ပြပေးပါတယ် ။
Websites များသို့ ၀င်ရောက်ရာတွင်လည်း ကြိုတင်ကာကွယ်မူကိုပေးနိုင်တာကြောင့် ...
ကွန်ပျူတာ ကျွှမ်းကျင်သူတွေက XP ကို
" eXtra Protection " လို့တစ်စားခေါ်ဝေါ်ခဲ့ကြတာကိုး............................။
၁၉၈၁ ခုနှစ်မှာ ပထမဆုံး Microsoft ၏ MS-DOS ကို စတင်ထုတ်လုပ်ခဲ့ပါတယ် ။
တဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်လာခဲ့ရာ ယခု
Window XP ရောက်ရှိလာတဲ့ အထိပါပဲ ..........................။


*****Window XP

" Windows eXPerience "

" Windows eXtremely exPensive "

" Windows eXtra Protection "

*****Windows System File တွေဖြစ်တဲ့ ( *.DLL ) ဖိုင်တွေကို
Window ပေါ်မှာ တိုက်ရိုက်အသုံးမပြုနိုင်တဲ့အတွက်
Microsoft က ( *.exe ) ဖိုင်တွေနဲ့ Control လုပ်နိုင်ဖို့ပြင်ဆင်ခဲ့ပါတယ် ။
ဒါကြောင့် ကျွန်တော်တို့ရဲ့ Windows ပေါ်မှာ
( svchost.exe ) နှင့် အခြား ( *.exe ) ဖိုင်တွေကို တွေ့နေ ၊ မြင်နေရတာပါပဲ ။
Windows Task Manager က
Processes tab အောက်မှာ သွားကြည့်နိုင်ပါတယ် ။











share by ==== http://www.mshare.org/


Wednesday, 2 September 2009

Software များကို Crack လုပ်နည်းမျိုးစုံ

မေး = ကျွန်တော်ကအစ်ကို့ရဲ့ site ကိုခဏခဏရောက်ပါတယ်ဗျာ။
အခုကျွန်တော်နည်းနည်းလောက်အစ်ကို့ကိုမေးချင်လို့ပါ။
အဲဒါကတော့ crack file ကူးတာမသိလို့ပါ။တစ်ချို့ software တွေလိုင်စင်
version နဲ့ဆိုတော့ crack file ကူးမှရမယ်လို့ပြောပြောနေကြလို့ပါ။
ဘယ်လိုကူးရတာလဲဆိုတာတစ်ချက်လောက်ပြောပြပေးပါအုံးဗျာ။

wanay.88@gmail.com

ဒီအဖြေကိုIT Men blogမှတဆင့်ပြန်လည်ဖေါ်ပြလိုက်ပါတယ်ဗျာ

(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation
လည်းမတောင်းပါ။
ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။
အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။
ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replace လုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။
ဥပမာပြရလျှင်
Photoshop CS3 ဆိုလျှင် ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ
Crack Folder ထဲတွင်ရှိသော
Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder
ထဲသို့ Replace
လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။

(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software
ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။
ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky
ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။
တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို
Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။
တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို
disable လုပ်ရပါသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ
ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း
သိသွားနိုင်ပါသည်။


Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။
သို့သော်လည်း ထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။
ထို့ကြောင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။



အဆင်ပြေကြပါစေဗျာ

Sunday, 26 April 2009

SYSTEM Optimize လုပ်ရာတွင်သတိပြုရမည့်အချက်များ

ကျွှန်တော်တွေ့ မိသလောက်လေးပါ။

ကျွန်တော်တို့ကွန်ပြူတာတစ်လုံးကို အသစ်ဖြစ်စေ အဟောင်းဖြစ်စေ
မြန်နေမှ သုံးတဲ့သူတွေက ကြိုက်ကြပါတယ်။
အဲဒီတော့ ကျွန်တော်တို့ မြန်အောင်Tweak တွေလုပ်တယ်။
Maintainance တွေလုပ်တယ်။
တစ်ချို့လူတွေက Guide တွေမပြည့်စုံတာရယ်။
Tweak လုပ်တဲ့သူတွေရဲ့မကျွမ်းကျင်မှုတွေရယ်ကြောင့်
ပိုမြန်မလာဘဲ ပိုနှေးလာတတ်တယ်။
Performance Loss တွေ Data Loss တွေဖြစ်လာတယ်။

သတိထားရမှာတွေက...

CPU Overclocking

CPU overclocking ကအရင်ကတည်းက ခေတ်စားတဲ့ နည်းပညာတစ်ခုပါ။
1.7 GHz ရှိတဲ့ကွန်ပြူတာကို 2.0 GHz လောက်ထိရောက်သွားအောင်
ကောင်းကောင်း overclock လုပ်လို့ရတယ်။
သတိပြုရမှာက Overclock လုပ်ထားတဲ့ဘယ်
Hardware မဆို အပူပိုထွက်တယ်။ ဒီတော့ ကျွန်တော်တို့ Cooling System
ကောင်းရင်ကောင်း၊ မကောင်းရင်တော့ CPU ညောင်းသွားမှာပါ။
နောက်တစ်ခုရှိသေးတာက CPU နဲ့ Motherboard က Timer မကိုက်ခဲ့ရင်လည်း
Data Loss တွေ Data Error တွေဖြစ်လာနိုင်တယ်။
ကျွမ်းကျင်တဲ့ Overclocker ကတော့ ဘာကိုမှမထိခိုက်စေဘဲ Speed ကို Optimize လုပ်နိုင်တယ်။

Disk Defragmentation
ဘယ်သူ့ကိုမေးမေး Defrag လုပ်တာကောင်းလားကောင်းပါတယ်လို့ဖြေမှာပါ။
ဟုတ်ပါတယ်။ ဖိုင်တွေတစ်ကွဲတစ်ပြားစီရှိနေတာကို တစ်နေရှာထဲစုထားပေးလိုက်တော့
ရှာရတာပိုမြန်ပါတယ်။ Hard Disk Access Rate ပိုမြန်လာပါတယ်။
သတိပြုရမှာက Bad Sector ရှိနေတဲ့ Hard Disk ပါ။ Bad Sector
ထဲမှာ ဖိုင်ရေးလိုက်ရင် အဲဒီဖိုင်က အဆုံးဘဲ။ ကျွန်တော်တို့ ရဲ့သာမာန်ဖိုင်ဆိုရင် တော့
Data Loss ဖြစ်တာလောက်ဘဲရှိပြီး။ OS ရဲ့ဖိုင်ဖြစ်နေရင် OS မှာပါ error ဖြစ်လာလိမ့်မယ်။
OS ရဲ့ Critical ဖိုင်ဆိုရင် OS ကိုအသစ်ပြန်တင်ပေးမှရလိမ့်မယ်။
(OS ဆိုတာက Operating System ကိုအတိုခေါ်တာပါ။
Linux, Mac, Window အားလုံးကိုခြုံပြီးတော့ OS လို့ပြောလိုက်တာပါ။)

Temporary Files ရှင်း/ဖျက်ခြင်း
Temporary ဆိုတာက Program ဖိုင်တွေလုပ်လုပ်နေတဲ့အချိန်မှာ ရေးထားခဲ့တဲ့ဖိုင်တွေဘဲဖြစ်တယ်။ သုံးပြီးသွားရင်တော့ဖျက်သွားပါတယ်။ မဖျက်ဘဲကျန်ခဲ့တဲ့ဖိုင်တွေလည်းရှိတယ်။ ဒီဖိုင်တွေကိုရှင်းပစ်လို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့်တစ်ချို့ Program က Installer ကို Temp အောက်ထဲမှာ ထားလိုက်တယ်။ အဲဒီဖိုင်ကို ကိုယ်ကမသိလို့ရှင်းပစ်လိုက်ရင်... Uninstall လုပ်တဲ့အခါပြဿနာလာရှာလိမ့်မယ်။ Cannot Find Installer Files ဆိုပြီးပြောလိမ့်မယ်။

Prefetch Files ရှင်း/ဖျက်ခြင်း
Prefetch ဆိုတာကဘာလဲ?
Prefetch ဆိုတာကတော့ ကွန်ပြူတာမှာ ကိုယ် exe တစ်ခုကို run လိုက်တဲ့အခါပေါ်လာတဲ့ဖိုင်ပါ။
Microsoft Windows XP မှာပါတဲ့ feature တစ်ခုပါ။
သူကဘာလုပ်ပေးလဲဆိုတော့ Prefetch လုပ်ပြီးသား exe ရဲ့ Load Speed ကိုမြန်စေတယ်။

Prefetch ဆိုတာရှင်းလို့ ကွန်ပြူတာမြန်လာနိုင်သလား?
တစ်ခါလောက်ဘဲ run ပြီး နောက်တစ်ခါထပ်မဖွင့်ဖြစ်တော့တဲ့ Program ဆိုရင်တော့ Prefetch
ကအသုံးမ၀င်တော့ဘူး။ အဲဒီဖိုင်တွေများလာရင် Hard Disk Access ကျလာနိုင်တော့နှေးလာနိုင်တယ်။ ဒါကြောင့်ဒီဖိုင်တွေကိုရှင်းပစ်တာက ကွန်ပြူတာကိုအနည်းငယ်တော့မြန်လာစေမယ်။

ဘာ errorတွေ ရှိနိုင်မလဲ?
သတိမထားမိကြတဲ့ errorတွေ ရှိတယ်။ အဲဒါက prefetch ရဲ့ folder မှာဘဲ
defrag လုပ်ရင် အရမ်းအရေးပါတဲ့ Layout.ini ဆိုတဲ့ဖိုင်ရှိတယ်။

Layout.ini ဆိုတာကရောဘာလဲ?
Layout.ini ဆိုတာက ကွန်ပြူတာရဲ့အသုံးများတဲ့ Files တွေကို စီပြီးရေးထားတာပါ။
Defrag လုပ်တဲ့ software ကအဲဒီ ဖိုင်ကိုဖတ်ပြီး အရင်စီပါတယ်။ ကျန်တာတွေကို နောက်မှာလိုက်စီပါတယ်။
ဒီဖိုင်က ၀င်းဒိုးတင်လိုက်တဲ့အချိန်တစ်ချိန်မှာဘဲ create လုပ်တယ်။ ကွန်ပြူတာထဲကို ဖိုင်အသစ်သွင်းပြီး ဖွင့်လိုက်တိုင်းပြင်ရေးတယ်။ ဒါပေမယ့်ဖျက်လိုက်မိရင် နောက်ထပ်ဘယ်တော့မှ မတွေ့တော့ဘူး။ ပြန် create လုပ်လို့မရတော့ဘူး။
အဲဒီတော့ Windows တက်ရင်နှေးလာနိုင်တယ်။


Registry Hack/Tweak
Guide မှာပါတဲ့ Instruction တွေကိုသေသေချာချာဖတ်ပြီးလိုက်လုပ်ရင်တော့ errorမှ မရှိပါဘူး။
အများစုကလည်း UI က timer ကိုလျော့ပစ်တာဖြစ်လို့ ပြဿနာသိပ်မရှိပါဘူး။
(ဥပမာ - startmenu delay ကို လျော့တာမျိုးပါ)
တစ်ချို့နေရာတွေမှာတော့ ပြဿနာရှိနိုင်တယ်။
(ဥပမာ - NtfsDisable8dot3NameCreation ကို disable လုပ်ထားရင်
Command Line (DOS) သုံးတဲ့ Program တစ်ချို့အလုပ်မလုပ်ပါဘူး)။
မကျွမ်းကျင်ဘဲပြင်လိုက်လို့ ကတော့ OS ရဲ့ Setting ကိုထိသွားရင် ဝင်းဒိုးတက်မှာမဟုတ်ပါဘူး။

ကဲမိတ်ဆွေတို့ လည်းသတိထားပြီး optimize လုပ်နိုင်ကြပါစေ။
အဆင်ပြေကြပါစေဗျာ

Thursday, 16 April 2009

ကိုယ်သုံးနေတဲ့Computer အကြောင်းသိဖို့ 

မသိသေးတဲ့သူတွေအတွက်ပါသိပြီးသားဆိုရင်တော့ခွင့်လွတ်ပါ
မိမိတို့ အသုံးပြုနေတဲ့ကွန်ပျူတာမှာဘာတွေတပ်ထားလဲသိချင်ရင်
All Programs ထဲက Accessories menu မှာရှိတဲ့ Command Prompt
ကိုသွားပါ။ ထို့နောက် systeminfo လို့ရိုက်ထည့်ပါ။ ကွန်ပျူတာသည်
လက်ရှိအချိန် အပါအ၀င် အလွန်အသုံးတည့်သော အချက်အလက်များကိုဖေါ်ပြပါလိမ့်မည်။
ထိုအရာများကို Notepad ကိုအသုံးပြု၍ သိမ်းဆည်းထားလိုပါက info.txt
ဟူ၍လည်း သိမ်းဆည်းထားနိုင်ပါပြီ။

အဆင်ပြေကြပါစေ



Mouse ကို နှစ်ချက်လေးမျှ နှိပ်ရုံဖြင့် XP အလုပ်ရုံကြီးတစ်ခုလုံးကို သော့ခတ်လိုက်ပစ်လိုက်မယ်

Mouse ကို နှစ်ချက်လေးမျှ နှိပ်ရုံဖြင့် XP အလုပ်ရုံကြီးတစ်ခုလုံးကို
သော့ခတ်လိုက်ပစ်လိုက်လို့ရပါတယ်။
သင်၏ desktop ပေါ်မှာ mouse ၏ ညာဖက် click နှိပ်ကာ
shortcut တစ်ခုကိုဖန်တီးပြီး သင့်စိတ်ကြိုက်အမည်ပေးပါ။
ထို့နောက် location field ထဲမှာ rundll32.exe
user32.dll,LockWorkStation ဟူ၍ ရိုက်ထည့်လိုက်ပါ။
ထိုအရာပေါ်မှာ ဘယ်ဖက် click ၂ ချက်နှိပ်ကာ သော့ခတ်လို့ရသွားပါပြီ။
ဒါမှမဟုတ် Windows key နှင့် L ကိုတွဲနှိပ်ခြင်းအားဖြင့်လည်း သော့ခတ်လို့ရပါတယ်။
အဆင်ပြေကြပါစေ


Tuesday, 7 April 2009

on-screen keyboard ကို ဖန်တီးကြည့်ရအောင်

ကိုယ်ကစာတွေ အများကြီးတော့ ရိုက်ချင်တယ်။ ကီးဘုတ်လက်ကွက်တွေတော့ မနှိပ်တက်ဘူး၊ အဲဒီလို ဖြစ်နေရင် ဒီလိုလုပ်
ကြည့်ပါလား
Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို ကလစ်လုပ်။
ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။

ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။




အဆင်ပြေကြပါစေ



postby====pyisone




Wednesday, 1 April 2009

မြန်မာလိုရိုက်တာလေးထောင့်ကွက်တွေ ပေါ်နေရင်။

ကိုယ်ဆီမှာ ဇော်ဂျီဖောင့်လဲရှိတယ်၊ ဇော်ဂျီကီးဘုတ်လည်း

အင်စတော လုပ်ထားရဲ့သားနဲ. GTalk မှာ မြန်မာလိုရိုက်တာ

လေးထောင့်ကွပ်တွေ ပေါ်နေရင်တော့။
GTalk Box ကိုဖွင့် Settings ထဲဝင်။ထဲဝင်။ Chaing Font...

ကိုကလစ်လုပ်ပြီး Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးရပါမယ်။

I.E မှာဆိုရင် Tools Tab ကနေ Internet Option

ကိုဝင် General Tab ထဲက Fonts ဆိုတာထဲဝင်

Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးပါ

Mozilla Firefox မှာဆိုရင် Tools Tab ကနေ

Option ကိုဝင် Content ဆိုတဲ့ Tab မှာ Defaunt font

ဘေးမှာ Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးပါ

ပြီးရင်တော့မြန်မာလိုအဆင်ပြေစွာအသသုံးပြုနိုင်ပါပြီဗျာ



postby======pyisone

Friday, 27 March 2009

Bad Sector တွေများနေလို့ 

Hard Disk မှာ Bad Sector တွေများနေလို့ window အတက်မှာ Auto Scan Disk ထပြီး Run ခဲ့ရင်..
window ကိုသုံးမရဘဲ အချိန်အကြာကြီးစောင့်နေရမှာဖြစ်ပါတယ်..
အဲဒီလို Scan Disk မ Run ရလေအောင် ကီးတစ်ခုခုနှိပ်ပြီး ကျော်မလားမေးလာရင်..
နှိပ်ပြီးကျော်ပေးရပါလိမ့်မယ်..
အဲဒီလိုအဖြစ်မျိုး ၀င်းဒိုးတက်လာတိုင်းဖြစ်ဖြစ်နေရင်..
စိတ်ညစ်နေရမှာဘဲ.. နောက်ပြီး..ကိုယ်က အရေးတကြီးအလုပ်နဲ့ စက်ဖွင့်ချင်တယ်..
သူက Stage 1 , 2 , 3 ဆိုပြီး အေးဆေးစစ်နေအုံးမှာ ဆိုတော့ ... စိတ်ညစ်စရာကြီးပေါ့....
ဆိုတော့ အဲလိုစစ်နေတာလေးမစစ်တော့လေအောင်..ဘယ်လိုဖြုတ်မလဲ..

Window Xp နဲ့ Window 2000 မှာဆိုရင်..
run ထဲမှာ regedit ရိုက်ပါ..
HEY_LOCAL_MECHINE အောက်က System\ Current ControlSet\ Control \ Session Manager ကို ၀င်လိုက်ပါ..
အဲဒီမှာ BootExecute ရှိပါတယ်..modify လုပ်ပါ...အဲဒီမှာ Autocheck Autochk * ဆိုတာရှိမယ်..ဒါက Enable ဖြစ်နေတာပါ..
အဲ့ဒါကို ဖျက်ပစ်လိုက်ရင်.. Disable ဖြစ်သွားပါပြီ..
ပြီးရင်..windows ကို Restart သော်လည်းကောင်း၊ logoff သော်လည်းကောင်း လုပ်ပေးမှသက်ရောက်မှုရှိလိမ့်မယ်..

Window ME မှာဆိုရင်..
run ထဲမှာ regedit ရိုက်ပါ..
HEY_LOCAL_MECHINE အောက်က System\ Current ControlSet\ Control \ File Systemကိုသွားလိုက်ပါ..
အဲဒီမှာ Disable ScandiskOnBoot ဆိုတာရှိပါတယ်..value ကို 01 လို့ထားပြီး Disable လုပ်လိုက်နိုင်တယ်..
00 ပြောင်းလိုက်ရင်Enable လုပ်တာဖြစ်တယ်..
ပြီးရင်..windows ကို Restart သော်လည်းကောင်း၊ logoff သော်လည်းကောင်း လုပ်ပေးမှသက်ရောက်မှုရှိလိမ့်မယ်..

ဒါဆိုရင် သင်တို့ရုံးတွေအိမ်တွေက ကွန်ပျူတာတွေမှာ Badsector ဖြစ်နေလို့ chkdsk လုပ်နေရင်..အလုပ်ကလဲအရေးကြီး စက်ကလဲဖွင့်လို့မရ
နဲ့အချိန်အကြာကြီး စိတ်ညစ်ရမှာပါ..အခုလိုလုပ်ထားရင် Window အတက်တွေမှာ Auto Check မလုပ်တော့ပါဘူး..
သူငယ်ချင်းများ အဆင်ပြေကြပါစေ..


"star war" ရုပ်ရှင်ကြည့်မယ်

အဆင့်(၁)။ ။start menu>run ကိုသွားပြီး "cmd" ကိုရိုက်ထည့်ပြီး enter နှိပ်ပါ။(သို့)
Accessories ထဲမှာ command prompt ကို click လုပ်ပါ။

အဆင့်(၂)။ ။ပေါ်လာသော command promptတွင်"telnet towel.blinkenlights.nl"
ကိုရိုက်ထည့်ပြီး enter နှိပ်ပါ။

်စက္ကန့်အနည်းငယ်စောင့်ပါ။အဲ့ဒီနောက်"star war" ရုပ်ရှင်စပါပြီ။
မိတ်ဆွေတို့ လည်းစမ်းကြည့်စေချင်ပါတယ်။
movie လောက်တော့မကောင်းပါဘူး။ဒီနည်းလေးကို သိပြီးသော
သူများလည်းရှိမယ်ထင်ပါတယ်။ပုံနှင့်တကွမရှင်းပြနိုင်တာခွင့်လွှတ်ပါ။



send to ကို drive များထည့်နည်း

သိပြီးသားရှိရင်တော့ ဆော်တီးဗျာ။

ဒီနည်းကတော့ တော်တော်လေးလွယ်ပါတယ်။

sent to က copy လုပ်ရင်လည်း တော်တော်မြန်ပါတယ်။လုပ်နည်းကတော့

start > run ထဲမှာ sendto လို့ ရိုက်ထည့်လိုက်ပါ။

Send to ဆိုတဲ့ box လေးပေါ်လာလိမ့်မယ်။

အဲဒီထဲကို မိမိကြိုက်တဲ့ drive တွေ ဆွဲထည့်လိုက်ပါ။

D တို့ C တို့ပေါ့..ဒါဆိုရင် ရပါပြီ။ folder ဖြစ်ဖြစ၊်


တစ်ခုကို right click ထောက်ပြီး send to ကို သွားကြည့်ပါ။

မိမိထည့်ထားတဲ့ DRIVE တွေရောက်နေပါလိမ်မယ်။ အဆင်ပြေပါစေဗျာ။



Wednesday, 18 March 2009

ဟာ့ဒ်ဒစ်ကို မှားပြီး format ချမိပါတယ်......

အမေး
ကျွန်တော့် ဟာ့ဒ်ဒစ်ကို မှားပြီး format ချမိပါတယ်။ နောက်ဝင်းဒိုးစ် ပြန်တင်ပါတယ်။ Application အချို့ လည်း တင်ပြီးပြီ ထင်ပါတယ်။ သတိရတဲ့အခါ အဲဒီဟာ့ဒ်ဒစ်မှာ အရေးကြီးတဲ့ ဖိုင်တွေ ရှိခဲ့ပါတယ်။ ဒါနဲ့ ဟာ့ဒ်ဒစ်ကို ပြန်ဖြုတ်ပြီး recover software နဲ့ ရသမျှ data တွေကို ပြန်ထုတ်ယူပါတယ်။ ရလည်း ရပါတယ်။ ပုံတွေ၊ Word, PageMaker file, Photoshop file စသည့် အတော်များများ ပြန်ရပါတယ်။ ၎င်း icon တွေလည်း ပုံမှန်အတိုင်းပါ။ ဒါပေမယ့် ဖိုင်တွေကို ဖွင့်လို့မရတော့ပါ။ ဘယ်လို ဖြစ်ရသည်ကို သိလိုပါတယ်။

အဖြေ
ဟာ့ဒ်ဒစ်မှာ recover လုပ်လို့ရတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ ဟာ့ဒ်ဒစ်ကို format ချမိပြီ ဆိုတာကို သိတာနဲ့ ဘာမှ ဆက်မလုပ်သင့်ပါ။ ၎င်း အခြေအနေမှာ recover လုပ်ခြင်းသည် အပြည့်အဝ နီးပါး ပြန်ရနိုင်ပါတယ်။ ဒါပေမယ့် ဝင်းဒိုးစ် သို့မဟုတ် data များ ပြန်တင်လိုက်ခြင်းသည် ဟာ့ဒ်ဒစ်ရဲ့ နေရာများကို replace လုပ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ Replace သည် မူလ နေရာက data ဟောင်းများကို လုံးဝ ဖုံးအုပ်လိုက်ခြင်း သို့မဟုတ် ဖျက်လိုက်ခြင်းဖြစ်လို့ recover လုပ်ရန် ခက်သွားပါပြီ။ နောက် ဖိုင်တစ်ဖိုင်ကို ဟာ့ဒ်ဒစ်မှာ သိမ်းတယ်ဆိုတာ တစ်နေရာတည်းမှာတစ်ဖိုင်လုံးကို တစ်စုတစ်စည်းတည်း သိမ်းခြင်းမဟုတ်ပါ။ Cluster တွေမှာ စိတ်ပိုင်းပြီး သိမ်းခြင်း ဖြစ်ပါတယ်။ သို့ဖြစ်၍ recover သည် cluster အကုန်လုံးကို ရယူနိုင်ခြင်း မရှိပဲ မပြည့်စုံတဲ့ ဖိုင်တွေ ဖြစ်ကုန်ဟန် တူပါတယ်။ Icon နဲ့ ပြနေပေမယ့် ရာခိုင်နှုန်း မပြည့်တော့ပါ။ ဒါကြောင့် ဖိုင်ကို ဖွင့်လို့မရတော့တဲ့ အနေအထားသို့ ရောက်သွားတာပါ။
ကြိုးစားကြည့်ချင်တယ်ဆိုရင် သက်ဆိုင်ရာ format တွေကို ထပ်ပြီး recover လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲမျိုးကို ရှာရပါလိမ့်မယ်။ ဥပမာအားဖြင့် .Jpeg ဖိုင်တွေကို recover လုပ်ပေးမယ့် JPEG Recovery Pro ဆော့ဖ် ဝဲjavascript:void(0)၊ Word ဖိုင်များကို ကယ်ပေးမယ့် Stellar Phoenix Word Recovery ဆော့ဖ်ဝဲ၊ စသည်တို့နဲ့ တစ်မျိုးချင်း ခွဲခြားပြီး recovery လုပ်ကြည့်ပါ။
၎င်း ဆော့ဖ်ဝဲ များနဲ့ ဟာ့ဒ်ဒစ်ကို တစ်ခုချင်း recovery လုပ်ကြည့်သင့်ပါတယ်။ သို့မဟုတ် နာမည်ရထားသည့် recovery software ကို သုံးသင့်ပါတယ်။ ၎င်း ဆော့ဖ်ဝဲ မျိုးကိုလည်း အမှန်ကျသင့် တန်ဖိုး ပေးချေဝယ်သင့်ပါတယ်။ ဆိုလိုတာက အင်တာနက်ကနေ အခမဲ့ download ရယူထားတဲ့ ဆော့ဖ်ဝဲ အများစုသည် လုပ်ဆောင်နိုင်ချက် အပြည့်အဝ ပေးမထားပါဘူး။


MEMORY တိုးပြီးဘာကြောင့် ....

အမေး
ကျွန်တော့် ကွန်ပျူတာမှာ ဝယ်တုန်းက memory 512MB ဖြစ်ပါတယ်။ အခု သူငယ်ချင်း
တစ်ယောက်ဆီကနေ 256MB RAM တစ်ချောင်း ရလာပါတယ်။ အမျိုးအစားလည်းတူ၊ အရွယ်လည်းတူပြီး ထည့်တာကိုလည်း ကွန်ပျူတာက လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်လို့လား မသိဘူး။ ကွန်ပျူတာက သိပ်ထူးခြားပြီး မြန်မလာပါ။ ဘာလိုနေတယ် ဆိုတာကို ရေးပြပေးပါခင်ဗျား။


အဖြေ
တစ်ခုခုတော့ လိုနေတာ အမှန်ပါ။ ကွန်ပျူတာ သမားများအနေနဲ့ RAM ကို စက်က လက်ခံရင် ပြီးပြည့်စုံတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း တိုးလိုက်တာ မှန်ပေမယ့် စနစ်မကျလို့ တိုးလိုက်တဲ့ memory ကို ကွန်ပျူတာက အပြည့်အဝ မသုံးနိုင် ဖြစ်နေတာပါ။ သို့ဖြစ်၍ အောက်ပါအချက်များကို သတိပြု စစ်ဆေး ကြည့်စေ လိုပါတယ်။
• ပထမဆုံး ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Motherboard သည် RAM ဘယ်လောက်ထိ တိုးမြှင့်တာကို လက်ခံမယ် ဆိုတာ စစ်ဆေးပါ။ Motherboard ရဲ့ manual ကို ဖတ်ကြည့်ပါ။
• Motherboard ကို စစ်ရခက်ရင် 1.2 cache သည် memory ဘယ်လောက် ဆိုတာ ကြည့်ပါ။ ဥပမာ 1.2 Cache သည် 512MB ဖြစ်ရင် ၎င်း ကွန်ပျူတာမှာ ထည့်ရမယ့် RAM သည် 512 MB ဖြစ်ရပါမယ်။ လိုအပ်လို့ ထပ်တိုးချင်ရင် နှစ်ဆအထိ တိုးမြှင့်နိုင်ပါတယ်။
• တကယ်လို့ Motherboard မှာ socket ၄ခု ရှိရင် socket နှစ်ခု (တစ်စုံ) သည် channel A နဲ့ နောက်နှစ်စုံသည် channel B ဖြစ်ပါတယ်။ အဲဒီမှာ 256 MB နှစ်ချောင်းတပ်မယ် ဆိုရင် channel B မှာ တပ်ရပါမယ်။ ဆိုလိုတာက 256 MB နဲ့ 512 MB တစ်စုံကို တွဲပြီး မတပ်သင့်ပါ။
• အဲဒီလိုပဲ socket ၄ခုမှာ နှစ်ချောင်းကို တပ်ရင် ပထမဆုံး socket ကစပြီး အစဉ်လိုက် တပ်ရပါမယ်။
• Socket ၂ခုမှာ 256 MB နဲ့ 512 MB ကို တွဲပြီး မတပ်သင့်ပါ။ တူတဲ့ RAM ချင်းတပ်ရပါမယ်။ ဥပမာ 256 MB နဲ့ 256 MB ဖြစ်သင့်ပါတယ်။



window XP ststem Restore လုပ်ဆောင်ချက်

window XP ststem Restore လုပ်ဆောင်ချက်သည် သင့် computer တွင် software
များပြသနာတစ်ခုခုဖြစ်ပေါ်ပါက အလွန်အသုံးဝင်ပါသည်။
မိမိကွန်ပျူတာမှာပြသနာမပေါ်မီ တစ်ရက်အလိုခန့်က အနေအထားမျိုးသို့  file များပြန်ရွှေပေးခြင်းဖြစ်သည်။
၎င်းသည် စနစ် file များကိုသာ ပြန်တင်ပေးခြင်းဖြစ်ပြီး လက်ရှိအလုပ်လုပ်နေသော file များကို မဖယ်ထုတ်ပေးပါ။ မည်သို့ပင်ဖြစ်စေ
သင့် computer အား အမှား မပေါ်ခင်ကအနေအထားအတိုင်း ပုံမှန် အလုပ်လုပ်စေသည်။ ၄င်းအတွက် start–>All Programs–>Accessories –>System Tools –>System Restore ကိုဖွင့်ပါ
System Restore box ပွင့်လာပါလိမ့်မည် ။ ၄င်းတွင် ” Restore my computer to an earlier time” ကို နှိပ်ပါ ။ Next ကို နိုပ်ပါ ။ calender တစ်ခုပေါ်လာပါမည်။၎င်းတွင် သင်၏
computer ကောင်းမွန်စွာ အလုပ်လုပ်ခဲ့သော မကြာသေးသည့်နေ့ကို ရွေးချယ်လိုက်ပါ။ Next ကို ဆက်နိုပ်သွားပါ။ system restore လုပ်ငန်းစဉ်စတင်ပါ မည်။ computer restart ပြန်ဖြစ်သွားပါမည် ။ computer ပြန်ပွင့်စဉ် screen ပေါ်မှ ညွန်းကြားချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားပါ ။ computer ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။



Personal Clone Computer တစ်လုံး အဆင်ပြေကောင်းမွန်စွာ သုံစွဲနိုင်ရန်အတွက်

Personal Clone Computer တစ်လုံး ၀ယ်ယူတပ်ဆင်ရာတွင် အဆင်ပြေကောင်းမွန်စွာ သုံစွဲနိုင်ရန်အတွက် ၀ယ်ယူသည့် အစိတ်အပိုင်းများကို တစ်ခုနှင့်တစ်ခု အဆင်ပြေ ကိုက်ညီအောင် ရွေးချယ်ဝယ်ယူရန် အရေးကြီးပါတယ်.။ တပ်ဆင်သည့် အစိတ်အပိုင်းတွေ ကိုက်ညီအဆင်ပြေမှု မရှိပါက သုံးစွဲရာတွင် အဆင်မပြေဖြစ်တတ်ခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင်error အဖြစ်များခြင်းနှင့် hardware ဆိုင်ရာ ပြသနာတွေ ဖြစ်ပေါ်တတ်ပါတယ်.။ အဆင်ပြေကိုက်ညီသော ကွန်ပျုတာတစ်လုံး ရွေးချယ်ရာတွင် motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် vedio adapter(VGA) တို့ကိုက်ညီဖို့က အရေးကြီးအဆုံးဖြစ်ပါတယ်..။ monitor, Harddisk Drive, Floppy Drive, CD/DVD Drive တို့ကတော့ မိမိအဆင်ပြေသလို
စိတ်ကြိုက်အရွေးချယ် ၀ယ်ယူနိုင်ပါတယ်..။ အခုအပိုင်းမှာ motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် vedio adapter(VGA) တို့ကို ဘယ်လို ကိုက်ညီအောင် ရွေးချယ်မလဲ ဆိုတာကို ကျွန်တော်လေ့လာထားသလောက် ရှင်းလင်းပြောပြ ပေးသွားပါမယ်..။ processor တွင် Intel နှင့် AMD ဆိုပြီးနှစ်မျိုးရှိရာတွင် အသုံးအများဆုံးသော intel peocessor အခြေခံ ကွန်ပျုတာအတွက် အစိတ်အပိုင်း ရွေးချယ်မှုကို အရင်ဆုံး ဖော်ပြပေးပါသွားပါမယ်.။ AMD processor ကိုအသုံးပြုတဲ့ ကွန်ပျုတာတွေ အတွက်ကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်.။ ရွေးချယ်ဝယ်ရာတွင် အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အချက်အလက် information တွေကို internet တွင်ဖြစ်စေ၊ ၀ယ်ယူမည့်ဆိုင်ရဲ့ webpage တွင်ဖြစ်စေ၊ လမ်းညွန်စာအုပ်တွေကို ဖြစ်စေ ဖတ်ရှုပြီး ရှာဖွေကြည့်နိုင်ပါတယ်.။
(၁) Motherboard
Motherboard ကို ရွေးချယ်ရာတွင် Processor Pin socket အရေအတွက်၊ memory slot(RAM အတွက်) အရေအတွက်၊ IDE နှင့် SATA slot( HDD နှင့် CD drive အတွက်) အရေအတွက်၊ VGA slot အမျိုးအစား နှင့် expanstion slot ( Network card, sound card စသည့်တို့အတွက်) အရေအတွက် တွေကို အကြမ်းဖျင်း ကြည့်ရှုကာ ရွေးချယ်ကြပါတယ်.။ Motherboard မှာ Intel Processor အတွက် motherboard နဲ့ AMD processor အတွက် AMD processor board ဆိုပြီး နှစ်မျိုးရှိပါတယ်.။ အသုံးများတာကတော့ Intel proceesor ပါ။ Intet processor board တွေမှာ Processor Pin Socket အနေနဲ့ LGA 478 နဲ့ LGA 775 ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါပြီး အခုနောက်ပိုင်းမှာ LGA775 တွေသာ အများဆုံး ထုတ်လုပ်အသုံပြုနေကြပါတယ်.။ အသုံးများတဲ့ motherboard အမျိုးအစားတွေကတော့ Asus နဲ့ GigaByte အမျိုးအစားတွေ ဖြစ်ကြပါတယ်.။
(၂) Motherboard နှင့် Processor
Motherboard နှင့် processor ကို ကိုက်ညီအောင်ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်တွေကို ကြည့်ရှုရွေးချယ်ရပါမယ်.။ - Processor Pin socket အတွက် (socket 775 /socket 478 ) ဆိုတာကို အရင်ကြည့်ရပါမယ်.။ motherboard မှာ 775 ဆိုရင် processor socket 775 ကိုဝယ်ရပါမယ်.။ 478 ဆိုရင်တော့ processor 478 မှကိုက်ညီပါမယ်.။ -Motherboard က ဘယ် processor အမျိုးအစားကို suppot လုပ်တယ်ဆိုတာ ကြည့်ရှုရပါမယ်။ Pentium 4 လား၊ Pentium D လား၊ Pentium Core2Duo လား၊ Celeron ကို support လုပ်လားဆိုတာ သေချာ ကြည့်ရှုရပါမယ်.။ - Front Side Bus(FSB) အတွက် motherboard front side bus MHz နဲ့ processor front side bus ရဲ့ MHz တို့ တူညီမှု ရှိမရှိကို ကြည့်ရပါမယ်.။ Front side bus ကို MHz နဲ့ဖော်ပြပြီး 533/800/1066/1333 MHz ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်.။ Processor FSB ဟာ 1066 MHz ရှိမယ်ဆိုရင် motherboard ကလည်း 1066 MHz support ဖြစ်တာကို ရွေးချယ်ရပါမယ်.။ - Processor ကိုရွေးချယ်ရာတွင် OEM နဲ့ BOX ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ OEM ဆိုရင် Processor fan (CPU cooler) မပါပဲ processor အလုံးလိုက် ရောင်းချတာ ဖြစ်ပါတယ်။ BOX ဆိုရင်တော့ Processor+ Fan ပါ တစ်ခါထဲ ပါပြီးသား ဖြစ်ပါတယ်.။ OEM ကိုဝယ်မယ်ဆိုရင်တော့ Processor Fan( cooler) ကို ထပ်မံဝယ်ယူရန် လိုအပ်ပါတယ်.။
(၃) Motherboard နှင့် RAM
MotherBoard နဲ့ RAM အမျိုးအစား ကိုက်ညီမှု ရှိမရှိ ရွေးချယ်နိုင်ရန်အတွက်- - motherboard က RAM က ဘာအမျိုးအစားလဲ ဆိုတာ အရင်ကြည့်ရပါမယ်။ DDR လား၊ DDR II လား၊ DDR III အမျိုးအစားလား ဆိုတာ အရင်ကြည့်ရပါမယ်။ - RAM အမျိုးအစားကို အများအားဖြင့် DDR PC 3200(400Mhz), DDR II PC2 4200(533Mhz), DDR II PC2 5300 (667Mhz) စသည်ဖြင့် ဖော်ပြတတ်ကြပါတယ်.။ Capacity ကိုတော့ Mhz ဖြစ်နဲ့ ဖော်ပြထားပါတယ်.။ -Motherboard မှာ Support ဖြစ်တဲ့ RAM ကိုတော့ ဥပမာ- DDR II DIMM (400/533/667) Mhz ဆိုပြီးဖော်ပြတတ်ပါတယ်.။ motherboard support ဖြစ်တဲ့ RAM Mhz နဲ့ ရွေးချယ်မဲ့ RAM Mhz တို့ကိုက်ညီ တူညီမှု ရှိရပါမယ်.။ -တစ်ချို့ Board တွေမှာ memory slot ၂ ခုသာပါပြီး တစ်ချို့မှာတော့ memory slot 4 ခုအထိ ပါပါတယ်.။ Memory ကိုထပ်ပြီး upgrade လုပ်ဖို့ အစီအဉ်ရှိတယ် ဆိုရင်တော့ slot များတာကို ရွေးပါ.။ motherboard က dual channel support လားဆိုတာ သေချာ ဖတ်ကြည့်ပါ.။ - Dual Channel Motherboard ဆိုရင် RAM ကို နှစ်ချောင်းတပ်ပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဥပမာ RAM ကို 1GB တပ်မယ်လို့ စိတ်ကူးထားရင် Dual Channel board မှာ 512 MB RAM ၂ ချောင်းစိုက်ပေးမှ စက်ရဲ့လုပ်ဆောင်မှု ကောင်းမွန်အဆင်ပြေမှာ ဖြစ်ပါတယ်.။ Dual Channel Board တွေမှာ အများအားဖြင့် Memory Slot ၄ ချောင်းပါတတ်ပြီး 4GB အထိ အများဆုံး ထည့်လို့ရပါတယ်.။ တွဲသုံးရမဲ့ slot တွေကို အနီ အ၀ါ စသည်ဖြင့် တွဲပြီး သတ်မှတ်ပေးထားပါတယ်..။
(၄) Motherboard နှင့် vedio adapter(VGA)
Motherboard နှင့် vedio adapter(VGA) ကိုက်ညီမှု ရှိမရှိ ရွေးချယ်ရာတွင်- - VGA card slot တွင် AGP slot type နဲ့ PCI x 16 slot type ဆိုပြီး နှစ်မျိုးရှိပါတယ်။ motherboard support မှာ ACP slot ဆိုရင် AGP type အမျိုးအစား VGA ကို ရွေးချယ်ရပါမယ်။ motherboard က PCIx16 slot ဆိုရင် PCI type အမျိုးအစား VGA ကို ရွေးချယ်ဝယ်ယူရပါမယ်။ - Graphic Card မှာ active cooling ဆိုတဲ့ ပန်ကာသုံးတဲ့ VGA အမျိုးအစားနဲ့ passive cooling ဆိုတဲ့ ပန်ကာမသုံးသော အအေးခံတဲ့ VGA ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်.။ ကျွန်တော်ကတော့ passive cooling ကို ပိုကြိုက်ပါတယ်..။
(၅) Harddisk Drive(HDD)
HDD ကို ရွေးချယ်ဝယ်ယူရာတွင် 40GB,80 GB, 120GB,160GB, 200GB, 250 GB, 300 GB, 320 GB စသည့်ဖြင့် မိမိစိတ်ကြိုက် capacity ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်.။ -HDD မှာ IDE cable သုံးတဲ့ HDD နဲ့ SATA cable သုံးတဲ့ HDD ဆိုပြီး ၂ မျိုးရှိပါတယ်..။ - HDD cache အနေနဲ့ 8Mb,10.2 Mb,16 Mb စသည့်ဖြင့် အမျိုးအစား အမျိုးမျိုးရှိပြီး Mb များလေး ဈေးကြီလေ….ဈေးကြီးလေပိုကောင်းလေပါပဲ…..
(၆) Casing
Casing မှာ Tower (ပုံးအကြီး) နဲ့ miniTower (ပုံးအသေး) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ -ပုံးအကြီးမှာ ATX motherboard ကို တပ်နိုင်တဲ့အပြင် microATX motherboard အသေးကိုပါ တပ်ဆင်လို့ရပါတယ်.။ -ပုံးအသေး(minitower) မှာတော့ microATX motherboard အသေး တစ်ခုတည်းကိုသာ တပ်ဆင်လို့ရပါတယ်။ -ပုံးအသေးဝယ်မယ်ဆိုရင် နောက်ထပ် hardware တွေထပ်ထည့်ပြီး upgrade လုပ်ဖို့ အတွက် အခက်အခဲ ၇ှိတတ်ပါတယ်..။ ပုံးအသေးမှာ CD drive 1 ခု၊ HDD အများဆုံး 2 လုံးသာတပ်လို့ရပြီး. နောက်ထပ်ထည့်ဖို့ နေရာမရှိပါဘူး..။ ပုံးအကြီးကတော့ upgrade လုပ်ဖို့ရာ အဆင်ပြေပါတယ်.။ - ပုံးဝယ်ယူမယ်ဆိုရင် အဓိကကျတာ power supply ပါ။ 300 watt, 350 watt, 400 watt, 420 watt စသည်ဖြင့် watt ပေါ်လိုက်ပြီး အမျိုးအစားကွဲကြပါတယ်.။ watt များတာ ၀ယ်လေလေ စိတ်ချရလေလေပဲပါ..။ အများအားဖြင့် watt 350, 400 ဆိုရင် လုံလောက်ပါတယ်.။ င်္Floppy Drive, DVD/CD Drive နဲ့ Monitor တွေကိုတော့ မိမိစိတ်ကြိုက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူလို့ရပါတယ်။ အဓိကအားဖြင့် motherboard, processor,RAM, VGA card ကိုက်ညီမှု ရှိမယ်ဆိုရင် အဆင်ပြေ ကောင်းမွန် သွက်လက်သော ကွန်ပျုတာ တစ်လုံးကို ရရှိမှာဖြစ်ပါတယ်.။



ဆက်လက်ဖေါ်ပြပါမည်


“Windows ရဲ့ Performance ကိုမြှင့်သုံးတဲ့ နည်း”

ကျွန်တော် လက်ရှိဆက်တင်လုပ်ပြီးသုံးနေတဲ့ “Windows ရဲ့ Performance ကိုမြှင့်သုံးတဲ့ နည်း” လေး ပြောပြပါ့မယ်.. အဆင်ပြေမယ်ဆိုရင် သုံးကြည့်ပါ….
(၁) Windows မှာ သိပ်မလိုအပ်တဲ့ လှုပ်ရှားမှုတွေ လျှော့ချပါ…. Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊ System Properties -> Advanced Tag->Performance ရဲ့ Setting ထဲကိုဝင်ပါ၊ Performance options–> Visual Effets –> Customs ကိုရွေး ပြီး အောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။ ပြီးရင် Apply –> OK နှိပ်ပါ။
(၂) Paging Files တွေ အတွက် Virtual Memory ကိုမြှင့်သုံးဖို့  အထက်ပါအဆင့်အတိုင်းပြန်သွားပြီး Performance Options–>Advanced ထဲကိုဝင်ပါ၊ အကန့် သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊ Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊ Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်း Initial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊ ပြီးရင် Set–> OK ကိုနှိပ်ပြီးပြန်ထွက်ပါ။
(၃) Windows အတက်မြန်ဖို့  မလိုအပ်တဲ့ Services တွေနဲ့  Start Up ပရိုဂရမ်တွေကိုကိုဖြုတ်ချထားဖို့ . Start–>Run ဘောက်(စ်) ထဲမှာ msconfig လို့ ရိုက်ပြီး Enter ခေါက်ပါ၊ (က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့ တိုက်ရိုက်ပက်သက်နေလို့  မှားမဖြုတ်မိအောင်) ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊ (ခ) System Configuration Utility ရဲ့ Startup ကို ၀င်ပြီး စက်စဖွင့်ဖွင့် ခြင်းရှိသမျှ Run နေတဲ့ Program တွေကို Blank (uncheck) လုပ်ပါ၊ (windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။ (ဥပမာ- skype, Gtalk တို့ လို ပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။ နောက်တစ်ခု ကောင်းတာက ဘာမှန်ညာမှန် မသိဘဲ စက်ဖွင့်တာနဲ့  လှုပ်ရှားသောင်းကျန်တဲ့ Spyware တွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spyware programs တွေ ကိုချုပ်ထားပြီးသား ဖြစ်တယ်။ပြီး မှ programs files ထဲ ကနေ Folder တစ်ခုလုံး Delete လုပ်လို့ ရတာ)၊ အားလုံးပြီးရင် Apply–> Ok နှိပ်ပြီး Restart လုပ်ပါ။ Windows ပြန်တက်လာလို့  Message ပေါ်လာရင် Don’t Show Me Again လုပ်ပြီး OK နှိပ်ပါ။
(၄) ပြန့် ကြဲနေတဲ့ ဖိုင်အပိုင်းအစ တွေကိုပြန်စုစည်ဖို့  Disk Defragment လုပ်ပါ၊ My Computer ကို Right Click နှိပ်ပြီး–>Manage ထဲကိုဝင်ပါ၊ Storage–>Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကို တစ်ခုခြင်း ရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ၊
(၅) Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့ Temporary Files တွေကိုရှင်းဖို့ မေ့နေတတ်ကြတယ်။ Internet Explorer ကိုရှင်းဖို့  Start–>Control Pannel–> Internet Options ကိုသွားပါ၊ General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊ ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊ OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲက Security နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကို ရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ ပါ) ပြီးရင် Apply–> OK နှိပ်ပါ။ Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear Private Data လုပ်ရင် ရပါပြီ။ အဲဒီ အချက် (၅) ချက်လောက် လုပ်ရင် စက်ရဲ့  Performance ဟာ အလွန်ကောင်းတဲ့အနေအထား ဖြစ်သွားပြီး သုံးရတာ မြန်ဆန်သွက်လက်နေပါမယ်။

0 comments: