ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Monday, March 22, 2010

ူhardware အကြောင်း

Windows Components များပြန်ဖေါ်ခြင်း

ကျွန်တော်ကြုံတွေ့ခဲ့ရတာလေးပါ။ကြာတော့ကြာပါပြီ..အခုမှစဉ်းစားမိလို့ဒီပို့စ်ကိုရေလိုက်တာပါ။
ကွန်ပြူတာနဲ့ပတ်သတ်လို့မသိသေးရင်
ဘာမဟုတ်တဲ့ကိစ္စလေးလည်း အရမ်းခက်ခဲပါတယ်..
အချိန်ကုန်ပါတယ် ….တော်တော်များများကတော့ ကွန်ပြူတာကို
တစ်ခုခုဖြစ်တာနဲ့
Window ပြန်တင်ဖိုပဲ့ စဉ်းစာကြပါတယ် ။ ကျွန်တော့်လို ကွန်ပြူတာနဲပတ်သတ်ပြီးအတွေ့အကြုံနုနယ်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး
ဒီပို့စ်ကိုရေးဖြစ်ခဲ့တာပါ။ဖြစ်ပုံက ဒီလိုပါ…. ကွန်ပြူတာကို ကျွန်တော်ဘာသွားကလိမိလိုက်တယ် မသိဘူး…taskbar မှာ sound icon
မရှိတော့ဘူး..အဲဒါက အစပိုင်းကျွန်တော်သတိပြုမိတာပဲရှိသေးတာ…အဲဒါလောက်နဲ့ ကျွန်တော်သိပ်ပြီးစိတ်မ၀င်စားသေးဘူး..နောက်နေ့
မှာ ကျွန်တော် calculater ကိုသုံးမလို့ကြည့်လိုက်တော့ မရှိတော့ဘူး …အဲဒါနဲ့အကုန်လိုက်ကြည့်လိုက်တယ်..windowကပါတဲ့game
တွေ ၊ internet explorer ၊ wordpad ၊ notepad ၊ paint စတာတွေအကုန်ပျောက်နေတယ်..အစတော့ဘာလုပ်ရမှန်းမသိဘူး….
နောက်ဆုံးမှာ system32 ထဲမှာလဲ အဲဒီ ကောင်တွေမရှိတော့တာကို သွားတွေ့တယ် ။ အဲဒီမှာအကြံတစ်ခုရသွားတယ် control panel>add or remove programs ထဲက Add/Remove Windows Components တွေကိုပြန် add ကြည့်ဖို့ပါ ။နောက်ဆုံး
တော့ အနာနဲဆေးသွားကိုက်တယ်…အားလုံးအဆင်ပြေသွားတယ်. ။ကျွန်တော့်လိုမျိုးဖြစ်ရင် ကျွန်တော့်လောက်အချိန်မကုန်အောင်
လို့ပါ ။ ဒီလိုပါ………………………..(Windows installation CD တစ်ချပ်တော့ရှိနေရပါမယ်)
• ပထမဦးဆုံး control panel>Add or Remove Programs ကိုသွားပါ ။
• ပေါ်လာတဲ့ Add or Remove Programs box ရဲ့ဘယ်ဘက်sidebar မှာ Add/Remove Windows Components ဆိုတာကိုရွေးပါ ။
• Windows Components Wizard ဆိုတဲ့ box တစ်ခုပေါ်လာပါလိမ့်မယ် ။ အဲဒီမှာ add or remove component check box တွေထဲက Accessories and Utilites ဆိုတာကို check ပေးလိုက်ပါ ။အဲဒီလိုပဲ မိမိ add ချင်တဲ့component တွေကို check လုပ်လိုက်ပါ ။
• ပြီးရင် next ကို click လိုက်ပါ ။ Windows installation CD တောင်းပါလိမ့်မယ်။
• Window CD ထည့်ပေးလိုက်ပါ ။ဆက်သွားလိုက်ပါ ။နောက်ဆုံးမှာ ပျောက်နေတဲ့ componet တွေကို add ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

အဆင်ပြေကြပါစေ



DVD +RW လား -RW ယူမှာလား

VCD ခွေကို ကွန်ပျူတာနဲ့ ဖွင့်တတ်ခါစက VCD ခွေထဲမှာပါတဲ့ MPEGAV ဆိုတဲ့ Folder ထဲက DAT ဖိုင်တွေကို ဖွင့်ခဲ့တာကို မှတ်မိပါသေးတယ်။ အဲဒီတုန်းကတော့ MPEGAV ဆိုတာ MPEG ဖိုင်တွေကို စုထားတာကို ဆိုလိုမှန်း DAT ဟာ MPEG-1 Format ဖြစ်ပြီး VCD စက်တွေ နားလည်တဲ့ တစ်ခုတည်းသော File Format စတာတွေကို မသိသေးပါ။
အခု နောက်ပိုင်း DVD ခွေ ခေတ်စားလာတယ်။ ပေါ်ကာစတုန်းက DVD Drive ဖိုး မတတ်နိုင်လို့ အနားတောင်မသီနိုင်ပါ။ အခုတော့ ဈေးတွေကလည်းကျ ငါးသောင်းလောက်နဲ့ DVD Writer ပါ ရတာဆိုတော့ နောက်ပိုင်းဆင်တဲ့ ကွန်ပျူတာတော်တော်များများ DVD Drive တွေနဲ့ချည်း ဖြစ်ကုန်ပါပြီ။ Software တွေ OS တွေ Learning ခွေတွေကလည်း DVD နဲ့ချည်းပဲ လာတော့တာဆိုတော့ DVD Drive လေးမှ တပ်မထားရင် ကွန်ပျူတာရာမ၀င်တော့ဘူးပေါ့ (လူရာမ၀င်တာမဟုတ်ပါ)
DVD ကလည်း သုံးလုံးထဲသာ ရှိတာ။
အရှုပ်သားပဲ။ DVD5 တွေရော DVD9 တွေရော Double Layer, Single Layer, DoubleSide Double Layer စတာတွေနဲ့ အများကြီးပဲ။ ဒါပေမဲ့ ဈေးကွက်ထဲမှာတော့ Blank DVD ၀ယ်ရင် 4.7 GB ဆန့်တဲ့ DVD5 ကိုပဲ ၀ယ်လို့လွယ်ပါတယ်။ 8GB ကျော်ဆန့်တဲ့ DVD9 ကိုတော့ နည်းနည်း အ၀ယ်ရခက်ပါတယ်။ (ရန်ကုန်မှာတော့ လွယ်လောက်ပါတယ်) ဒါပေမဲ့ အားလုံးက Single Layer တွေ ချည်းပါပဲ။
Double Layer ကတော့ မြင်တောင် မမြင်ဘူးပါ။ တလောကတော့ Video Camera လေးတစ်လုံး ခဏကိုင်ရလို့ Single Layer-Double Side DVD RW လေး တစ်ချပ်ကို မြင်ဖူးလိုက်ပါတယ်။ Customer က နောက်တစ်ချပ်ဝယ်ချင်တယ်ဆိုလို့ မန္တလေး Sony ကို သွားဝယ်ပေးရတယ်။ အရောင်းစာရေးက +RW ယူမှာလား -RW ယူမှာလားလို့ မေးပါတယ်။ +RW နဲ့ -RW အကြောင်းကို ဖတ်ဖူးပေမဲ့ ခေါင်းထဲမရောက်တာကြောင့် အဲဒီ + နဲ့ - ဘယ်လိုကွာလဲဆိုတာ မသိတော့ဘူး။ ဒါပေမဲ့ + က ပိုကောင်းမယ်ထင်တာနဲ့ + ပဲ ပေးပါလို့ ခပ်တည်တည်နဲ့ ဖြီးရပါတယ်။ အဲဒီလိုပြောမှ DVD +RW က ကုန်နေတယ် -RW ယူမှာလားဆိုတာနဲ့ ထူးပါဘူးလေဆိုပြီး ယူခဲ့ပါတယ်။ စိတ်ထဲမတော့ ဘာမှကွာလောက်ပါဘူးလေဆိုပြီး ထင်နေခဲ့ပါတယ်။
ကင်မရာထဲ ထည့်တော့မှ -RW က ရိုက်ပြီးသွားရင် Finalize လုပ်ပေးရမှန်း သိတော့တာ။ မဟုတ်ရင် DVD စက်မှာ ဖွင့်လို့ မရဘူး။ + နဲ့ - လေး ကွာသွားတာနဲ့ အချိန်ပေးရတာချင်း ကွာသွားတာလေ။
လေကြောရှည်နေတာနဲ့ ပို့စ်ခေါင်းစဉ်အကြောင်းကို မရောက်နိုင်တော့ဘူး။ DVD ဇာတ်ကားခွေတွေရဲ့ File Structure ကို စိတ်ဝင်စားလို့ အင်တာနက်မှာရှာရင်းကနေ တွေ့တာလေးတွေနဲ့ ကိုယ်တွေ့လေးရယ်ကို ပေါင်းပြီး ပြန်လည် ဖော်သည်ချလိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီ DVD ဇာတ်ကားခွေထဲမှာ AUDIO_TS နဲ့ VIDEO_TS ဆိုတဲ့ Folder နှစ်ခု ပါပါတယ်။ ဗွီဒီယိုဖိုင်တွေဟာ VIDEO_TS ဆိုတဲ့ Folder ထဲမှာ .VOB ဖိုင်အမျိုးအစားနဲ့ ထည့်ထားပါတယ်။ အဲဒီ VOB (Video OBject) က တကယ့် ဗွီဒီယိုဖိုင်တွေပါပဲ။ DVD Player က အဲဒီ VOB ဖိုင်တွေကို ဖတ်ပြီး Output ပြန်ထုတ်ပေးတာပါ။ ဒါပေမဲ့ အဲဒီ VIDEO_TS Folder ထဲမှာ တခြားဖိုင်တွေ ပါပါသေးတယ်။ အဲဒါတွေကတော့ VIDEO_TS.IFO - VIDEO Title Set InFOrmation Set ပါ။ အဲဒီထဲမှာ Region Code တွေ ပါပါတယ်။ နိုင်ငံခြားက ခွေတွေ ဒီကစက်တွေနဲ့ ဖွင့်မရတာက အဲဒီဖိုင်မှာ ပါတဲ့ Region Code နဲ့ Player ရဲ့ Region Code မတူလို့ပါ။
VIDEO_TS.VOB - အဲဒီဖိုင်ကတော့ Bookmark နဲ့တူပါတယ်။ DVD စက်ကို ခွေကို စဖတ်ဖတ်ချင်း သူ့ကို အရင်ဖတ်ပါ လို့ ပြောထားပါတယ်။
VIDEO_TS.BUP - VIDEO_TS.IFO ဖိုင်ရဲ့ Backup ပါ။
VTS_01_0.IFO - IFO ဖိုင်တွေဟာ VOB ဖိုင်တွေအတွက် အရေးကြီးပါတယ်။ အဲဒီဖိုင်တွေထဲမှာ VOB ဖိုင်တွေကို DVD စက်က Play လုပ်တဲ့အခါ ဘယ် Subtitle, Language, Menus, Aspect Ration သုံးပြီး Play လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေပါပါတယ်။ IFO တွေမပါဘဲ VOB ဖိုင်တွေကို တခြား File Format သို့
မပြောင်းလဲနိုင်ပါ။ (အဲဒါကတော့ လက်တွေ့ပါ)
VTS_01_0.VOB - သူကတော့ ပထမဆုံး စ Play လုပ်ရတဲ့ VOB ဖိုင်ပါ။ DVD ဇာတ်ကားခွေထည့်လိုက်လို့ Menu လေးပွင့်လာတာဟာ သူ့ကြောင့်ပါ။ Chapter ရွေးလို့ရအောင် Language ရွေးလို့ရအောင် သူက လုပ်ပေးတာပါ။
VTS_01_0.BUP - VTS01_1.IFO ရဲ့ Backup ဖိုင်ပါ။
VTS_01_1.VOB - သူကတော့ ဇာတ်ကားခွေရဲ့ တကယ့် Main ဖိုင်ပေါ့။ အများအားဖြင့် အဲဒီဖိုင်ကို သုံးဖိုင် သို့မဟုတ် လေးဖိုင်အထိ အစဉ်လိုက် အပိုင်းခွဲထားပါတယ်။ ဒါမျိုးပါ
VTS_01_1.VOB
VTS_01_2.VOB
VTS_01_3.VOB အဲသလိုမျိုးပါ။ ဒါပေမဲ့ ဘယ်ဖိုင်မှ 1GB ထက် ကျော်ခွင့်မရှိပါဘူး။ အဲဒီ VOB ဖိုင်တွေကို နာမည်ပေးပုံကလည်း Standard ရှိပါတယ်။
ဥပမာ VTS_01_1.VOB ဆိုပါတော့။
ဒါမျိုးမှတ်လိုက်ပါ VTS_xx_yy.VOB
xx က Title နံပါတ်ကို ပြောတာဖြစ်ပြီး yy က Section နံပါတ်ကို ပြောတာဖြစ်ပါတယ်။ ရှစ်ကားတွဲပါတဲ့ ခွေတွေဆိုရင် VTS_01_01.VOB ဟာ ပထမဆုံးကားရဲ့ Chapter 1 ကို ဆိုလိုတာပါ။
အပေါ်က ရေးခဲ့သမျှကို အတိုချုပ်မှတ်ချင်ရင်တော့ VOB ဟာ Video/Audio Data ဖိုင်တွေ ဖြစ်ပါတယ်။ IFO တွေဟာ Navigation လုပ်နိုင်ဖို့ ဖြစ်ပြီး BUP တွေကတော့ IFO တွေရဲ့ Backup တွေ ဖြစ်ပါတယ်။
တချို့ခွေတွေမှာ trailer တွေ Behind the Sence တွေအတွက် အပိုဖိုင်တွေ ပါပါသေးတယ်။ သေချာတာကတော့ Title တစ်ခု (ဇာတ်ကားတစ်ကား) အတွက် VOB ဖိုင် နှစ်ဖိုင်လိုပါတယ်။ တစ်ဖိုင်က Menu အတွက် ဖြစ်ပြီး တစ်ဖိုင်က အဲဒီဇာတ်ကားကြီးပါ။ ပြီးရင် IFO ဖိုင်တစ်ဖိုင်နဲ့ BUP ဖိုင်ကလည်း သေချာပေါက် လိုပါတယ်။
ရေးထားတာက အနည်းငယ်ရှုပ်ထွေးနေပါက DVD ဇာတ်ကားခွေလေး တစ်ခွေလောက်ကို Explorer ကနေ ဖွင့်လိုက်၊ စာလေးဖတ်လိုက် လုပ်ကြည့်လိုက်ပါ။


Disk Defragmenter ကို Command line နဲ့ အလုပ်လုပ်မယ်

Windows XP မှာ hard drive တွေကို defragment လုပ်တာ drive တခုပြီး တခု စောင့်ပြီး လုပ်နေရတော့ သိပ်ပျင်းဖို့ကောင်းပါတယ်။ အချိန်လည်း အင်မတန်ကုန်ပါတယ်။ Drive တွေ ၃ ခု ၄ ခု ရှိတဲ့ Windows တွေမှာဆို ပိုဆိုးတာပေါ့။ ခက်တာက Windows ရဲ့ utility မှာကို က drive အားလုံးကို တပြိုင်တည်းလုပ်နိုင်တဲ့ utility မှမရှိတာ။Disk Defragmenter ကို Command line နဲ့လည်း အလုပ်လုပ်ပါတယ်။
defrag [-a] [-f] [-v] [-?]
volume drive letter or mount point (d: or d:volmountpoint)
-a Analyze only
-f Force defragmentation even if free space is low
-v Verbose output
-? Display this help text




အဲဒီတော့ Windows မှာရှိတဲ့ Drive တွေအားလုံး ကို

တခုပြီးတခု defrag လုပ်လို့ရအောင် notepad ထဲမှာ
defrag c: -f
defrag d: -f
defrag f: -f
defrag g: -f
ရိုက်ထည့်ပြီး File name ကို defragall.bat လို့ ပေးပြီး Save လိုက်ပါ။ Defragment လုပ်ချင်ရင် defragall.bat ကို Double Click လုပ်လိုက်ယုံ နဲ့ Command Prompt ပွင့်လာပြီး Drive C: D: F: G: တို့ကို တခုပြီးတခု defrag လုပ်သွားမှာဖြစ်တယ်။ Dirve တွေ အားလုံး Defragment ပြီးသွားရင် Command Prompt window အလိုအလျောက် ပိတ်သွားပါလိမ့်မည်။
ဘာကြောင့် defrag လုပ်ရသလဲလို့ ဆိုရင် ကျနော်တို့ သုံးနေတဲ့ hard disk မှာရှိတဲ့ file များ သုံးစွဲတာ များလာရင် ဘဲဖြစ်ဖြစ်၊ file များ (သို့) program များကို ထုတ်လိုက် သွင်းလိုက် လုပ်သည်ဘဲဖြစ်ဖြစ်၊ file များ (သို့) program များဟာ သူရှိနေကျ နေရာတွေမှာ မရှိတော့ဘဲ ပြန့်ကျဲ နေပါတယ်။ အဲလို ပြန့်ကျဲနေတဲ့ file များ (သို့) program များကို သူ့နေရာတကျ ရောက်အောင် hard disk ကို defrag လုပ်ပေးခြင်း ဖြစ်ပါတယ်။


အဆင်ပြေကြပါစေဗျာ

ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ

ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် ပန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။

အရင်ဦးဆုံး မိမိရဲ့ စက်ကို
အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။

၁.. Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။
၂.. System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃.. Performance အောက်က Settings ကို ရွေးပါ။
၎.. Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅.. Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။

ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။
ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့
အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။
ဘာတွေလဲဆိုတော့

၁..gttask

၂. Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ

၃..Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။
တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင်
ပိတ်ထားနိုင်ပါတယ်။

အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁.. Start မှ Run ကို ရွေးပါ။
၂.. Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃.. System Configuration Utility Box ပေါ်လာပါက
Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။

လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။

အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

၁.. Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂.. Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃.. Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။

၁.Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။
၂.. အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။

နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings

နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁..My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂.. Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃.. Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁.. Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂.. Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။

ClearType ကိုသုံးပါ

ကျွန်တော်တို့တွေ အင်တာနက်သုံးကြသည်။ မြန်မာဘလော့ခ်တွေ ကြည့်ကြသည်။ အိမ်မှာသုံးတဲ့သူကတော့ ထားတော့။ ကဖီးမှာသုံးသူတွေတော့ သတိထားမိမလားမသိဘူး။ တချို့စက်ကိုင်ရင် မြန်မာစာလုံးလေးတွေကြည့်ရတာ ကြည်လင်ပြတ်သားနေပြီး တချို့စက်မှာကျတော့ စာလုံးတွေက ဖွာတာတာဖြစ်နေမျိုးကိုလေ။ အဲဒါဘာကြောင့်ပါလဲ။
ဟုတ်ကဲ့.အဲဒါဘာကြောင့်လဲဆိုတော့ Windows XP မှာပါတဲ့ ClearType ကို သုံးထားတဲ့စက်နဲ့ သုံးမထားတဲ့စက်..ကွာခြားချက်ကတော့ အဲဒါပါပဲ။ ကဲ..အဲဒီတော့ မော်နီတာပေါ်တဲ့ စာလုံးတွေ ပြတ်သားရှင်းလင်းစွာပေါ်အောင် ClearType ကို အသုံးချလိုက်ပါ။ (မှတ်ချက်- LCD မော်နီတာသုံးပါက မဖြစ်မနေ လုပ်ဆောင်သင့်ပါသည်။)
ClearType ကို Apply လုပ်နည်း
၁။ Desktop ပေါ်တွင် Right Click လုပ်ပြီး Properties ကိုရွေးပါ။
၂။ Apperance Tab ပေါ်တွင် တစ်ချက်နှိပ်ပါ။
၃။ ပြီးရင် Effect button ပေါ်တွင်နှိပ်ပါ။
၎။ Use the following method to smooth..... က အမှန်ခြစ်ပြုတ်နေရင် ထည့်လိုက်ပါ။
၅။ ပြီးရင် သူ့အောက်က drop-down list box မှာ ClearType ကိုရွေးလိုက်ပါ။
၆။ OK တွေ နှိပ်ပြီး ထွက်လိုက်ပါ။ မော်နီတာပေါ်က စာလုံးတွေ ချက်ချင်းပဲ ကြည်လင်ပြတ်သားသွားပါလိမ့်မယ်။






postby itmen




hard diskမှာfree space များများရရှိအောင်

ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့်
free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)

အဆင်ပြေကြပါစေဗျာ

NTLDR Missing Error ပြသနာဖြေရှင်းနည်း

NTLDR Missing Error ကို ကွန်ပျုတာ အသုံးပြုတဲ့သူ တော်တော်များများတွေ့ဖူးကြမှာပါ..
window မတက်တော့ပဲ အောက်က ပုံလေးလို ဖြစ်နေတာကို မြင်ဖူးကြမယ်ထင်ပါတယ်..










အဲလိုကြုံတွေ့ရင် ဖြေရှင်းတာကို မသိရင် window ပြန်တင်ကြတာများပါတယ်...
ဘာကြောင့်ဖြစ်တာလည်းဆိုတော့ window မှာရှိတဲ့ ntldr နဲ့ ntdetect.com ဆိုတဲ့
ဖိုင်နှစ်ဖိုင်ပျက်သွားလို့ window မတက်တော့တာပါ..အဲဒီဖိုင်နှစ်ဖိုင်ကို
window ခွေထဲကနေ
ပြန်ထည့်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ window ကိုပုံမှန်အတိုင်းပြန် အသုံးပြုနိုင်ပါပြီ...
ဘယ်လိုလုပ်ရမလည်းဆိုတာကို ကျနော် ဆွေးနွေးပေးပါ့မယ် ခင်ဗျာ...
အဲဒီ error တက်ပြီဆိုရင်
သူပြောထားတဲ့ အတိုင်း restart ချလိုက်ပါ..
ပြိးရင် window တင်ထားတုန်းက window CD ကိုထည့်ပြီး ၀င်းဒိုးတင်တဲ့ အတိုင်း repair ထိရောက်အောင်သွားပါ.
အဲဒီထဲကိုရောက်ရင် C partition ကိုသွားမှာဖြစ်လို့ C ကို 1 လို့သတ်မှတ်ပါတယ် 1 ကိုနှိပ်ပြိးဝင်လိုက်ပါ..
administrator password တောင်းပါလိမ့်မယ် မရှိရင်တော့ Enter ခေါက်ပြီးဝင်လိုက်ပါ...
CD (or) DVD Drive ရှိတဲ့နေရာကို သွားရမှာပါ ရောက်နေတာက C ထဲမှာပါ Drive ကို D ပေးထားရင် D ကိုသွားရမှာပါ.
တကယ်လို့ Drive ကို E ပေးထားရင်တော့ E ကိုသွားရမှာပါ...window ခွေထဲမှာရှိတဲ့
ntldr နဲ့ ntdetect.com ဖိုင်နှစ်ဖိုင်ကို C ထဲပြန်ထည့်လိုက်ရင် အဆင်ပြေသွားပါပြီ...
အောက်ကပုံလေးကို ကြည့်လိုက်ပါ c:\>dir D လို့ရေးလိုက်ရင် window ခွေထဲမှာရှိတဲ့ ဖိုင်တွေကျလာပါလိမ့်မယ်.
အဲဒီထဲက i386 ထဲကနေယူရမှာပါ ပထမ ntldr ကိုC ထဲကိုထည့်ရမယ့် command က copy D:\i386\ntldr C:\ပါ
နောက်ထပ် ntdetect.com ကိုထည့်ရမယ့် command ကတော့ copy D:\i386\ntdetect.com C:\ပါ..
အခုကျနော်ဆွေးနွေးတဲ့အထဲက အဆင်မပြေတာရှိရင်လည်း ပြန်ပြောပါခင်ဗျာ မရှင်းတာရှိရင်လည်း မေးနိုင်ပါတယ်..အဆင်ပြေကြပါစေဗျာ..

Sunday, 15 March 2009

Wireless Connection ကို ခိုးယူသုံးစွဲခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ။

1. Start ကိုနှိပ် Run ကိုရွေးပါ။
2. cmd ရိုက်ပါ။( Open Command Prompt Windows)
3. netstat -a ရိုက် Enter ခေါက်ပါ။
------------------------------------------------------------------------------------------------
ရှင်းလင်းချက် ၊

netstat - လက်ရှိအသုံးပြုနေသော TCP/IP Connections နှင့် Protocol အမျိုးအစားများကို ဖော်ပြပေးပါသည်။

-a switch သည် အားလုံးသောဆက်သွယ်မှုများနှင့် မည်သည့် port မှတစ်ဆင့် ချိတ်ဆက်မှုအသုံးပြုမှုလုပ် ဆောင်နေသည်ကိုဖော်ပြပေးသည်။

netstat command ကိုပိုမိုလေ့လာလိုပါက Command Box တွင် netstat /? ရိုက်Enter ခေါက်ပါ။
လက်ရှိ အသုံးပြုနေသော Protocol အမျိုးအစား, Computer အမည်နှင့် ချိတ်ဆက်မှုများကို ဖော်ပြပေးပါသည်။တကယ်လို့များ ချိတ်ဆက်မှုကို ဖော်ပြသော ကော်လံတွင် သင်မသိသော ကွန်ပျုတာ အမည်တစ်ခုကိုတွေ့ရှိပါက သင် ၏ wireless connection ကို တစ်ခြားလူတစ်ယောက်မှ ၀င်ရောက်သုံးစွဲနေ သည်ကို သိရှိနိုင်ပါသည်။
------------------------------------------------------------------------------------------------
မိမိကွန်ပျုတာအမည်ကို သိရှိလိုပါက Windows Key ကိုဖိထားပြီး Pause Key နှင့်တွဲနှိပ်ပါ။ Computer Tab ကိုရွေးပါ။ Full Computer Name တွင်ကြည့်ပါ။








ကိုကျော်စိုးမှ



Thursday, 12 March 2009

File and File Extension တွေအကြောင်းသိကောင်းစရာ

ကွန်ပြူတာသုံးစွဲပြီး စာတစ်ကြောင်း၊ ပုံတစ်ပုံ၊ စာရင်းဇယား တစ်ခုခုကို လုပ်ကိုင် ဆောင်ရွက်ပြီးလို့ ကွန်ပြူတာမှာ သိမ်းလိုက်ပြီဆိုရင် ကွန်ပြူတာရဲ့ hard drive ထဲမှာ ဖိုင်တစ်ခု အနေနဲ့ သိမ်းပေးထားပါလိမ့်မယ်။ ကိုယ်ဖန်တီးရေးသားထားတဲ့ ဖိုင်ရဲ့အမည်ကို ကိုယ်ဖာသာ စိတ်ကြိုက်ပေးခွင့်ရပေမယ့် file အမျိုးအစားသတ်မှတ်ပေးထားတဲ့ နောက်က extension ကိုတော့ ကိုယ်ပေးချင်တိုင်း ပေးလို့မရဘဲ သူ့ဘာသာသူ သတ်မှတ်ပေးထားလေ့ရှိပါတယ်။ ဥပမာပြောရရင် Microsoft ရဲ့ Woeds Program ထဲမှာ အစီရင်ခံစာတစ်ခုကို ရိုက်နှိပ်သိမ်းဆည်းမယ်ဆိုရင် xxxx.doc လို့ သိမ်းထားတာတွေ့ရပါလိမ့်မယ်။ အဲဒါကို Report လို့ ဖိုင်အမည်ပေးခဲ့ရင် report.doc., ဒီဇင်ဘာလ အစီရင်ခံစာဖြစ်လို့
December report လို့ပေးခဲ့ရင် december report.doc လို့တွေ့ရပါမယ်။ အဲဒီဖိုင်ကိုပဲ Pagemaker ထဲမှာ ရိုက်နှိပ်ဖန်တီးထားခဲ့ရင်တော့ December report.pmd ဆိုပြီး သိမ်းထားပေးပါလိမ့်မယ်။ အရင်က ဖိုင်နာမည်ပေးရာမှာ အက္ခရာ (၈)လုံးထက်ပိုပြီး မပေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် 8.3 format ပုံစံအတိုင်း လိုက်နာထည့်သွင်းပေး ခဲ့ရပါတယ်။ Windows 95.05 ထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ longfile name ဖိုင်နာမည် တွေကို အရှည်ပေးနိုင်တဲ့ long file name ပုံစံကြောင့် ဖိုင်နာမည်တွေကို စိတ်ကြိုက်သတ်မှတ်ပေး ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဖိုင်အမျိုးအစား သတ်မှတ်တဲ့ ပုံစံကတော့ မပြောင်းလဲပဲ .3 ပုံစံအတိုင်း ရှိနေပါတယ်။ တချို့ဖိုင် extension တွေကတော့ အက္ခရာ (၄)လုံးနဲ့ သတ်မှတ်ထားပါတယ်။

Folder ဆိုတာကတော့ ဖိုင်တွေကို စုစည်းပေးထားတဲ့ အံဆွဲနဲ့တူပါတယ်။ ဥပမာပြောရရင် Dec report, Jan report, Feb report စတာတွေကို monthly report ဆိုတဲ့ folder ထဲမှာ သိမ်းထားခဲ့ရင် ရှာရပိုလွယ်ကူတဲ့ သဘောဖြစ်ပါတယ်။ Folder တွေကိုတော့ စိတ်ကြိုက်နာမည်ပေးနိုင်သလို၊ အမျိုးအစားမတူတဲ့ ဖိုင်တွေကိုလည်း တွဲဖက်သိမ်းဆည်းထား နိုင်ပါတယ်

အခုဖိုင် extension တွေထဲက အသုံးများတဲ့ extensions တချို့ကိုဖော်ပြပေး လိုက်ပါတယ်။

.all, .aif, .aiff
အဲဒီ extension တွေအားလုံးဟာ အသံဖိုင်တွေဖြစ်ပြီး အသုံးများတဲ့ audio ဒါမှမဟုတ် media player တွေဖြစ်တဲ့ Real Audio တို့လို windows media player တို့လို Program တွေကနေ ဖွင့်နားထောင်နိုင်စေပါသည်။

.avi
Windows ရဲ့ video file extension ဖြစ်ပါတယ်။ အဲဒီဖိုင်တွေဟာ ဖိုင်ပမဏကြီးမားပြီး Download အပြည့်အ၀ လုပ်ဆောင်ပြီးစီးတဲ့ အချိန်မှသာဖွင့်နားထောင် ကြည့်ရှုနိုင်ပါတယ်။ Download ရင်း တန်းလန်း နားထောင်ကြည့်ရှုလို့မရပါဘူး။

.exe
Windows ဒါမှမဟုတ် Dos program မှာ သူ့ဖာသာသူ သက်ဝင်လုပ်ဆောင်နိုင်စေတဲ့ ဖိုင်တွေ ဖြစ်ပါတယ်။

.gif, .jpg, .png
အဲဒီ extension သုံးထားတဲ့ ဖိုင်တွေအားလုံးဟာ bitmap graphic ပုံရိပ်တွေဖြစ်ပြီး graphic program တွေ တော်တော်များများနဲ့ browser မှာဖွင့်ကြည့်နိုင်စေပါသည်။

.html, .htm
HTML အသုံးပြုရေးသားထားတဲ့ web document တွေဖြစ်ပြီး browser တွေမှာ ဖွင့်ကြည့်နိုင်ပါသည်။

.hlp
Windows help ဖိုင်တွေအတွက် သုံးစွဲထားတဲ့ extension ဖြစ်ပါတယ်။

.mpeg, .mpg, .mpe, .miv
MPEG ရဲ့ Audio ဖိုင်တွေဖြစ်ပြီး mp3player တွေနဲ့ MP3 player program တွေဖြစ်တဲ့ Win Amp or Sonique Program တွေ သုံးစွဲဖွင့်နားထောင်နိုင်ပါတယ်။

.mp4
Player အသေးစားလေးတွေမှာ ဖွင့်ကြည့်နိုင်တဲ့ Video file format တစ်ခုဖြစ်ပြီး MP4 player အသေးစားလေးတွေနဲ့ကွန်ပြူတာမှာ MP4 player ဖွင့်နိုင်တဲ့ Program တစ်ခုခုသုံးဖွင့် ကြည့်နိုင်ပါတယ်။ ဖိုင်ပမဏသေးအောင်လုပ်ထားတဲ့အတွက် အရည်အသွေး နိမ့်နေလေ့ရှိပါတယ်။

.ps
Postcript document တွေလို ဖော်ပြထားတာဖြစ်ပါတယ်။ စာစီစာရိုက် Program တွေဖြစ်တဲ့ PagerMaker and Quark Express Program တွေမှာ ဖွင့်ကြည့်နိုင်ပါတယ်။

.wav
Windows ရဲ့ အသံဖိုင်တွေဖြစ်ပြီး Windows Media Player နဲ့အခြား media player တွေမှာ ဖွင့်နားထောင်နိုင်ပါတယ်။

File extenstion တွေအများကြီးရှိပါသေးတယ်။ အခုဖော်ပြထားတာတွေကတော့ အသုံးများတဲ့file extension တွေဖြစ်ပါတယ်။ နောက်ထပ်အများကြီး ကျန်ပါသေးတယ်ခင်ဗျာ။
မသိသေးတဲ့လူတွေလည်း ဗဟုသုတရအောင်၊ သိပြီးသားလူတွေလည်းနောက်တစ်ခေါက်ပြန်မှတ်မိအောင် ဒီPost လေးကိုတင်လိုက်ရတာပါခင်ဗျာ။
အဆင်ပြေကြပါစေ


Microsoft word မှာ font မရှိလို့ ဆိုတဲ့ပြဿနာ မဖြစ်ရအောင်...

ကျွန်တော်တို့တတွေ စာတွေရိုက်ပြီး စက်တစ်လုံးကနေ တစ်ခြားစက်တစ်လုံးကို ကူးပြောင်းတဲ့အခါမှာ font မရှိတဲ့ ပြဿနာက အမြဲကြုံရပါတယ်..
အဲဒီလိုမဖြစ်ရအောင်....ဒီလိုလုပ်ကြည့်ပါ။
Microsoft word (2003) ဖိုင်ကိုဖွင့် Save as လုပ်။ Save as Box ကျလာရင် အဲဒီ box လေးရဲ့ ညာဘက် Title ဘားအောက်မှာ Tools ဘေးကမျှားလေးကိုဖွင့် Save Option ကို click လုပ် ။Box တစ်ခုထပ်ကျလာရင် Embed True Type Fonts ဆိုတဲ့နေရာမှာကော၊ Embed characters in use only ဆိုတဲ့နေရာမှာကော check box လေးတွေကို အမှန်ခြစ်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ပြီးရင်တော့ ကြိုက်တဲ့နေရာမှာသိမ်း။ ဒါဆိုရင်တော့ ဒီမိုက်ကရိုဆော့ဝတ် ဖိုင်လေးကို ဖောင့်မရှိလည်း ဖွင့်ဖတ်လို့ ရသွားပါပြီ။
အဆင်ပြေကြပါစေ....



System Restore ရဲ့အကာအကွယ်ပေးမှုကို ပြည့်စုံအောင်

System Restore ကိုဘယ်လိုပြင်ဆင်ရမလဲ။ Restore point အဟောင်းတွေဟာ ရုတ်တရက်ပျောက်ဆုံး သွားပြီး Windows က restore point အသစ်တစ်ခုဖန်တီးမပေးနိုင်ဖြစ်နေတတ်ပါသည်။

Windows XP နဲ့ Vista တို့မှာ System Restore ဟာ Registry နဲ့ အရေးကြီး system ဖိုင်တွေကို မကြာခဏ အလိုအလျောက် backup လုပ်ပေးနေပါတယ်။ ဒါပေမဲ့ အမျိုးမျိုးသော အခြေအနေတွေကြောင့် System store ဟာ backup (restore point) တွေဖန်တီးပေးခြင်းကနေ တားဆီးနေခြင်းခံနေရတတ်ပါတယ်။

Drive နေရာနည်းခြင်း

Restore point တစ်ခုဖန်တီးဖို့အတွက် system drive၊ ဒါမှမဟုတ် partition (များသောအားဖြင့် C:drive)မှာ နေရာလွတ် အနည်းဆုံး 200MB လောက်ရှိနေရပါမယ်။ အဲဒီနေရာလွတ်မရနိုင်တဲ့အခါ ပီစီဟာ restore point တွေဖန်တီးခြင်းက ရပ်တန့်သွားပြီး ရှိပြီးသား point တွေကို delete

လုပ်သွားတတ်ပါတယ်။

Task Scheduler မရှိခြင်း

System Restore ဟာနေ့စဉ်နေ့တိုင်း restore point တွေအလိုအလျောက် ဖန်တီးပေးနိုင်ဖို့အတွက် Windows ရဲ့ Task Scheduler ကိုအသုံးပြုပါတယ်။ Task Scheduler active ဖြစ်နေရဲ့လားဆိုတာ သေချာအောင် Start > Run (Vista မှာ Start) ရွေးချယ်ပြီး services.msc လို့ရိုက်သွင်းကာ ခေါက်လိုက်ပါ။ Task Scheduler ရှိရာနေရာကို scroll လုပ်သွားပြီး right ကလစ်လုပ်ကာ Properties ရွေးချယ်ပါ။ တကယ်လို့ “Service status” ကို “Started” မှာ set လုပ်ပေးမထားဘူးဆိုရင် Start button ကိုကလစ်လုပ်ပေးလိုက်ပါ။ OK ကိုကလစ်မလုပ်မီမှာ “Startup type” ဟာ “Automatic” မှာရှိနေရဲ့လားဆိုတာ သေချာစွာစစ်ဆေးကြည့်ရှုပါ။

OS အလုပ်များနေခြင်း

System Restore ဟာပီစီဖွင့်ထားပြီး အားလပ် (idle) နေမှသာ restore point တွေကို အလိုအလျောက်ဖန်တီးပေး ပါမယ်။ တကယ်လို့ ပီစီကိုအမြဲတမ်းပိတ်ထားမယ်၊ hibernate ဖြစ်နေမယ်၊ ဒါမှမဟုတ် run လုပ်နေမယ်ဆိုရင် အလိုအလျောက် restore point တွေတစ်ခုမှ ရရှိမှာမဟုတ်ပါဘူး။
System Restore ပုံမှန်အလုပ်လုပ်နေတဲ့အခါမျိုးမှာတောင် restore point တွေဟာ Complete backup တွေမဟုတ်ပါဘူး။ Restore point တစ်ခုချင်းစီဟာ သူရှေ့က restore point နောက်ပိုင်းအပြောင်းအလဲတွေကိုသာ သိမ်းထားပြီး System Restore ဟာ hard drive ပေါ်က restore point အားလုံးကို အသုံးပြုဖို့လိုအပ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် restore point တစ်ခုပျက်စီးသွားတယ်ဆိုရင် point အားလုံးအသုံးမ၀င်တော့ပါဘူး။
တကယ်လို့ Restore point တွေဟာ အလုပ်လုပ်မပေးနိုင်တော့ဘူးဆိုရင် အားလုံးကို remove လုပ်ပြီးအစကနေ ပြန်စရပါမယ်။ ဒီလိုလုပ်ဖို့အတွက် System restore ကို Off လုပ်လိုက်ပြီးပြန် on လုပ်ပေးရပါမယ်။ Windows XP မှာ Start. Run ရွေးချယ်ပြီး sysdm.cpl ရိုက်သွင်းကာ ခေါက်ပါ။ System Properties dialog box ထဲက System Restore tab ကိုကလစ်လုပ်ပါ။ Turn off System Restore ကို check လုပ်ပြီး Apply ကိုကလစ်လုပ်ပါ။ ပြီးရင် Turnoff System Restore ကို check လုပ်ပေးပြီး OK ကိုကလစ်လုပ်လိုက်ပါ။ Vista မှာ Start ကို ကလစ်လုပ်ပြီး sysdm.cpl ရိုက်သွင်းကာ ခေါက်လိုက်ပါ။ (ဒါမှမဟုတ် Program စာရင်းထဲကနေ System Restore ကိုရွေးချယ်ပါ။) System Protection tab ကိုကလစ်လုပ် (ဒါမှမဟုတ် open System Protection ကိုရွေး) ပြီး Local Disk (C:) ကို Un-check လုပ်ပေးပါ။ (အဲဒီ option ရဲ့ နာမည်အတိအကျဟာ အမျိုးမျိုးဖြစ်နိုင်ပေမယ့် အဆုံးပိုင်းမှာတော့ “(System)” ဆိုတာ ပါရှိနေနိုင်ပါတယ်။ အဲဒီ Option ပေါ်ထွက်လာဖို့စက္ကန့်အနည်းငယ် စောင့်ဆိုင်းဖို့ လိုပါမယ်။) System Protection pop-up ထဲက Turn System Restore Off ကိုရွေးချယ်ပြီး Apply ကိုကလစ်ပါ။ Local Disk (C:) ကို check ပြန်လုပ်ပြီး OK ကိုကလစ်လုပ်ပါ။
အဆင်ပြေကြပါစေဗျာ

Wednesday, 11 March 2009

ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို့ မရအောင်လုပ်မယ်

ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။
ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့
Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။
ကိုက ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။



Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုး ကီးဘုတ်ကနေသုံးလို. ရတဲ့နည်းပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့
ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး
ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ
နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊


ကွန်ပျုတာကို ၃ စက္ကန့် နဲ့ ပိတ်ကြည့်ရအောင်

ကွန်ပျုတာကို ၃ စက္ကန့် နဲ့ ပိတ်ကြည့်ရအောင်ခင်ဗျာ။
ရည်းစားက အခုချက်ခြင်းလာဆို
့လို့ အမြန်သွားချင်သူ
တွေ။ အိမ်က COMPUTER မသုံးနဲ့ လို့ ပြောလည်း သုံး
တယ် လာကြည့်တော့ COMPUTER ကိုအမြန်ပိတ်ပြီး
အိပ်ချင်ယောင်ဆောင်ချင်တဲ့သူတွေ အတွက်တော့အဆင်
ပြေမယ်
ထင်လို့ ပါခင်ဗျာ လွယ်ကူပါတယ်ခင်ဗျာ ။
သိပြီးခဲ့ရင်လည်း ကျွန်တော်အခုလို ရေးလိုက်တဲ့အတွက်
တောင်းပန်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Ctrl+Alt +Del ကိုနှိပ်လိုက်ပါ၊Task Manager
ပေါ်လာပါလိမ့်မယ်၊ Task Manager မှာ " SHUT DOWN "
ဆိုတဲ့ Option လေးရှိပါတယ် ၊Ctrlကိုနှိပ်ထားပြီး SHUT DOWN
ကို Click ပေးလိုက်ပါခင်ဗျာ၊ Turn Off ဆိုတာတွေ့ ရပါလိမ့်မယ်
Click ပေးလိုက်ပါ ၊Ctrl ကိုတော့ SHUT DOWN ဖြစ်သွားတဲ့ အထိ
နှိပ်ပေးထားရပါမယ်ခင်ဗျာ ။





ကိုမိုးပြေးမှ

Notepad မှာ စာတွေရေးပြီးရင်အလိုလျှောက်အချိန်ပေါ်စေချင်ရင်

Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း

ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ

ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။

အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG

ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်

ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5

လေးကို နှိပ်လိုက်ပါ။
အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်

ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်

ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး

မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update

လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။






ကိုမိုးပြေးမှ




Monday, 2 March 2009

ကွန်ပျူတာအဆင့်မြင့်မြင့်ကိုင်ချင်သူတွေအတွက်

ဟုတ်ကျွှန်တော့ဆီမှာကြုံတွေ့ နေတာလေးတွေကိုပြောပြမလို့ ပါ
(ဘယ်သူကိုမှမရည်ရွယ်ပါဘူး)

ကွန်ပျူတာစတင်ဝယ်မဲ့သူတွေရော၊ရိုးရိုးအသုံးချနေသူတွေအတွက်ပါပညာရှင်တွေ
လုပ်ငန်းသမားတွေမပါပါဘူးနော်

ကွန်ပျူတာကိုယနေ့ အသုံးပြုသူတွေဟာကျွှန်တော်ဘယ်လိုမြင်နေလဲလို့ 

ဆိုတော့ကျွှန်တော်တို့ ဆိုင်မှာပါ

ကွန်ပျူတာဆိုတာအကောင်းဆုံးဆင်မှ၊အကောင်းဆုံးတွေတပ်မှ၊
Motherboard အကောင်းဆုံး၊

Hard disk ဂစ်များများ၊ CPU dual-core ဘဲပေးပါ ၊
Memory DDR2 / DDR3 ကောမထွက်သေးဘူးလား

ရှိရင်ပေးဦး မကောင်းဘူးလားကောင်းတာပေါ့အကုန်ကောင်းတယ်ဆိုင်ရှင်
လည်းပိုက်ဆံပိုရတယ်နောက်

ဝယ်တဲ့သူလည်းစိတ်ချမ်းသာတယ်မဟုတ်ဘူးလား၊ပြီးတော့ကောပြီးတော့
ကွန်ပျူတာကိုဘာအတွက်သုံးမှာလည်း

စာစီစာရိုက်လေ အင်တာနက်ကြည့်မလို့ 
ဗွီဒီယိုကြည့်မယ် ခလေးတွေဂိမ်းကစားမယ် ဟုတ် ကစားမယ့်ခလေးကို

ကြည့်တော့ ၁၂နှစ်လောက်ရှိမယ်ဟာ ကုန်တဲ့ပိုက်ဆံနဲ့ လုပ်မဲ့ 
အလုပ်ကမာစီဒီးကားကိုလိုင်းကားဆွဲစားနေသလိုဘဲ

ဗျ၊ကွန်ပျူတာဆိုတာနည်းပညာပစ္စည်းဗျမိတ်ဆွေတို့ ဒီနေ့ သုံး
နောက်နေ့ အသစ်ထွက်ပြီ သုံးနေရင်းကိုအလိုလိုမော်

ဒယ်အောက်လာတာငါ့ကွန်ပျူတာနောက်ဆုံးထုတ်ဆိုပြီးပြောကြည့်ပါလားဘယ်
နှစ်ရက်ရမလဲဆိုတာကျွှန်တော်ကတော့

အကြံပေးချင်တာရိုးရိုးအိမ်သုံးသမားတွေအနေနဲ့ ကတော်ရုံဆိုရပါပြီ။
ဥပမာပေါ့ CPU 2.4 pentium R

MEMORY 512 / Hardisk 80 Gb / VGA 64 Mb
လောက်ဆိုသုံးပါဗျာမိသားစုတစ်စုအတွက်လောက်ပါတယ်

ဈေးချင်းယှဉ်ကြည့် ဒီတစ်စုံလုံးကဟိုအလုံးရဲ့ CPU နဲ့ Hearddisk
ဈေးလောက်ဘဲကျမှာပါ ။ပိုတဲ့ငွေကိုတစ်ခြား

အရင်းအနှီးမှာထည့်သုံးဖို့ ပါ ။ကျွှန်တော်လည်းရူးဖူးတယ်နောက်
ကွန်ပျူတာဂျာနယ်မှာကြာနေပါပြီ ။ကျွှန်တော်ပြည်ပ

မထွက်ခင်ကပါရေးသူကဦမျိုးအိုင်တီအန်းတိတ်လားမသိဘူးသူ့ ဆောင်းပါး
ပါ နာမည်ကဟောင်းပေမဲ့ ကောင်းနေဆဲပါဆိုတာ

ဂျပန်နိုင်ငံကတပတ်ရစ်ကွန်ပျူတာတွေအကြောင်းပါ။တစ်ဦးကအသစ်ဝယ်တယ်၊
နောက်တစ်ဦးကဂျပန်ကျတစ်ပတ်ရစ်ဝယ်တယ်

နှစ်ယောက်စလုံးကစာစီစာရိုက်ဆိုင်ဖွင့်ထားတယ်။အသစ်သမားကပျက်တယ်ဂရန်တီနဲ့ 
မို့ ပြန်လဲတယ်(၃)လကြာတယ်စီးပွားရေး

တွေကသိကအောက်ဖြစ်တယ်၊ဂျပန်ကျသမားကပျက်တယ် အရင်းအနှီးနဲနဲ နဲ့ 
တစ်ရက်အတွင်းပြန်လုပ်နိုင်တယ်ပေါ့။

သေချာစဉ်းစားရင်ဟုတ်တယ်ဗျကျွှန်တော်တို့ ထိုင်းမှာတောင် ဂရန်တီမကုန်
ဘဲပျက်ရင်တောင်ရော့ယူမပေးဘူးဟိုကိုပို့ ဒီကိုပို့ 

အမြန်ဆုံး၁၄ရက်ကနေ၂၀ရက်ဘဲကွန်ပျူတာကိုဝါသနာအရဆိုရင်တော့အေးဆေးပေါ့
စီးပွားရေးလုပ်စားတဲ့သူကတော့

ပြသနာဖြစ်ပြီနောက်အချင်းချင်းမေးတယ်နင်ကွန်ပျူတာဆင်တာဘယ်လောက်ကျလဲ
၎သိန်း၊၃သိန်း၊အော်ကွန်ပျူတာတစ်လုံးကတော်တော်ဈေးကြီးတာဘဲနော်၊နောက်မှ
ဝယ်မယ်ကွာသွားပြီသူ့ မိသားစုတွေနည်းပညာနဲ့ ဝေးပြီပေါ့

ကျွှန်တော်ပြောချင်တာကကွန်ပျူတာဟာနည်းပညာပစ္စည်းပါ။ဒီလောက်ရှိမှဒီလိုသုံးလို
့ရမယ်ဆိုတာကိုမတွေးပါနဲ့ 

အရာရာမှာအသစ်ကကောင်းပါတယ်၊အသစ်မတတ်နိုင်တော့လည်းဂျပန်ကျတွေရှိပါတယ်
ကျွှန်တော်ကြော်ငြာတာမဟုတ်ဘူးနော်

ကျွှန်တော်တော့ရောက်နေတာ ၅ နှစ်ရှိပြီဆိုတော့မသိဘူးဂျာနယ်တွေမှာတော့
၁သိန်းခွဲကနေ၃သိန်းလောက်အထိရှိတယ်ဖတ်ရတယ်

pentium III မကောင်းဘူး Pentium 4 တောင် socket 775
မှအဲ့လိုမယူဆပါနဲ့ ကျွှန်တော်တို့ မြန်မာပြည်မှာတော့မသိဘူးဒီမှာဘန်ကောက်

မှာတောင်ထိုင်းလူမျိုးတွေဂျပန်ကျတွေသုံးနေကြပါတယ်မယုံရင်ဘန်ကောက်လေယာဉ်ကွင်းအဟောင်း
ဘေးမှာဂျပန်ကျကွန်ပျူတာတွေရောင်းတာ

အောင်ဆန်းကွင်းထက်ကြီးပါတယ်လာကြည့်လှည့်ပါ။ကွန်ပျူတာဆိုတာကဇိမ်ခံပစ္စည်းမဟုတ်ပါဘူး
နည်းပညာပစ္စည်းပါငွေနဲ့ ဝယ်ပြီးတော့နည်းပညာ

ကိုသင်ယူရမှာပါ။ဒါမှဟိုဟာမှဆိုရင်တော့ကျွှန်တော်တို့ အမျိုးတွေကျန်နေခဲ့လိမ့်မယ်နော်၊
ကျွှန်တော်အတွေ့ အကြုံတစ်ခုပါဒီကဘဏ်တစ်ခုပေါ့ဗျာ

နာမည်ကြီးပါဒီနိုင်ငံမှာတော့အကြီးဆုံးစာရင်းဝင်တယ်နာမည်တော့မပြောတော့ပါဘူး။မိန်းတန်းနန့် လုပ်ဖို့ လာခေါ်တယ်မကြာသေးပါဘူး

မှတ်မှတ်ရရ 12.11.2008 မှာပါသွားလုပ်ပေးတယ်နောက်ဂျပန်ကသူ့ ဌာနကဆော့ဝဲလ်ပြောင်းလို့ ဆော့ဝဲလ်အပ်ဒိတ်ပါလုပ်ပေးပါတဲ့

ကျွှန်တော်ထင်တာကဟာတကယ့်နာမည်ကြီးဘဏ်ပေါ့အကောင်းစားတွေဘဲတပ်ထားမှာပေါ့ဖြုတ်
ကြည့်လိုက်တယ်

SOCKET478 / CPU 1.8 / Harddisk 20Gb / Memory 256 ပြီးရောသူတို့ တွေ
အလုပ်လုပ်နေတာကမ္ဘာနဲ့ ချီပြီးလုပ်နေကြတာ

ကျွှန်တော်ကထိုင်းလိုနဲနဲပါးပါးရတော့စပ်စုတယ်ကျွှန်တော်တို့ မှာအသစ်တွေအများကြီးထွက်
နေတယ်အပ်ဒိတ်မလုပ်ဘူးလားပေါ့သူတို့ 

ကဘာပြောလည်းဆိုတော့ပိုထည့်လိုက်လို့ ကောတဲ့သူတို့ လုပ်ငန်းပိုက်ဆံပိုရနိုင်မလားတဲ့
ပေါ့ပြီးရောပေါ့ဗျာ


ကျွှန်တော်ပြောချင်တာကမိမိတို့ မိမိတို့ သူငယ်ချင်းတွေကိုပြောပေးကြဖို့ ပါကွန်ပျူတာဟာ
နည်းပညာပစ္စည်းဆိုတာရယ်နောက်ပိုက်ဆံ

ရှိမှအသုံးချလို့ ရမယ်ဆိုတာမဟုတ်ပါဘူးရှိတဲ့ငွေနဲ့ ရတဲ့ကွန်ပျူတာကိုဝယ်ပြီးလေ့လာပါ
ဆိုတာရယ်ပါ။ဒါပေမဲ့ခြွင်းချက်တော့ရှိပါတယ်

တကဲ့ဂရပ်ဖစ်အလုပ်တွေ၊ဘာတွေကတော့အဆင်မြင့်မြင့်တပ်ဆင်မှရမှာပါ။
အဆိုးဆုံးကတော့ဂိမ်မာတွေပေါ့ဗျာ

ဝင်းဒိုးတင်ရင်အနည်းဆုံးရှိရမယ့် System hardware လိုအပ်ချက်တွေကတော့
သိသလောက်ပြောပါ့မယ်


window xp cpu pentium 233 or 300 Mhz to upper / Memory
64Mb to upper / Harddisk 2Gb to upper

VGA 1Mb to upper အနဲဆုံးလိုအပ်ချက်တွေပါ

window vista cpu 2.8 pentium to upper/ memory 1Gb to
upper / Harddisk 40 Gb to upper

အနဲဆုံးလိုအပ်ချက်တွေပါ

မိမိ system မှာဒီလောက်ပါဖောင့်မန့် ရှိရင်တင်လို့ ရပါပြီမြန်မြန်သုံးချင်ရင်တော့
ပစ္စည်းထပ်ထည့်ပေါ့

ကျွှန်တော်ပညာရလိုက်တာတစ်ခုရှိပါသေးတယ်ဆရာတပ်ပေးလိုက်တဲ့ 300Gb ဟာ့ဒစ်ကပြည့်နေပြီတဲ့ထပ်တပ်ရဦးမယ်မလောက်ဘူးတဲ့

ယူလာခဲ့ဆိုပြီးစစ်ကြည့်တော့ဟုတ်တယ်ဖိုင်တွေအများကြီးဘဲပြည့်နေတယ်ဘာတွေ
လည်းဆိုတော့ရုပ်ရှင်တွေသီချင်းတွေဗျဟားဟားဟား။

မိတ်ဆွေတို့ လည်းအခွေတွေအကုန်လုံးဝယ်မကြည့်ဘဲဟာ့ဒစ်စ်ထဲမှာသိမ်းပြီးကြည့်မယ်ဆိုရင်တော့
မပြောတတ်တော့ဘူးဗျာ






Sunday, 1 March 2009

keylogger ကိုလှည့်စားကြည့်ရအောင်

ကျွန်တော်တို့ keylogger ကိုအလွယ်တကူ လှည့်စားကြည့်ကြရအောင်။ အရမ်းကြီးတော့ မခက်ပါဘူး။ keylogger ရဲ့အားနည်းချက်ကို အသုံးပြုရမှာပါ။ အဲဒီအတွက် mouse ပဲလိုအပ်ပါတယ်။

beautiful ကိုရိုက်မယ်ဆိုပါတော့ ပထမti ကိုရိုက်လိုက်ပါမယ်။ ပြီးရင် mouse ကိုအသုံးပြုပြီး cursor ကို t ရဲ့ရှေ့ကိုရွှေ့လိုက်ပါ။ ပြီးရင် be ကိုရိုက်လိုက်ပါမယ်။ ပြီးသွားရင် စောစောကလိုပဲ mouse ကိုအသုံးပြုပြီး cursor ကို i ရဲ့နောက်ကိုရွှေ့လိုက်ပါမယ်။ ပြီးရင် ful ကိုဆက်ရိုက်လိုက်ပါမယ်။ ပြီးသွားရင် cursor ကို t ရဲ့ရှေ့ကို ပြန်ရွှေ့လိုက်ပါ။ ကျန်နေသေးတဲ့ au ကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့ keylogger မှာ tibefulau ဆိုပြီးပေါ်နေမှာပါ။ သတိပြုရမှာက cursor ကိုရွှေ့ရာမှာ လုံးဝ(လုံးဝ) keyboard ပေါ်က arrow key တွေကို အသုံးမပြုမိပါစေနဲ့။ mouse ကိုအသုံးပြုပြီးပဲ ရွှေ့ဖို့လိုအပ်ပါတယ်။ လည်သလိုသာ လှည့်စားကြပေတော့။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


0 comments: