UltraSurf ဖြင့် ထိုးဖောက်ကျော်လွှားခြင်း
ဒါကတော့ ကျွန်တော်တို့ရဲ့ ရွှေမြန်မာများ အတွက်ပါ . အထူးသဖြင့် ပြောနေကျအတိုင်း မြန်မာပြည်ကသူတွေ အတွက်ပေါ့ . ဟိုဖက်ပိတ်လိုက် ၊ ဒီဖက်ပိတ်လိုက်၊ ပိတ်ပြီးတော့ ဆို့လိုက်၊ ဆို့ပြီးတော့ ပိတ်လိုက် ဆိုတဲ့သီချင်း လိုမျိုးဖြစ်နေပြီ ၊ ပိတ်ပြီးတော့ ထပ်ဆို့တော့ ဘယ်အပေါက်က အသက်ရှုမတုန်း၊ ကဲဒါတွေ ထားလိုက်ပါတော့ အခုကျွန်တော်ရေးမှာက ကိုကြည့်သင့်တဲ့ဆိုက်လေးတွေကို ခက်ခက်ခဲခဲကြည့်စရာ မလိုအောင်လို့ ကျွန်တော် UltraSurf နဲ့ ကျော်လွှားနည်းကို တင်ပေးလိုက်ပါတယ် . အဆင်ပြေနိုင်ကြပါစေ . တောင်းဆိုထားတာတော့ အတော်ကိုများပါပြီ . ရေးဖို့ ဒီဖက်ကို အလှည့်မရောက်တာလဲ ပါတယ် ..
- (၁) http://www.ultrareach.com/download_en.htm ကို သွားပါ ..
- (၂) Download release version UltraSurf 9.5(.exe) ဆိုတာလေးကို နှိပ်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ultrasurf ကို Download ချလိုက်ပါ။
- (၃) ဆိုက်ကိုဝင်မရသူများ အောက်မှာ Download လုပ်လိုက်ပါ .
- (၄) Double click နှိပ်ပြီး Run လိုက်ပါ .
- (၅) Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ .
- (၆) ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ .
- (၇) အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ၃ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ .
- (၈) ပြီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ .
- (၉) ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ .
- (၁၀) ပြီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ .
- (11) Gtalk မရသူများ Gtalk ရဲ့ connetction setting မှာ Proxy = 127.0.0.1 , port = 9666 ဆိုပြီး ဖြည့်ပါ။ ဖြည့်ပြီးတာနဲ့ အသုံးပြုလို့ရသွားပါပြီ .. proxy နဲ့ port တွေကိုတော့ သိအောင်လုပ်ထားပါ . မြန်မာပြည်ကလူအချင်းချင်း မေးမြန်းလို့ရပါတယ် . ကဲ အဆင်ပြေနိုင်ပါစေဗျာ ..
တစ်ခုအကြံပေးချင်ပါတယ် . Ultrasurf ကို သုံးမယ်ဆိုတိုင်း အသစ်ကို Download ချချပြီးမှ သုံးပါ . သူတို့က အမြဲတမ်း Update လုပ်နေတာဖြစ်တဲ့အတွက် version အသစ်ကို သုံးရင် ပိုပြီးအဆင်ပြေနိုင်ပါတယ် . ဆိုက်က သေးသေးလေးပါ . မပင်ပန်းပါဘူး Download လုပ်ရတာ .
0 comments:
Post a Comment