ကျိန်းရိပ်မြေနှင့် လေးမြို့မြစ်ကို လွမ်းနီသူမောင်မြင့်စိုး ခံစားချက်ချင်းတူကေ ကျနော်နှင့်အတူလွမ်းကပ်ပါမယ်

Thursday, March 11, 2010

Virus ကြောင့် ရှိနေတဲ့ File တွေက Hidden File တွေဖြစ်နေရင် ဘယ်လိုလုပ်ပြီး ပြန်ယူမလဲ

Virus ကြောင့် ရှိနေတဲ့ File တွေက Hidden File တွေဖြစ်နေရင် ဘယ်လိုလုပ်ပြီး ပြန်ယူမလဲ

ဒါကတော့ အခုတစ်လော ဖြစ်ပျက်နေကျ အလေ့အထ တစ်ခုလိုတောင်ဖြစ်နေပါပြီ . ကျွန်တော်ဒီနေ့ ကျွန်တော်တို့ဆီက ထိုင်းသူတစ်ယောက် ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးပါ . သူက ဓါတ်ပုံတွေရိုက်ထားတယ် . ဒါပေမယ့် လုံးဝကို မမြင်ရတာပါ . ဖိုင်တွေက hidden file တွေဖြစ်နေတယ် . အဲ့ဒါနဲ့ kaspersky 2009 နဲ့သတ်လိုက်တယ် . သတ်လိုက်နိုင်ပါတယ် . မိတာက .exe virus ပါ . exe မှာတောင် မနည်းပဲ ဗိုင်းရပ်စ် နာမည်တွေက . အခုမိတဲ့ အကောင်ကတော့ နဲနဲဦးနှောက်စားခိုင်းတယ် . နည်းသိရင်တော့ လွယ်ပါတယ် . သူက ဖိုင်တွေကို hidden file အဖြစ် ဖျောက်ထားလိုက်တယ် . ဒါကို ကျွန်တော်တို့က ထုံးစံအတိုင်း Tools >> Folder Options >> view >> Show hidden file and folder ဆိုတာကို ကလစ်ပြီး သူ hidden လုပ်ထားတာကို ပြန်ပြီးတော့ ဖော်မယ်ဆိုတာကိုလဲ သိနေတယ်ဗျာ . အဲ့ဒီ့တော့ ကျွန်တော်တို့က Show hidden file and folder ကို ရွေးပြီး ok နှိပ်လိုက် . ကျန်တဲ့အချိန်မှာဆိုရင် ဖိုင်တွေက ၀ါးတားတားလေးပေါ်နေတယ် . အခုအချိန်မှာတော့ ကိုက Show hidden file and folder ကိုရွေးလိုက် . Do not Show hidden file and folder ကို auto choice ပြန်ပြန်ဖြစ်သွားတယ် . အဲ့ဒီ့ အခက်အခဲကို ကျွန်တော်ရေးထားပြီးသား ဖြစ်တဲ့ ဒီပို့စ် က software ကို Download လုပ်ပြီး Hidden Files ဖိုင်တွေကို ပြန်ယူလိုက်ပါ . copy ကူးပြီး တစ်နေရာမှာ save ထားလိုက် . ပြီးတာနဲ့ အဲ့ဒီ့ flash drive ကို format ပြန်ချပစ်လိုက် . အဆင်ပြေသွားပါလိမ့်မယ် .အောက်မှာ ပုံတွေနဲ့ပြထားပါတယ် . .



ကျေးဇူးတင်ပါတယ် ...

0 comments: